💫 Chapter 29
လီချန်ယွီက သူမကို 'သာ့ရှန်' ဟုအတော်ကြာကြာခေါ်ခဲ့ပြီး သူက ဂိုဏ်းကို သေချာမဝင်ရသေးသော်လည်း ဆာ့ဆာ့က သူ့ကို ထိုက်ယီဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ယူဆထားပြီးသားဖြစ်သည်။ သူက ပြင်ပတပည့်သာဖြစ်သော်လည်း ထိုက်ယီဂိုဏ်းက သူတို့ထဲမှတစ်ယောက်ကို ပေးရန်အတွက် နှမြောနေမည် မဟုတ်ပေ။
အခြေခံသက်စောင့်ဆေးပုလင်းအနည်းက ဘာမျှမပြောပလောက်ပေ။
၎င်းက ဂိုဏ်းမှာ ယခင်ကအခြေအနေလို မဟုတ်သောကြောင့်သာ ယခုတွင် သက်စောင့်ဆေးပုလင်းအနည်းငယ်သာ ပေးနိုင်ခြင်းဖြစ်သည်။ သူက ပြင်ပတပည့်မျှသာ ဖြစ်နေလျှင်ပင် ထိုက်ယီဂိုဏ်းက ကပ်တွယ်နေမည်မဟုတ်ဘဲ သူ့ကို မှော်လက်နက်များ၊ ဆေးများ၊ ဓားပျံ နှင့် တစ်ခြားပစ္စည်းမျိုးစုံကို အပြည့်အစုံထောက်ပံ့ပေးမည်ပင်။
သို့သော် လီချန်ယွီမှာ ထိုပစ္စည်းတော်တော်များများကို အသုံးမပြုနိုင်သောကြောင့် သူ့အတွက် အမှိုက်သာဖြစ်နေ၏။ ထို့ကြောင့် ဆာ့ဆာ့က ၎င်းတို့ကို ထုတ်ပြောမနေဘဲ သူ့အတွက် သက်စောင့်ဆေးနှစ်ပုလင်းသာ ပေးလိုက်သည်။
ချန်ရှန်းက သူကသာလျှင် ရိုးအသောသူဖြစ်နေမလားဟု သံသယဝင်မိသည် ။
' ဆာ့ဆာ့ ပြောနေတာကို ကြည့်စမ်းပါဦး...မသိရင် အဲ့ဒါက တကယ်အဖိုးမတန်တဲ့အပေါစားပစ္စည်းလိုပဲ... အဲဒါက ငါကမ္ဘာကြီးကို လုံလောက်အောင် မမြင်ဖူးသေးလို့များလား...'' မဖြစ်နိုင်တာ... အဲ့ဒါက ဒီလူတွေက လုံးဝ သာမန်ဟုတ်မနေရုံပဲ...'
ချန်ရှန်းမှာ သက်စောင့်ဆေးကို ပြန်မပေးတော့ဘဲ လီချန်ယွီကိုသာ အာရုံစိုက်လိုက်သည်။
" ချန်ယွီ... သိပ်မကြာခင်တုန်းက မင်းရဲ့ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်ကို စစ်ကြည့်ပြီးပြီလား..."လီချန်ယွီက အာရုံစိုက်ဖြေလိုက်သည် ။
" ဟင့်အင်း…"လီချန်ယွီက သူ့အဆင့်ကို ကောင်းစွာသိပြီးသားဖြစ်သောကြောင့် ဤရက်ပိုင်းထဲ သူ့အဆင့်များကို ပြန်စစ်စရာမလိုတော့ပေ။ သူက ဆက်ပြီးအဆင့်မြင့်တက်နေသည့် ပါရမီရှင်လည်းမဟုတ်ချေ။ သို့ဖြစ်၍ သူ့ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အဆင့်များက ဆက်ပြီးဖွံ့ဖြိုးတော့မည်မဟုတ်ဘဲ အခြေခံအားဖြင့် တည်ငြိမ်နေ၏။
ဘာကြောင့်များ ပြန်စစ်ဆေးဖို့ လိုတော့မလဲ…

YOU ARE READING
??????????????????? ??????????????? ?????????????????
Science FictionThis is not my own story.