抖阴社区

Chapter 84

382 44 0
                                        

🦊Arc 6 Data In love
Chapter 84
6.9 - သူက နံရံမှာတောင် ချောင်ပိတ်ခံထားရနေပြီလား... မြန်လိုက်တာ...

အမှောင်ထုသည်ကား ဇီအချိန်အတွင်း နစ်မြုပ်နေပြီး ဖြစ်စဉ်အတွင်း ဖယောင်းတိုင်မီးပွင့်လေး တစ်စပင်မရှိချေ။ တစ်ယောက်က အိတ်ထဲမှ ဖယောင်းတိုင်ကိုထုတ်ပြီးမီးညှိလိုက်သည်။ သို့ရာတွင် ဖယောင်းတိုင်မီးအလင်းက လူသုံးယောက်တည်းကိုသာမြင်ရနိုင်မှန်း သိရှိလိုက်ကြသည်။ လူနှစ်ယောက်က ဖယောင်းတိုင်တစ်တိုင်တည်းဖြင့်သွားလျှင်ပင် အလင်းရနိုင်သည့်ဧရိယာက မကျယ်လာနိုင်ပေ။

ရွှယ်လင်က အဆိုပါဇာတ်ကြောင်းကို အစောပိုင်းတည်းမှသိရှိထားလေသည်။ သူအိတ်ကိုဖွင့်နေရင်း ပြောလိုက်၏။
"ငါရယ်...မိုင်ထောင်ချီမနားတမ်းရယ် စူးရွှမ့်ယန်ရယ် ရှေ့ကသွားမယ်...မင်းတို့တွေက နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ခွဲပြီး ငါတို့အနောက်က လိုက်ခဲ့ကြ... မှတ်ထား လူကွဲပြီးမသေကြစေနဲ့.."

"ကောင်းပြီလေ..."
လူတိုင်း တုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိုက်ကြသည်။ ၎င်းကြောင့် ဝေခွဲမရဖြစ်နေသေးသည့် "တံတားပေါ်တွင်မိုးသံနားဆင်သူ" က ပြောစရာစကားမရှိတော့၍ တစ်ခဏမျှဒေါသထွက်သွားခဲ့သည်။ သူသည်ကား လက်ခံသည့်အနေဖြင့် အသံသာပေးနိုင်တော့၏။

မူလဇာတ်ကြောင်းအရ သူတို့က နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ခွဲ သွားရလိမ့်မည်။ သို့သော် "တံတားပေါ်တွင်မိုးသံနားဆင်သူ"ကို အဖွဲ့ထဲတွင်ပထမဆုံးတွေ့လိုက်ရသည့်အချိန်က သူက အခြားသူများနှင့် မရင်းနှီးဘဲ မိုင်ထောင်ချီမနားတမ်းဖြင့်သာ အခေါ်အပြောပြုနေခဲ့သည်။ နောက်ပိုင်းတွင် မမျှော်လင့်ဘဲ လူကွဲသွားကြသည့်အခါ ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ယောက်က အတူတကွဖြစ်သွားကြလိမ့်မည်။

ယနေ့တွင် ရွှယ်လင်က အခွင့်အရေးကိုခိုးယူကာ စကားစပြောခဲ့ပြီး မူလဇာတ်ကြောင်းကို လုံးဝဖျက်ဆီးပစ်လိုက်သည်။ ရွှယ်လင် မမျှော်လင့်ထားသည့်အရာဖြစ်လာခဲ့လျှင်ပင် အနှီသူက ၎င်းတို့နှစ်ယောက် မကွဲသွားရအောင် အလုံအလောက်ပြင်ဆင်ထားပြီးလောက်ပြီဟု ယူဆမိသည်။

???????????? ???????????????? ?Where stories live. Discover now