(Unicode)
ဉာဏ်ကောင်းလှတဲ့ထယ်ယောင်းက သူ့ကိုသင်ကြားပေးသမျှကို အချိန်တိုလေးနဲ့တတ်မြောက်လာခဲ့တယ်...။ ကွန်ပျူတာသင်တန်း၊ စာရင်းကိုင်သင်တန်းအပါအဝင် စီးပွားရေးပါတနာတွေနဲ့ စကားပြောရအဆင်ပြေစေရန် ဘာသာစကားသင်တန်းတွေကိုပါ ဂျောင်ကုက သင်ကြားစေတယ်...။
ထယ်ယောင်းကလည်း ဂျောင်ကုဘက်က လိုအပ်တယ်ထင်လို့သင်ခိုင်းသမျှကို ရအောင်ကြိုးစားပမ်းစားသင်ယူလေတယ်...။ သင်တန်းချိန်တွေများတာနဲ့အမျှ ထယ်ယောင်းလည်း အိမ်မှာနေရတဲ့အချိန်နည်းလာခဲ့တယ်...။ ဒါပေမယ့်လည်း ဂျောင်ကုရဲ့ကျေးဇူးကြောင့် အိမ်မှာအလုပ်သမားတွေရှိလာပြီမို့ ထယ်ယောင်းရဲ့တာဝန်တွေက အလိုလိုလျော့နည်းသွားလေတယ်...။
"ကင်မ်ထယ်ယောင်းတို့များ အပြင်ထွက်ခွင့်ရတာနဲ့ အိမ်ကိုမကပ်တော့ဘူးနော်... အလုပ်ပဲလုပ်မလား မကြာခင်ပဲရည်းစားရမလား မသိတော့ဘူး... ပြင်ဆင်ထားတာ မင်းသားရှုံးလောက်တယ်"
"ကျွန်တော် ဘာမှမပြင်ရပါဘူးမမလေးရယ်... ဒီအဝတ်အစားတွေကလည်း အစ်ကိုဂျောင်ကုနဲ့မတော်တော့လို့ဆိုပြီး ပေးထားတာပါ"
"ဂျောင်ကုက တော်တော်လေးရက်ရောတာပဲ... သူ့ရဲ့အဝတ်အစားတွေက အကောင်းစားတွေချည်းပဲ... သူဘက်ကစေတနာပိုနေလို့ ရောင့်မတက်နဲ့နော်... ကိုယ့်အဆင့်အတန်းကို ကိုယ်သိ... ကြားလား...??"
"ဟုတ်ကဲ့... ကျွန်တော်သိပါတယ်မမလေး"
မင်ယောင်းက ဘယ်တော့မဆိုထယ်ယောင်းကို နှိမ်ချပြောဆိုတတ်တယ်...။ အခုတလောထယ်ယောင်းက အပြင်သွားဘာသွားနဲ့ အရင်ထက်ပိုပြီးတော့ တောက်တောက်ပြောင်ပြောင်ဖြစ်လာတော့ သူမရဲ့မနာလိုစိတ်က ဖြစ်ပေါ်လာရတယ်...။
တကယ်တမ်းတော့ ထယ်ယောင်းက တော်တော်လေးကြည့်ကောင်းချောမောပါတယ်...။ အရင်ကအိမ်နေရင်းပုံစံနဲ့ ဘာမှမပြင်မဆင်ဖြစ်နေတဲ့အပြင် အလုပ်ပင်ပင်ပန်းပန်းလုပ်ရတာကြောင့် ပိန်လှီနေတဲ့ကောင်ငယ်လေးက အခုကျတော့မှပဲ စိုစိုပြေပြေဖြစ်လာတာကြောင့် အများကြီးကြည့်ကောင်းလာတော့တာပဲ...။

YOU ARE READING
Unwanted, yet Loved (Completed)
Fanfiction?????? ????????????????????????????? ?????????????? ?????????????...?? Taekook Fanfiction