"မောင်!"
သူငယ်ချင်းတွေနဲ့အတူတူထွက်လာပြီးလို့ ဝင်ပေါက်ရောက်တာနဲ့ဆီးကြိုနေတဲ့ မောင့်ကြောင့် ရှောင်းကျန့် အလန့်တကြားအော်လိုက်မိတော့...
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဆရာသမားရဲ့ ဒီပုံလေးပဲ ရှာတွေ့လို့ပါ
"တက်ပါ ခင်ဗျ"
မောင်က ကားနောက်ခန်းတံခါးကိုဖွင့်လို့ လက်ကိုကွေးကာ ခါးညွှတ်ကြိုနေတာကြောင့် ရှောင်းကျန့် အံ့ဩကာမှင်သက်မိနေတုန်း..ယွီပင်းက ရှောင်းကျန့်ပခုံးကို နှစ်ချက်ဆင့်လို့ပုတ်ကာ...
"ငါ မင်းလက်ထပ်သွားပြီ သိရတုန်းက စိတ်ပူနေခဲ့မိတာ ခုတော့ ငါစိတ်ချသွားပြီ good Luck သူငယ်ချင်း"
ယွီပင်းက နှုတ်ဆက်ပြီးတာနဲ့ ကားပါကင်ဖက်လှည့်လို့သွားပြီး ကျိဝူနဲ့လျန်ဝေကလဲ အသီးသီးနှုတ်ဆက်ကာ ထွက်သွားကျတော့သည်။
"မောင်...ဒါကြီးက?..."
မောင်က ခြေတလှမ်းမရွှေ့တဲ့သူ့အနားကို လျှောက်လို့လာကာ လက်ကိုချိတ်ခိုင်းနေတာကြောင့် ရှောင်းကျန့် လက်တွေက မောင့်လက်မောင်းတွေကြား အံဝင်ခွင်ကျပါသွားတော့သည်။
"ကားပေါ်အရင်တက်လေ ပြီးတော့မှမေး နောက်မှာ တခြားသူတွေ ကားတွေလာဖို့ စောင့်နေကျတယ် ချစ်သောရဲ့"
မောင် ပြောလိုက်မှ ရှောင်းကျန့် အနောက်ကို ငဲ့ကြည့်လိုက်တော့ ဘေးဘီဝဲယာမှာ သူတို့နှစ်ဦးကို စူးစမ်းနေကျတဲ့ မျက်ဝန်းတွေကို သတိထားမိသွားတော့တယ်။
"အိုးး ဥက္ကဠဝမ်က ချစ်တတ်လိုက်တာဟယ်!"
"ငါတို့မိန်းမတွေ အဲ့လို ယောက်ျားချောချော မရနိုင်တော့ဘူးလား လို့!"

YOU ARE READING
Unexpectedly (Complete)
Fanfiction????????????????????? ????????????????? ??????????? ????????????? ?????? ??????? ????????????????? ? Crd.. (1.1.2025)Wed..(13.3.2025)Thu