*သားပါးပါး ကျန်းမာရေးမကောင်းဘူး အမြန်ပြန်လာပါ*
ဆိုတဲ့ မားရဲ့ လေလှိုင်းထဲက အပူတကြီးမှာသံကြောင့် သူတို့မိသားစုလေး ချုံချင်းကိုရောက်တော့ ပါးက ဆေးရုံတောင်တင်လို့ထားလိုက်ရပြီရယ်။
"ဟိုရက် သား ဖုန်းဆက်တုန်းက ပါးက အကောင်းကြီးပါ.."
ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ပါးကိုကြည့်ပြီးကာမှ မားဖက်လှည့်လို့ သူပြောလိုက်တော့..
"နှလုံးသွေးကြော ပိတ်တာတဲ့သားရယ် ..မားလဲ မသိဘူး သားပါးပါးက အသက်ရှူကြပ်တယ်ဆိုပြီး လဲကျသွားလို့ ဆေးရုံပို့မှ မားလဲသိရတာ.."
စပိန်ကိုရောက်ပြီး ၅လလောက်အကြာမှာ ပါးနဲ့မားဆီကို ဆက်သွယ်ဖြစ်ခဲ့ပြီး သူတို့ကို ဘယ်သူလာမေးမေး မသိဘူးလို့ပြောဖို့သာမှာကာ သားသား ၂နှစ်သားမှာ တကြိမ် သူတို့တရုတ်ကို ပြန်လာခဲ့ဖူးကြပြီး ခု ၅နှစ်ကျော်ချိန်မှာတော့ တရုတ်ကို သူတို့ခြေချတာ ၂ကြိမ်မြောက်ဖြစ်သည်။
"ပါးက ပိန်သွားလိုက်တာ.."
"သားတို့ ဟိုတခေါက်ပြန်သွားပြီးတည်းက သူ့က သူ့သားနဲ့သူ့မြေးကို သတိရနေခဲ့တာ.."
မားရဲ့အဖြေစကားကြောင့် သူရော မောင်ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကျသည်။
"သားသား ဒယ်နဲ့ အပြင်သွားကျမယ် လာ မုန့်သွားစားကြရအောင်.."
မောင်က အလိုက်တသိနဲ့ သားကို သူ့လက်ထဲက လက်ပြောင်းယူကာချီလိုက်ပြီး..
"အေးဆေးစကားပြောကြလေ.. မောင် သားကို မုန့်သွားဝယ်ကျွေးရင်း ကောနဲ့မားအတွက်လဲ ဝယ်လာခဲ့ပေးမယ်.."
"ကျေးဇူးပါ မောင်.."
"ပြောနေစရာလားကွာ.."
မောင်က သူ့ခေါင်းလေးကို ဖွဖွပွတ်ကာ သားကိုချီပြီး အခန်းထဲကထွက်သွားတာနဲ့...
"သားတို့ ဟိုမှာပဲ အခြေချကြတော့မှာလား..?"
"အာ..အဲ့ဒါက..
မားရဲ့အမေးကို သူ့မှာရေရာတဲ့အဖြေမရှိဖြစ်နေမိတုန်း...
"ကျန်းချန်ဆိုတဲ့ကောင်လေး မားတို့ဆီကို ရောက်လာသေးတယ်.."

YOU ARE READING
Unexpectedly (Complete)
Fanfiction????????????????????? ????????????????? ??????????? ????????????? ?????? ??????? ????????????????? ? Crd.. (1.1.2025)Wed..(13.3.2025)Thu