အခန်း (၆၀)
"မင်းနောင်တရနေစေရမယ်"
ထိုအခိုက်အတန့်၌ လူအုပ်ကြီးထဲမှ တစ်ယောက်ယောက်က အော်လိုက်လေသည်။
"ဟုတ်တယ် ငါဒီမနက်တုန်းက လီမန်ချန်းက ခြင်းအကြီးကြီးသယ်ပြီးသွားတာတွေ့လိုက်သေးတယ် ငါသူတို့ကို ဘယ်သွားတာလဲမေးတော့ သူတို့ကပစ္စည်းတွေသွားဝယ်တာလို့ပြောတာပဲ နောက်တော့ ငါတွေးမိတာ သူတို့သားလက်ထပ်ပွဲလို ပွဲအကြီးကြီးမှာ ပစ္စည်းတွေကအရင်နေ့ကတည်းက ဝယ်ထားသင့်တာမဟုတ်ဘူးလား ငါသေချာပေါက် အဲ့ခြင်းကြီးက လေးနေတာပဲဆိုတာမြင်လိုက်တယ် လီမန်ချန်းတောင် မနည်းသယ်လာရတာ"
သို့သော် ကောလင်၏နားထဲ၌ ထိုအချက်မှာ ရယ်စရာမကောင်းနေတော့ပေ။ ထိုအစား သူက ရှက်ရွံ့သောအပြုံးကိုသာ ပြုံးနိုင်တော့သည်။
တခြားတစ်ယောက်ကလည်း ထပ်မံကာ
"ဒါနဲ့ပတ်သက်ပြီး မသင်္ကာစရာလည်း ရှိသေးတယ် ငါယုံကောကို တစ်မနက်လုံးမမြင်ရဘူး ရုတ်တရက်ကြီးကျမှ သူကထွက်သွားတော့မှ ပေါ်လာတာလေ"
"နင်ဘာဖြစ်လို့ ထပ်မမေးလိုက်ရတာလဲ အဲ့ဒါဆို ယုံကောကို ကယ်လို့ရလောက်ဦးမှာ"
"ငါလည်း အဲ့ခြင်းထဲမှာ လူရှိမယ်လို့မှ မထင်ဘဲ"
"ဒီနှစ်ယောက်က အရမ်းနှလုံးသားမဲ့လွန်းတယ် သူတို့သားအကြီးကိုကျ ရှယန်နဲ့ပေးစားပြီး သူ့တို့တူကျ အရူးနဲ့စီစဉ်ပေးတယ်တဲ့ တော်တော်ကောက်ကျစ်ကြတာပဲ"
"အောင်သွယ်တော် ဟွားမေ့ဖော်က ဒီလက်ထပ်ပွဲနှစ်ခုစလုံးမှာ ပါတာပဲ သူက အကုန်လုံးသိနေလောက်တယ်"
အောင်သွယ်တော် ဟွားမေ့ဖော်မှာလည်း သူ့အားမိသွားကြတာကို သဘောပေါက်သည်နှင့် သူက ထွက်ပြေးရန်ကြိုးစားလေသည်။ သို့သော် ရှယန်၏အစ်မများက သူ(မ)ကိုဖမ်းလိုက်တော့သည်။ သူတို့က သူ(မ)ကိုရှာလိုက်ကာ ပိုက်ဆံကို ယူလိုက်ကြတော့သည်။ သူ(မ)ဆံပင်များကဖွာကျဲနေကာ မျက်နှာချေများမှာလည်း ပျက်ပြယ်နေတော့သည်။ သူ(မ)က ငိုကြွေးလိုက်ကာ အသနားခံတော့သည်။
"ကျွန်မက တကယ်အပြစ်ကင်းပါတယ် သေသေချာချာ စာချုပ်ထဲမှာ ရေးပြီးသားပါ ကျွန်မ ဘယ်လိုလုပ် ဝူကွေ့ဟွားက လမ်းတစ်ဝက်ကျမလူလဲပစ်တာ သိနိုင်မှာလည်း ကျွန်မ ဝန်ခံပါတယ် သူ(မ)ဆီ ငွေစတစ်ဝက်ကို ယူခဲ့တာကို ဒါပေမဲ့ ကျွန်မက ဒါကို ကျေးဇူးတင်လက်ဆောင်လို့ ထင်ထားတာ..."

YOU ARE READING
?????????????????? ????????????????????????????
Historical Fiction???????????????????????