抖阴社区

23(end) U/Z

6.3K 70 7
                                    

Uni

Ⓜ️သစ္စာသည့်သာကိုးကွယ်ရာⓂ️

Ⓜ️အပိုင်း ၂၃(ဇာတ်သိမ်း)Ⓜ️

မိသားစု ၃ဦးရဲ့ ထမင်းဝိုင်းလေးက တိတ်ဆိတ်နေသလောက် ပျော်ဖို့တော့ ကောင်းလွန်းနေလေသည်။ ချစ်ဇနီး ချစ်သမီးနှင့် သူ့ဘဝက အခုဆို သာယာပျော်ရွှင်ဖွယ်ကောင်းလှပါပြီ။

"သမီး ဗိုက်ပြည့်ပြီလား"

ဇွန်း နှင့် ခက်ရင်းကို ချကာ ထမင်းသမီးကို ၃ နှစ်အရွယ်ကတည်းက ကိုယ့်အားကိုယ့်ကိုးတတ်လေအောင် ထမင်းကို သူ့ဖာသာမဖိတ်မစင်စားတတ်လေအောင် သင်ကြားပေးခဲ့လေသည်။ ထိုကဲ့သို့ပင် သမီးငယ်လေးသည် ကိုယ့်ကိုယ်ကို အားကိုးကာ ထမင်းဟင်းကို ကိုယ်တိုင်စားတတ်ခဲ့လေသည်။ အခုလည်း ထမင်းစားပြီး၍ ထမင်းဝိုင်းမှ ထသွားရန် ပြင်နေသော သမီးငယ်ကို  ဇိုင်းမေးလိုက်ခြင်း ဖြစ်သည်။ မြူတိမ်ဇိုင်းလေးက သူ့ကို ပြုံးပြရင်း

"ဘီ ဘီ ဗိုက်ဝသွားပြီ ဒယ်ဒီ"

"ရေသောက်လိုက်ဦးနော် ဘီဘီ"

မိုး သမီးငယ်ကို ရေဖန်ခွက်လေး လှမ်းပေးလိုက်လေတော့ သမီးငယ်က ရေဖန်ခွက်ကို ယူကာ သောက်လေသည်။

"ကိုယ့်မိန်းမ လက်ရာက ရှယ်ကောင်းနေရော၊ ရှုတင်ထမင်း ၊ ရှုတင်ဟင်းတောင် မောင် မစားချင်တော့ဘူးကွာ"

မောင်၏ စကားချိုချိုကြောင့် မိုး မျက်စောင်းလှလှက မောင့်ထံရောက်သွားကာ  ပိုရန်ကောဟူသော အမူအရာဖြင့် သူ့ကို ကြည့်လာလေသည်။

ဇိုင်းကတော့ ချစ်ဇနီး၏ မျက်စောင်းလှလှကြောင့် သူ့ယောင်ယောင်လေး ပြုံးလိုက်ပြီး

"မောင့်က အတည်ပြောတာ မိန်းမက မယုံဘူးလား"

"တော်ပါမောင်ရယ်၊ စားစရာရှိတာ စားစမ်းပါ အရင်၊ အပြင်မှာ သမီးတစ်ယောက်တည်း"

"အင်းပါ မိန်းမရယ်"

အချစ်သည် လူသားအားလုံးကို နုပျိုစေသည့် ဆိုလျှင် ငယ်က ချစ်ခဲ့ကြသော် ဇိုင်း နှင့် မိုးရဲ့ အချစ်တို့သည့်လည်း  နုပျိုခြင်းမှ သာယာချမ်းမြေ့သော ချစ်ခြင်းမေတ္တာအရိပ်အောက်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သည်။  သစ္စာတရားတစ်ခုကို လက်ကိုင်ထားရင်း ဇိုင်းသည် သမီးနှင့် ချစ်ဇနီး၏ တွဲလက်များကို ထာဝရတွဲသွားရန် ရည်ရွယ်ရင်း ဘယ်သော ဘယ်သော အခါမှ ချစ်ရသော ချစ်ဇနီးအပေါ် သစ္စာပျက်တော့မည် မဟုတ်ပေ။
                       Ⓜ️Ⓜ️Ⓜ️
သမီးငယ်အား ကြေငြာရိုက်ဖို့ရာ မိုး လက်ခံခဲ့လေသည်။ မြူလင်းအိမ် ဆိုသော အမည်နာမလေးဖြင့်ပင် သမီးငယ်သည် အနုပညာလောကတွင် ခြေချခွင့် ရခဲ့လေသည်။ မင်းသားဇိုင်း၏ သမီးဖြစ်သဖြင့် ပရိတ်သတ်အတော်များများက မြူလေးကို လက်ခံပေးခဲ့ကြပြီး မြူလေးသည့်လည်း ဖခင်လိုပင် ပရိတ်သတ်အခိုင်အမာရရှိလာခဲ့ပြီ ဖြစ်သည်။ ဇိုင်းကို ချစ်သော ပရိတ်သတ်တို့သည့်လည်း ဟိုအရင်ထက် သားဖနှစ်ဦးလုံးကို အားပေးခဲ့ကြလေသည်။

????????????????????Where stories live. Discover now