抖阴社区

Chapter : 17

769 97 4
                                        

(Unicode)

ဂျောင်ကုရဲ့ကားက ကုမ္ပဏီကိုပြန်မရောက်သေးခင်မှာပင် ထယ်ယောင်းဆီက ဖုန်းထပ်ဝင်လာတာကြောင့် ချက်ချင်းပြန်ဖြေလိုက်ပေမယ့်လည်း တစ်ဖက်မှဘာအသံမှမကြားရပေ...။

"ဟယ်လို... ထယ်ယောင်း...??"

ထယ်ယောင်းဘက်က ဖုန်းခေါ်ထားပြီးပြန်မ‌‌ဖြေတာကြောင့် ဂျောင်ကုမျက်မှောင်ကျုံ့လိုက်လေတယ်...။ ဒါကဘယ်လိုအခြေအနေကြီးလဲ...?? ထယ်ယောင်းက အမြဲတမ်းသတိရှ်ိတဲ့သူမို့ ယောင်မှားပြီးနှိပ်လိုက်တာတော့ မဖြစ်နိုင်ပါ...။ စိုးရိမ်စိတ်နဲ့အတူ ဂျောင်ကုလည်း ကားကိုချက်ချင်းပြန်လှည့်ကာ ထယ်ယောင်းရဲ့ကုမ္ပဏီဘက်ကိုပြန်မောင်းလာလိုက်တော့တယ်...။

စိတ်စောနေတာကြောင့် အချိန်ခဏလေးနဲ့ပင် ထယ်ယောင်းရဲ့ကုမ္ပဏီကိုပြန်ရောက်သွားခဲ့တယ်...။ ထယ်ယောင်းရဲ့ဖုန်းလေးကိုပြန်ခေါ်ကြည့်လိုက်တော့ ဖြေကြားတဲ့သူမရှိပေ...။ အဲဒီအစား လမ်းကြားထဲကနေ ဖုန်း ringtone သံ ပေါ်ထွက်လာတာကြောင့် ဂျောင်ကုအပြေးအလွှားသွားကြည့်လိုက်တဲ့အခါ အောက်ပြုတ်ကျနေတဲ့ ထယ်ယောင်းရဲ့ဖုန်းလေးကို တွေ့လိုက်ရတော့တယ်...။

"ဟင်... ဖုန်းက ဒီမှာပဲ... လူကဘယ်ရောက်သွားတာလဲ...??"

သူ့ဆီကို ဖုန်းခေါ်လိုက်သေးတာကြောင့် ထယ်ယောင်းက သူ့ဖုန်းကိုမဆုံးရှုံးခင်မှာ နောက်ဆုံးအကြိမ်ခေါ်ဆိုလိုက်တာ ဖြစ်နိုင်ပါတယ်...။ ပိုပြီးသေချာစေရန်အတွက် ထယ်ယောင်းရဲ့ကုမ္ပဏီရှိတဲ့အထပ်ကို အမြန်တက်သွားလိုက်လေတယ်...။

"ထယ်ယောင်း ပြန်ရောက်လာပြီလား...??"

ကုမ္ပဏီကိုအဝင်အထွက်ရှိနေတဲ့ဂျောင်ကုကို ထယ်ယောင်းရဲ့ဝန်ထမ်းတွေကလည်း မစိမ်းကြပါ...။ ဂျောင်ကုပုံစံက ပျာယီးပျာယာဖြစ်နေတာကြောင့် ဝန်ထမ်းတွေက တအံ့တဩဖြစ်နေကြပြီးတော့မှ မန်နေဂျာဖြစ်သူက ပြန်ဖြေလာလေတယ်...။

"CEO နေ့လည်စာသွားစားဖို့ထွက်သွားတာ အခုထိပြန်မရောက်သေးပါဘူး"

"သူ့ရဲ့ဖုန်းကို ကုမ္ပဏီရှေ့နားမှာပြုတ်ကျနေတာတွေ့တယ်... သူဒုက္ခရောက်နေပြီထင်တယ်... ဒီနားမှာ CCTV ရှိလား...??"

Unwanted, yet Loved (Completed)Where stories live. Discover now