" အမိုး..."
" ဝေ..."
" ဟို အမိုးသွေးဆုံးပြီလားဟင်..."
ဘောလ်ပင်ကိုင်ထားသည့်လက်ကလေးဟာ ချက်ချင်းဆိုသလိုရပ်တန့်သွားကာ ဘေးနားကသစ်သားခုံပုကလေးမှာထိုင်နေသည့်ထိန်ထိန့်မျက်နှာကို အံ့သြသည့်ဟန်ဖြင့် ငဲ့စောင်းကြည့်လာသည်။အံ့ဩရသည်ဆိုတာထက် ဘာဖြစ်လို့ မေးတာပါလိမ့်ဆိုသည့်အမူအရာမျိုးဆိုလျှင် ပိုမှန်ပေလိမ့်မည်။လက်ထဲကရေးလက်စဘောလ်ပင်ကလေးကိုပြန်ကိုင်၍ စားပွဲပေါ်ကစာရင်းစာအုပ်ပေါ်မျက်နှာပြန်မူလိုက်လေသည်။ထို့နောက်...။
" ဖိုးမူလေးကမမေးစဖူး..အမိုးဖြင့်အမျိုးသမီးကိစ္စပြီးတာကြာပေါ့ကွယ် "
" ဟို တို့အမိုးက အခုထိချောတုန်းလှတုန်းဆိုတော့လေ ထိန်ထိန့်မျက်လုံးထဲကြည့်ရင်းကြည့်ရင်းအသက်၅၀ကျော်နဲ့မတူတော့ပဲ ၄၀စွန်းစွန်းလောက်လို့ပဲ ထင်နေရတယ်။အဲ့ဒါကြောင့်..ထိန်ထိန်ကတို့အမိုးများအသက်လိမ်ထားသလားဆိုပြီးမေးကြည့်တာ "
" အယ်...ဒီကောင်မလေးကတော့လေ၊ပေါက်ကရ..."
" ဟီး...ဟုတ်ပါတယ်ဆို..."
" ဖိုးမူလေးကိုမွေးပြီး အသက်၄၇နှစ်လောက်မှာသွေးဆုံးတာ။ဖိုးမူလေးကို အမိုးက၃၄နှစ်မှာမွေးတာလေ..."
" ဪ...ဒါဆိုအမိုးတော်တော်ကြာကြာတဲ့အထိ အမျိုးသမီးဝေဒနာကိုခံစားလိုက်ရသေးတာပဲနော်။သူများတွေဆို ၄၀လောက်မှာတင်သွေးဆုံးနေပြီကို "
" မဟုတ်တာတော် အမိုး၄၀ကျော်မှာသွေးဆုံးတာအဆန်းမဟုတ်ဘူး။အမိုးနဲ့ရွယ်တူတခြားအမျိုးသမီးတွေဆိုရင် ၅၀ကျော်မှသွေးဆုံးကြတာတွေအများကြီးရှိပါ့။ဒီဘက်ခေတ်ရောက်မှ အမိုးတို့ထက်ငယ်တဲ့သူတွေက ၄၀ကျော်မှဓမ္မတာပြီးကြတာပါကွယ်။အခုလည်း ၅၀တော်တော်ကျော်တဲ့အထိ ဓမ္မတာလာကြတဲ့အမျိုးသမီးတွေမှအများကြီးကွယ်..."
" ဟင် ! ဟုတ်လား အမိုး "
" ဟုတ်ပါ့တော် "
အရင်တစ်နေ့ကCEO၏မေးခွန်းကို ထိန်ထိန်ပြန်မဖြေနိုင်ခဲ့သဖြင့်..ထိုနေ့တွင်အလုပ်ပိတ်သောကြောင့် အမိုးကိုပြန်မေးရခြင်းဖြစ်သည်။အမိုးဆီကပြန်ကြားလိုက်ရသောစကားတွေကြောင့် ထိန်ထိန်တစ်ယောက်ငိုပါငိုချင်ပါတော့သည်။ဟုတ်သည်လေ ထိန်ထိန်လည်းအမျိုးသမီးတစ်ယောက်မို့လစဉ်တိုင်းဓမ္မတာကိစ္စကြောင့် စိတ်ရှုပ်ကာနာကျင်မှုကိုခံစားရသည်မဟုတ်လား။အသက်၄၀အထိ ထိုဓမ္မတာကိစ္စကြီးကိုခံစားရဦးမည်ဟု ထင်ထားခဲ့ပါသော်လည်း ယခုမူ..အမိုး၏နှုတ်ထွက်စကားများကြောင့် ထိန်ထိန်တစ်ယောက်လည်းအသက်၅၀ကျော်အထိ ထိုဝေဒနာကြီးကိုသာခံစားရပါလျှင်တော့ ရူးပါရူးသွားနိုင်လေသည်။ထိန်ထိန်တစ်ယောက်ကတော့..မသေချာမရေရာသည့်ကိစ္စရပ်ကြီးကိုတွေးကာ စိတ်ပါညစ်သွားရပါတော့သည်။
YOU ARE READING
????????????
Fantasy????????????????? ??????????????????????????????????????????? ??????????????????????? ?????????????????????? ????????..?????????????????????????? ??????????????????????? ??????????????? ??????????????????? ????????????????????? ?????????????..?????...
