抖阴社区

(???????????????)

9.9K 245 15
                                        

(နှစ်လကြာပြီးနောက်...)

" မြင်တယ် အိမ်မက်ထဲလည်းမြင်တယ် စိတ်ကူးထဲလည်းမြင်တယ် အကြင်နာရဆုံးရယ်ကိုယ့်ဘဝဘယ်ရောက်နေနေ အမြဲတမ်းကိုယ်တွေ့ပါတယ် အတွယ်တာရဆုံးရယ်ရေဆာသလို ဆာလောင်တယ် ငတ်မွတ်တဲ့နှလုံးသားထဲ ကျောက်စက်ရေအေးအေးလေးကြင်နာသူ မင်းကို သိပ်ချစ်တယ် ဒီကဒီမှာဒီကတော့..ချစ်မေတ္တာတွေတသတ်တာ ပုံအပ်ရင်းနဲ့သိပ်ချစ်တယ် ဒီက ဒီက သိပ်ချစ်တာ ပဲ...သိပ်ချစ်တာပဲ အချစ်ဆုံးကြီးရေ....."

" သော်တာလမင်းလေးက ဘယ်မှာ ချစ်ခြင်းအလင်းရောင် ဘယ်မှာ သာနေပါလဲကိုယ့်ဘဝဟာ ‌မဲမှောင် အရိပ်မဲ့တဲ့ညတွေကံကြမ္မာတိမ်တိုက်တွေ ဘယ်လိုပင် ဖုံးလွှမ်းလည်း ပြည့်လင်းတဲ့ညပြည့်တစ်ည ရောက်ရလိမ့်နိုးနိုးနဲ့ကြင်နာသူ မင်းကို သိပ်ချစ်တယ် ဒီကဒီမှာ ဒီကတော့..ချစ်မေတ္တာတွေတသတ်တာ ပုံအပ်ရင်းနဲ့~~သိပ်ချစ်တယ် ဒီက ဒီက သိပ်ချစ်တာပဲ...သိပ်ချစ်တာပဲ အချစ်ဆုံးကြီးရေ....."

" သိပ်ချစ်တာပဲ သိပ်ချစ်တာပဲ....."

ကိုယ်လုံးပေါ်မှန်ရှေ့၌ရပ်၍ အင်္ကျီ၏အပေါ်ဆုံးနေရာကနှိပ့်စေအားတပ်လျက် ဖုန်းထဲကလာနေသည့်သီချင်းအား နေဝန်းနီလိုက်ဆိုနေမိသည်။

" တို့တော့ မင်းကိုသိပ်ချစ်ချင်မနေတော့ဘူးနေဝန်းနီရေ..."

ထုံးစံအတိုင်းလက်တဖက်ကို ဘယ်ဘက်ခါး၌လက်ထောက်လျက် မှန်ထဲမှတဆင့် နေဝန်းနီအားမျက်စောင်းကာ ပြောလာ‌သောအန်တီ။bathrobe အဖြူအားရင်လျားလျက် ရေချိုးခန်းထဲမှထွက်လာပြီး နေဝန်းနီအား ဘာတွေများမကျေမနပ်ဖြစ်နေသလဲမသိပေ။

" ဟင် "

" ပြောတော့ဖြင့်..အန်တီမလိုချင်ရင် မောင်ကအတင်းမယူပါဘူး မယူပါဘူးနဲ့။အခုကြည့် ! ဒီလောက်တားနေတဲ့ကြားက တစ်ကိုယ်လုံးမင်းသောင်းကျန်းထားတဲ့အရာတွေချည်းပဲ "

နေဝန်းနီအား ခါးလက်ထောက်လျက် သူ့လည်ပင်းကိုမော့ကာပြ၍ပြောနေသည့်အမျိုးသမီး၏ပုံစံဟာ နေဝန်းနီကိုအသည်းတယားယားဖြစ်စေသည်။တကယ်လည်း နေဝန်းနီ၏လက်ချက်ကြောင့် အန်တီ့ရဲ့ဖြူဖြူနုနုလည်တိုင်အသားရည်နှင့် ရင်ညွန့်တလျှောက်လုံးဟာ အနီကွက်များဖြင့်ပြည့်နှက်နေလေသည်။ယခု နေဝန်းနီမြင်နေရသောထိုအခြေအနေသည် ရယ်ချင်စရာကောင်းသော်လည်း နေဝန်းနီမရယ်ရဲပါ။မဟုတ်လျှင် ဒေါ်ရှေးဂန္ဓမာ၏ထိုသို့သော bathrobeနှင့်ရင်လျားလျက်ပင် နေဝန်းနီအားစိတ်ဆိုးနေသည့် မြင်ရခဲထိုပုံစံကိုမမြင်လိုက်ရမည်စိုးသောကြောင့်ပင်။ချောင်းတချက်ကိုအသာဟန့်ရင်း သူမအနားသို့သွားရန်ပြင်လိုက်သည်။

????????????Where stories live. Discover now