抖阴社区

Part:21 ?

924 123 15
                                        

" တွဲရအောင် "

" ဟင်? "

ဆော့ဂျင်တစ်ယောက် တစ်လျှောက်လုံးငြိမ်သက်နေခဲ့တဲ့ဂျီမင့်ဆီကနေ ထွက်လာတဲ့စကားတစ်ခွန်းကြောင့် ဘာမှမတွေးတောနိုင်လောက်အောင်ပင် ‌‌ဦးနှောက်မှာဗလာကျင်းသွားရသည် ။
ဂျီမင်က သူ့မျက်ဝန်းတွေကို တည့်တည့်မတ်မတ်ကြည့်လာပြီး တစ်ခေါက်ပြန်ပြောသည် ။

" ကျွန်တော်နဲ့တွဲပါ ဆော့ဂျင် ~ "

" ဒါ..ဒါက "

ဂျီမင့်ရဲ့မျက်ဝန်းစိုတို့ဟာရွှန်းလဲ့လို့နေသည် ။ ခိုင်ခိုင်မာမာဆုံးဖြတ်ထားဟန်ပေါ်သည့်အရိပ်အယောင်တို့ကလည်း တစ်ရှပ်ရှပ်နှင့်ပြေးနေလျှက် ။

" အချိန်တစ်ခုလောက်အထိပဲ ..! ကျွန်တော့်ရဲ့ဟန်ဆောင်ချစ်သူဖြစ်ပေးလို့ရမလား ဆော့ဂျင် ~"

ဆော့ဂျင် မည်သည့်စကားမှမ‌ဆိုနိုင်သေးပေ ။

ဟန်ဆောင်ချစ်သူ ?

ဟန်ဆောင်ချစ်သူဖြစ်ဖို့တောင်းဆိုလာတာ ဂျီမင့်မှာကဘယ်လိုပြသနာမျိုးရှိနေတာလဲ ??

ဆော့ဂျင်ရဲ့ခေါင်းထဲမှာ မေးခွန်းတွေဟာနေရာအပြည့်ယူလို့လာခဲ့သည် ။
ဒါကို သိသည့်အလား ဂျီမင်က ...

" ကျွန်တော် ဆော့ဟွန်းကိုသဘောကျတယ် .. မဟုတ်ဘူး !! သဘောကျတာထက်အများကြီးပိုတယ် .."

ဂျီမင့်စကားတွေဟာ သူ့ကိုအံ့အားသင့်ပြီးရင်း အံ့အားသင့်နေစေတာအမှန်ပါပဲ ။

" ဘယ်.. ဘယ်လို ?"

" ပြောရမှာတော့အရှည်ကြီးပဲ .. ဒါပေမယ့် ကျွန်တော့်ကိုကူညီပေးလို့ရမလားဆော့ဂျင် .."

" ကူညီရမယ် ?"

" အင်း! ဆော့ဂျင်လည်းသိနေတာပဲမလား .. ဂျွန်ဂျောင်ကုကဘယ်သူ့ကိုချစ်တယ်ဆိုတာ .."

ထိုစကားအဆုံး ဆော့ဂျင်မျက်နှာမသိမသာပျက်ယွင်းသွား၏ ။

ဂျီမင်က သူတို့မကြောင်းတွေထိဘယ်လိုသိနေရတာလဲ ?

" စိတ်မပူပါနဲ့..!! ကျွန်တော် ဘယ်သူ့ကိုမှပြောပြမှာမဟုတ်ပါဘူး ... "

????Where stories live. Discover now