抖阴社区

Part:22 ?

759 104 16
                                        

ညနေအလုပ်ဆင်းခါနီးတော့ ဆော့ဂျင်အိမ်ပြန်ရန်ပြင်လိုက်ချိန် ...

" ဟွန်းလေးကိုသွားခေါ်ရမှာ !.. မင်းမိဘအိမ်လိုက်မယ်မလား ?.."

တစ်နေကုန်လို့ ဆော့ဂျင် ဂျောင်ကုအားအလုပ်ကိစ္စနဲ့လွဲရင် မည်သည့်စကားမှမဆိုခဲ့ ။ ခုလည်း ဂျောင်ကုစကားကို ခန‌လောက်ကြာအောင်စဉ်းစားနေပြီးမှ ...

" ရတယ်!.. ကျွန်တော့်ဘာသာပြန်လိုက်မယ်.."

ထိုအခါ အလိုမကျဖြစ်သွားသည့်သူဟာ ‌ဂျွန်ဂျောင်ကုသာ ။ မျက်ခုံးတို့အားတွန့်ချိုးထားလျှက် ဆော့ဂျင်အားစူးစိုက်ကြည့်တော့ ဆော့ဂျင်ကသူ့ကိုမကြည့်ပဲ အိမ်ပြန်ဖို့သာ တာဆူနေသလိုပင် ။
ပစ္စည်းတွေအားစနစ်တကျသိမ်းနေလေသည် ။

ဂျောင်ကုက ဆော့ဂျင်အနားသွားပြီး‌ ဆော့ဂျင်မျက်နှာလှလှအားမေးစေ့မှဆွဲပင့်ယူကာ သူ့မျက်လုံးတို့အားကြည့်စေလိုက်သည် ။

" ဘာလုပ်တာလဲအစ်ကိုဂျောင်ကု!.  ဖယ်ပါ!!.."

" မင်းဘာသာမင်းဘယ်လိုပြန်မှာလဲ ?"

" ကျွန်တော့်ဘာသာဘယ်လိုပြန်ပြန်ပေါ့.. အစ်ကိုဂျောင်ကုသာ ဟွန်းလေးကိုသွားခေါ်လိုက်ပါ! .."

" ငါစိတ်မချဘူး .!! ငါနဲ့လိုက်ခဲ့.."

" ဟင့်အင်း.. ကျွန်တော်မလိုက်ချင်ဘူး ဒီနေ့စာရင်းတွေလုပ်ထားရတာပင်ပန်းနေပြီ .."

ဆော့ဂျင်က အကြောက်အကန်ငြင်းလေသည် ။

" ဒါဆိုလည်းမင်းကိုငါအရင်လိုက်ပို့ပေးမယ်!.."

" မလိုဘူးဆိုနေအစ်ကိုဂျောင်ကု..! ကျွန်တော်ကလေးမဟုတ်ဘူး ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်တယ်.."

" ဘယ်လိုမျိုးဂရုစိုက်နိုင်တာလဲ..? ဘာလဲ မင်းကမင်းကောင်အားကိုးရှိသွားပြီဆိုတော့ ငါ့အပေါ်တင်နေတဲ့အကြွေးတွေကိုမေ့သွားတာပေါ့လေ ဟုတ်လားကင်မ်ဆော့ဂျင် ...!!"

" ကျွန်တော့်ချစ်သူကိုရိုင်းရိုင်းစိုင်းစိုင်းမသုံးနှုန်းပါနဲ့ ကျွန်တော်မကြိုက်ဘူး !!"

????Where stories live. Discover now