Uni
Ⓜ️သစ္စာသည့်သာကိုးကွယ်ရာⓂ️
Ⓜ️အပိုင်း ၁၄Ⓜ️
ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို နာကျင်ခံစားလိုက်ရသည့် ခံစားချက်ကြီးက မိုး ရင်ကို မီးစနှင့် ထိုးနေသည့်နှယ် လောင်မြိုက်လာရလေသည်။
ဘာမှ နားမလည်သည့် သမီးကိုက အစ ထိပါးလာသည့်ကိုတော့ သူမ ငြိမ်မနေချင်ခဲ့ပေ။ ဇိုင်းအဏ္ဏဝါ မွှေသည့် မီးကို ဇိုင်းအဏ္ဏဝါသာ ဖြေရှင်းရမည်မို့ မိုး စိတ်ရှိတိုင်း ပေါက်ကွဲပစ်လိုက်ချင်မိလေသည်။
"ကျွီ"
"ဟင်"
တံခါးတွန်းဖွင့်သံ ကြားသည့်နှင့် တံခါးဝကို သူမ ကြည့်မိတော့ ညှင်းသိုးသိုး ပုံစံနှင့် အခန်းထဲဝင်လာသော ဇိုင်းအဏ္ဏဝါကို တွေ့လိုက်ရလေသည်။
"ရှင် ရှင် ဘာလာလုပ်တာလဲ"
အခန်းထဲရောက်သည့်နှင့် ဒေါသတကြီး သူ့ကို အော်ငေါက်ရန် ပြင်နေသော မျက်နှာလေးကို တွေ့လိုက်ရလေသည်။
"မောင်"
"လာခဲ့ ရှင်"
"ဟာ"
အခန်းထဲကနေ သူ့ကို အကြမ်းပတမ်း ဆွဲခေါ်သွားသော သူမ။ ဆေးရုံ၏ လူအမြင်ကွယ်ရာ ရောက်သည့်နှင့်
"ရှင် ဘာလာလုပ်တာလဲ"
စူးရဲနေသော သူမ မျက်ဝန်းရဲ့ အကြည့်တွေအောက်မှာတော့ သိမ်ငယ်နေသူက ဇိုင်းအဏ္ဏဝါ ဖြစ်သည်။
"ရှင်တို့ နှစ်ယောက် ကျွန်မတို့သားမိကို ဘယ်လောက်တောင် ဒုက္ခပေးချင်နေတာလဲဟင်၊ မနေ့ကလည်း ရှင့် ဟာမ ရောက်လာပြီး စော်စော်ကားကားတွေပြော၊ အခု အခုလည်း ရှင်က ထပ်လာပြီး ဘာတွေ စော်ကားဖို့ စဥ်းစားနေသေးတာလဲဟမ်"
"မိုး တို့ဆီ ဆောင်းဧကရီရောက်လာတာလား"
ဇိုင်း တအံ့တသြမေးမိတော့ မိုး နှုတ်ခမ်းတစ်စုံကို မဲ့လိုက်ပြီး
"ရှင့် ဟာမဆိုမှ ဒီဟာမပဲ ရှိတာမဟုတ်လား၊ ရှင့်ရဲ့ နောက်မယားငယ်မက လာပြီး ကျွန်မ သမီးကို မာမီလေး ဘာညာ လာလုပ်နေတာ အရှက်မရှိ၊ ပြီးတော့ပြောသေး သူ့မှာ ရှင့်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပါပြီတဲ့ အဟက်"

YOU ARE READING
????????????????????
Romance??????????? ???????? ????????????????????? ?????????????????? ????????? ???????????????????????????? ??????????????????????? ??????????????? ??????????? ??????????? ?????????? ????????????