ဒါကိုမင်ယောင်းသာမက ဂျီဆောင်းကလည်း သတိထားမိပါတယ်...။ ထယ်ယောင်းက အရင်ကထက် အများကြီးပိုချောလာတော့ သူ့ကိုလိုချင်စိတ်ပိုဖြစ်လာရတယ်...။ ဒါပေမဲ့လည်း တစ်နေကုန်အိမ်မှာမရှိတော့တဲ့ ထယ်ယောင်းကြောင့် သူ့အနားကိုကပ်ဖို့အခွင့်မသာခဲ့ပါ...။
"မနက်စာပြင်ပြီးပြီဆိုတော့ ကျွန်တော်သွားလိုက်ဦးမယ်နော်"
"သွား သွား... သင်တန်းပြီးပြီဆိုလည်း စောစောပြန်လာခဲ့ဦး... တစ်နေကုန်အလေလိုက်မနေနဲ့"
"စိတ်ချပါမမလေး... သင်တန်းပြီးတာနဲ့ ကျွန်တော်ပြန်လာခဲ့မှာပါ"
ထယ်ယောင်းက သင်တန်းသွားတတ်တယ်ဆိုပေမယ့်လည်း သူမသွားခင်မှာတော့ တစ်အိမ်လုံးအတွက်မနက်စာကို ပြင်ပေးသွားရတယ်...။ သူကိုယ်တိုင်ကတော့ ပေါင်မုန့်နှစ်ချပ်ကိုသာယူပြီး လမ်းမှာပဲစားကာ သင်တန်းကိုနောက်မကျခင်သွားရတယ်...။
သင်တန်းချိန်တွေကဆက်နေတာကြောင့် နေ့လည်စာကိုတော့ အနီးအနားက ဈေးသက်သာတဲ့ဆိုင်တစ်ခုမှာပဲ ဝယ်စားဖြစ်တယ်...။ မစ္စတာကင်မ်က ထယ်ယောင်းအတွက် မုန့်ဖိုးပေးထားတာကြောင့် အခုလိုဝယ်စားဖို့အတွက် ကောင်းကောင်းလုံလောက်ပါတယ်...။ ထယ်ယောင်းက အသုံးအဖြုန်းလည်းအရမ်းမကြီးတော့ မစ္စတာကင်မ်ပေးတာက သူ့အတွက်ပိုတောင်နေသေးတယ်...။
မနက်အစောပိုင်းမှာတော့ ဘာသာစကားသင်တန်းကိုတက်ရတယ်...။ ဂျောင်ကုက အင်္ဂလိပ်စကားပြောနဲ့ ဂျပန်စကားပြောကို သင်ယူစေတယ်...။ နှစ်ဘာသာစလုံးက ပြောလေ့ပြောထမရှိတဲ့ ထယ်ယောင်းအတွက် ခက်ခဲတယ်ဆိုပေမယ့်လည်း သူကြိုးစားပြီးသင်ယူနေပါတယ်...။
"ကဲ...အခု listening အတွက် စာမေးပွဲလေးဖြေကြည့်ကြမလား...?? ဆရာမကမေးခွန်းတွေကို အသံဖိုင်နဲ့ဖွင့်ပြမယ်... မင်းတို့ကိုတော့ အဖြေလွှာစာရွက်ပေးထားမယ်... မေးခွန်းကို သေသေချာချာနားထောင်ပြီး အဖြေလွှာထဲမှာ A B C သင့်တော်တာကိုရွေးချယ်ပေးပေါ့"
"ဟုတ်ကဲ့ပါဆရာမ"
သင်တန်းတက်ရတာက ကျောင်းတတ်တုန်းကအချိန်တွေကို ပြန်သတိရစေတာကြောင့် ထယ်ယောင်းပျော်ပါတယ်...။ ထယ်ယောင်းက အတန်းထဲမှာလည်း အနေအေးတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး စာလည်းအသင့်အတင့်တော်ပါတယ်...။ အရမ်းမတော်ရတဲ့အကြောင်းရင်းက သူ့ဆီမှာတခြားကလေးတွေလို ကျူရှင်တတ်နိုင်စွမ်းမရှိလို့ပါ...။

YOU ARE READING
Unwanted, yet Loved (Completed)
Fanfiction?????? ????????????????????????????? ?????????????? ?????????????...?? Taekook Fanfiction
Chapter : 11
Start from the beginning