抖阴社区

Chapter 36

517 43 0
                                        

အခန်း (၃၆)
သူက အခုထိလက်မလျှော့သေးတာများလား
ဖုန်းကောက တည်တည်ငြိမ်ငြိမ်ဖြင့်ပြောနေသည်ဖြစ်တာမို့ အနီးအနားမှာ ဝိုင်းကြည့်နေသူတွေကလည်း စတင်ပြီးဆွေးနွေးကြတော့သည်။

သူတို့ တောဝက်ရိုင်းကိုလိုက်နေစဉ်တုန်းက လူအများစုက ယုံကောက ချန်းသော်ကိုကယ်ဖို့ပြေးသွားတာကို တွေ့လိုက်ကြသည်...။ ထိုနောက်ကွယ်တွင် အကြောင်းရင်းများစွာရှိနိုင်သော်လည်း သူတိုနှစ်ယောက်က တကယ်တမ်း နီးစပ်နေကြတာများလား?

ထိုအခြင်းအရာကို ကြားရတဲ့လီဝမ်မှာ ဒေါသတကြီးပြန်လည်ချေပလေသည်။

"ယုံကော လုပ်ချင်တာဘာပဲဖြစ်ဖြစ် အဲ့ဒါသူ့ကိစ္စပါ ယုံကောက အခမ်းအနားအပြည့်အစုံနဲ့ လက်ထပ်မင်္ဂလာပြုမှာပဲလေ"
ဖုန်းကောမျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားလေသည်။ သူ ယုံကောကို လူအများရှေ့မှာ မကောင်းမပြောလိုက်သင့်ဘူး ဒါပေမဲ့ သူလည်းသူ့ကိုယ်သူမထိန်းဖြစ်သွားတာပဲ။

သူ့နာမည်ဂုဏ်သတင်းနဲ့ တင်တောင်းပစ္စည်းများ ဆုံးရှုံးသွားသည်ကိုတွေးမိတိုင်း တစ်ဖက်မှာလည်း ယုံကောက အရင်ထက်အများကြီးပိုကြည့်ကောင်းလာပြီး သူ့ကိုအသားတွေပေးနေကျ သွေးအေးတဲ့မုဆိုးကိုလည်း ဆွဲဆောင်နိုင်တော့မည်မို့ ဖုန်းကောမှာဝန်တိုစိတ်များကြောင့် အဆိပ်ရှိသော မြွေတစ်ကောင်ကဲ့သို ဒေါသတွေတိုးပွားလာတာကို သူမထိန်းချုပ်နိုင်တော့ပေ။ သူအလွန်အမင်းကို မနာလိုဖြစ်နေတာပဲ။

သူအရင်က အထင်သေးခဲ့ဖူးသည့် ယုံကောကို မနာလိုဖြစ်လာခဲ့သည်။ သူဘာလို့ အရမ်းကြည့်ကောင်းလာရတာလဲ။ ဒီလိုကြည့်ကောင်းတဲ့သူမျိုးက တင်တောင်းပစ္စည်းမရှိဘဲ လက်ထပ်နိုင်မှာများလား။ သူက ဖုန်းကောလိုနာမည်မပျက်သေးတော့ အရာအားလုံးက ဖုန်းကောထက်အစစအရာရာသာနေသည်ပင်...။

ဖုန်းကော နှလုံးသားထဲတွင် အငြိုးများဖြင့်ပြည့်နှက်နေသည်။ သူ၏ဒုတိယဦးလေးမှာ သူ့မာနကို ထိန်းရန် သူ(ဖုန်းကော)က မျှော်လင့်ခဲ့သော်လည်း မထင်ထားဘဲ ဤအကြိမ်တွင်တော့ ဒုတိယဦးလေးမှ သူနှင့်ဆွေမျိုးဖြတ်လိုက်ချေတော့သည်။

လီဝမ်၏စကားများမှာ ဖုန်းကော၏အနာကို ဆွပေးလိုက်သလိုဖြစ်ကာ ရှက်စရာအဖြစ်အပျက်ကိုလည်း သတိရအောင်လုပ်လိုက်သလိုပင်...။

ဖုန်းကော အငြိုးကြီးစွာ အံကြိတ်လက်သီးဆုပ်လိုက်သည်။ သူ ယုံကောနဲ့ လီဝမ်အား သူ့ကို တင်တောင်းငွေတွေလိမ်သွားသည့်သခင်လေးယန်းနဲ့ အညှာအတာမဲ့စွာငြင်းလိုက်သော ချန်းသော်တို့ထက်ပင် ပို၍မုန်းတီးလေသည်။

အဆုံးမှာတော့ ဖုန်းကောသည်လည်း အားနည်းသူအား အနိုင်ကျင့်ကာ အားကြီးသူအား ကြောက်ရွံ့သည်ပင်။ သခင်ခင်လေးယန်းနှင့်သူ့အဖွဲ့မှာ ခြေရာလက်ရာမရှိဘဲပျောက်သွားပြီး ချန်းသော်မှာမူ ခက်ထန်သည့်အသွင်ရှိလေရာ ထိုသူတွေကိုမငြိုးဝံ့ပဲ သူ့ထက်ပိုလှပလာသောယုံကောနှင့် သူတို့မိသားစုအတွက်ရပ်တည်ရန်ငြင်းဆန်ကာ နွားလိုမရုန်းကန်ပေးလိုသောလီဝမ်တို့ကိုသာ မုန်းတီးခြင်းငှာတတ်နိုင်လေသည်။

ဝူကွေ့ဟွားက ထပ်ပြီး

?????????????????? ????????????????????????????Where stories live. Discover now