ထိုက်သူသူ့ရှေ့ကနေ တောင်းပန်စကားအထပ်ထပ်ပြောနေတဲ့ သားအဖကိုကြည့်ကာ ဘာပြန်ပြောရမှန်းပင်မသိတော့။ ကိုယ့်အဖေအရွယ်လောက်လူကြီးက တောင်းပန်နေတော့ ကိုယ်ကပြန်အားနာလာရသည်။ သန့်ငယ်ဘာတွေပြောခဲ့လို့ အိမ်ထိလာတောင်းပန်လာလဲ မသိပေမဲ့ စကားထဲတွင် မင်းညီလေးကိုလည်း တရားမစွဲဖို့နားချပေးပါအုံးဟု ပြောသွားတာကိုတော့ ရှင်းရှင်းလင်းလင်းကြားလိုက်၏။
အမှန်ဆို ထိုက်သူက အဲ့လောက်သည်းခံတတ်တဲ့သူ
မဟုတ်၊ သူ့စိတ်နဲ့သာဆို အစောကတည်းက ဟိုကောင်နဲ့အခြေအတင်ဖြစ်ပြီးပြီဆိုပေမဲ့ ရတဲ့ဒဏ်ရာတွေကများပြီး နာနေတဲ့အရှိန်ကြောင့်လွှတ်ထားလိုက်တာပင်။ ဒါကို သန့်ငယ်ကလေးက မကျေမနပ်စွာ တရားစွဲဖို့ထိသွားပြောလိုက်သည်ထင်။ မပြန်ခင် မနက်ဖြန်ဆေးရုံထိ လိုက်ပြပေးမဲ့အကြောင်းလည်းပြောသွားသေးသည်။ ဒါလည်း သန့်ငယ်လက်ချက်ပဲနေမှာ....။"ငသန့် မင်းဘာတွေသွားပြောခဲ့တာတုန်း"
ကိုကြီးထိုက်သူကိုတောင်းပန်စကားပြောကာ ပြန်သွားတဲ့သူတွေကြည့်ကာ ကိုမင်းမေးလိုက်မိသည်။
"ဘာမပြောဘူး သူတို့ကို တရားစွဲပြီး၊ ထောင်ချမှာလို့ပဲပြောခဲ့တာ"
"ဘာ!"
ဟ! ဒီကောင်မလွယ်ကြောပဲ...
"မင်း လူကသာ လက်တောက်လောက် မင်းကိုကြီးထိရင်တော့တကယ်မလွယ်တာပဲ... ငါတောင်ကြောက်လာပြီ"
ကြက်သီးထသလိုလုပ်ပြနေသူအားကြည့်၍
"ကိုကြီးဒဏ်ရာတွေမင်းမမြင်ဘူးလား ၊ အမှန်ဆို ကြေအေးတောင်မပေးချင်ဘူး ဟိုဦးလေးကြီးသနားလို့သာ...ဖြစ်နိုင်ရင် ကိုကြီးရတဲ့ဒဏ်ရာတွေအတိုင်းရအောင် ပြန်လုပ်ချင်တာ"
"မင်းကလည်းစိတ်ထိန်းပါကွာ၊ သူ့ကြောင့်ဖြစ်တယ်ဆိုပေမဲ့လည်း တမင်တကာလုပ်တာမှမဟုတ်တာ ဖြစ်ကံပါလို့ဖြစ်တာ ကိုကြီးထိုက်သူကိုသာဂရုစိုက်လိုက်၊ ညရေးညတာလိုရင် ငါတို့အိမ်လာနှိုးလှည့်ကြားလား"
"အေးပါ ကျေးဇူးပဲ ၊ မနက်ဖြန်ကျောင်းကိုခွင့်တိုင်ပေးလိုက်အုံး...နောက်ရက်ကတော့စနေ၊တနင်္ဂနွေကျလို့ တော်သေးတာပေါ့... ဒါပေမဲ့ ငါ ကိုကြီးမသက်သာမချင်းကျောင်းပြန်မတက်ဘူး"

YOU ARE READING
??????????????????????????? (Complete)
Romance??????? ??? ?????????? ??? 528???? 1500??????????13?????????? age gap BL????? ?? ??????fic?????????