抖阴社区

Chapter 23

322 45 0
                                    

💫Chapter 23

" ဘာလဲ...နင်က ငါတို့ ဂျူနီယာညီမလေးနဲ့ ပြဿနာရှိလို့လား..."

ဒီအစ်မကြီးဟယ့်ရှန်းရှန်းက နူးညံ့ညင်သာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းက ရမှတ်ကောင်းတွေရထားတဲ့ အကြမ်းစားတိုက်ခိုက်ရေးသမားပဲ… သူနဲ့ တစ်နှစ်တည်း ကျောင်းသားတွေတောင် သူ့ကို အနိုင်ရနိုင်ဖို့ မလွယ်ဘူး… သူ့လို ကျောင်းသားသစ်လေးတွေကို ဒီအတိုင်းထားပေးတာက ပိုကောင်းမှာပါ…

" အာ... မဟုတ်ပါဘူး…"
သူက ဆာ့ဆာ့ကို အနိုင်ကျင့်ချင်သော အခြားကျောင်းသားများဆီသို့ မျက်နှာရိပ်မျက်နှာကဲဖြင့် အကူအညီတောင်းလာ၏။ ဤအချိန်တွင် အားလုံးက တစ်ပြိုင်တည်းနောက်ဆုတ်သွားသည်က သနားစရာပင်။ ထိုအုပ်စုထဲတွင် သူတို့၏ နတ်ဘုရားမများနှင့် တစ်ဖက်သတ် သဘောကျနေရသောသူများလည်း ရှိနေသောကြောင့် သူတို့ မသိကျိုးကျွန်သာပြုနေကြ၏။

သူတို့သာ ဝင်ပါလိုက်ရင် သူတို့သဘောကျနေတဲ့မိန်းကလေးနဲ့ ဆက်ဆံရေးဖြတ်ပစ်လိုက်သလိုပဲမဟုတ်ဘူးလား... သူတို့ တစ်သက်လုံး တစ်ကိုယ်တည်းသမားလုပ်ဖို့တော့ အစီအစဥ်မရှိဘူးလေ...

အားလုံးက ကြက်ကလေးများသဖွယ် တိတ်ဆိတ်သွားသည်ကို တွေ့ရသောအခါ မိန်းမငယ်လေးများအုပ်စုက အားရကျေနပ်သွား၏။ သူတို့က မျက်နှာထားပြောင်းသည့်နေရာ၌ ဆရာတစ်ဆူလိုပင်။ ဆာ့ဆာ့၏ ဘက်သို့လှည့်လိုက်ချိန်၌ သူတို့အပြုံးများက တောက်ပသွားပြန်၏ ။
" ကောင်းပြီ...ဂျူနီယာညီမလေး...နင့်ရဲ့ အဆောင်နေဖို့ အခန်းကို အရင်သွားရွေးကြရအောင်..."

ဆာ့ဆာ့ : " အိုး...ကျေးဇူးပါပဲ အစ်မတို့..."

လီချန်ယွီ : "...."

ဆာ့ဆာ့က ပြဿနာကိုဖြေရှင်းနိုင်လိမ့်မည်ဟု လီချန်ယွီ ယုံကြည်သော်လည်း သူမက ဤကဲ့သို့ နည်းလမ်းကို ထုတ်သုံးလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ ။

ထို့နောက် သူက ဆာ့ဆာ့ကို အတည်ပေါက်လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည် ။
" သာ့ရှန်ဖြစ်ဖို့ ထိုက်တန်ပါပေတယ် ...သူ့မှာ နောက်လိုက်အုပ်စုကြီးတောင် ရှိနေတာပဲ..."

??????????????????? ??????????????? ?????????????????Where stories live. Discover now