"ဟုတ်ကဲ့ရှိပါတယ်.... လမ်းထောင့်မှာတပ်ထားပါတယ်... အဲဒီတိုက်ပိုင်ရှင်ကို သွားမေးလိုက်ရင်ရမှာပါ"
ဂျောင်ကုလည်း ချက်ချင်းပင်သူတို့ပြောတဲ့တိုက်ခန်းဆီကို အပြေးအလွှားသွားလေတယ်...။ ဝန်ထမ်းတွေကလည်း ထယ်ယောင်းဒုက္ခရောက်နေပြီဆိုတာကြောင့် ပျာပျာသလဲနဲ့ပင် သူတို့တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့လုပ်ကြတော့တယ်...။ ရဲစခန်းကိုဖုန်းဆက်သူကဆက်၊ ဂျောင်ကုနောက်ကို ပြေးလိုက်သူကလိုက်ပေါ့...။
"CCTV ကိုအမြန်ကြည့်ဖို့လိုအပ်ပါတယ်... လွန်ခဲ့တဲ့နာရီဝက်လောက်က မှတ်တမ်းကို ပြန်ပြပေးလို့ရမလား...??"
"ဟုတ်ကဲ့ ရပါတယ်... ခဏလေးနော်"
တိုက်ခန်းပိုင်ရှင်ကလည်း သဘောကောင်းပါတယ်...။ ချက်ချင်းပင် ဂျောင်ကုကို CCTV စောင့်ကြည့်တဲ့အခန်းကို ခေါ်သွားလေတယ်...။ ဂျောင်ကုပြောတဲ့အတိုင်း လွန်ခဲ့တဲ့နာရီဝက်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ အေးအေးဆေးဆေးလျှောက်လာတဲ့ထယ်ယောင်းကို နှောက်ယှက်နေတဲ့ဂျီဆောင်းရဲ့ပုံရိပ်ကို တွေ့လိုက်ရလေတယ်...။
"ဟင်... အဲ့ဒီခွေးကောင်ပဲလား...??"
ကြည့်နေတုန်းမှာပဲ ဂျီဆောင်းက ထွက်သွားပြီဖြစ်တဲ့ထယ်ယောင်းကို အနောက်ကနေပွေ့ဖက်ကာ လက်ကိုင်ပုဝါနဲ့နှာခေါင်းကိုအုပ်လိုက်တာကို တွေ့လိုက်ရတယ်...။ ထယ်ယောင်းက တအိအိလဲကျသွားပြီးနောက် သူ့ဘောင်းဘီအိတ်ထဲကဖုန်းလည်း ထွက်ကျသွားလေတယ်...။ ဒါဆိုသေချာပါတယ်...။ သူသတိလစ်မမေ့မျောခင်မှာ ဂျောင်ကုကိုဖုန်းလှမ်းခေါ်လိုက်တာပါပဲ...။
"အတင့်ရဲလိုက်တာနော်... နေခင်းကြောင်တောင်ကိုတောင်မှ လူကိုပြန်ပေးဆွဲရဲတယ်"
တိုက်ခန်းပိုင်ရှင်ကလည်း ထိုမြင်ကွင်းကိုကြည့်ပြီး ကြိတ်မနိုင်ခဲမရဖြစ်နေလေတယ်...။ ထို့နောက်မှာတော့ ဂျီဆောင်းရဲ့ကား မောင်းထွက်သွားတာကို တွေ့လိုက်ရပေမယ့်လည်း ဘယ်ဘက်ကိုထွက်သွားလဲဆိုတာကို မသိရတော့ပေ...။
"ရဲတွေရောက်လာပါပြီ...!!!"
ဝန်ထမ်းတစ်ယောက် ခေါ်ဆိုလိုက်တာကြောင့် အနီးအနားကရဲစခန်းမှ ရဲအရာရှိလည်းရောက်လာပြီး CCTV မှတ်တမ်းကိုစစ်ဆေးလေတယ်...။ ဂျောင်ကုကတော့ ရဲအရာရှိကိုတွေ့တာနဲ့ အားတက်သွားသလိုခံစားလိုက်ရတယ်...။

YOU ARE READING
Unwanted, yet Loved (Completed)
Fanfiction?????? ????????????????????????????? ?????????????? ?????????????...?? Taekook Fanfiction
Chapter : 17
Start from the beginning