抖阴社区

I don't wanna lie

214 19 0
                                    

"ဆွန်းယောင်း ပြီးပြီလား"

"အင်း! လာပြီနော်!"

မှန်တင်ခုံပေါ်မှာ ရှိတဲ့ နားကွင်းလေးတစ်ဖက်ကို တတ်ရင်း အောက်ထပ်မှာ နာရီ၀က်ကျော်လောက်စောင့်နေရသူကို လှမ်းအော်လိုက်သည်။
မကြာသေးခင်ကမှ အသစ်ချိန်းထားတဲ့ ငွေမျှင်ရောင်ဆံနွယ်တွေအား သေချာပုံသွင်းလိုက်ပြီးနောက် ခပ်မြန်မြန်ပြေးထွက်သွားလိုက်သည်။

"လာပြီ! လာပြီ!"

အပေါ်ထပ်က ပြေးဆင်းလာတဲ့ အလှတရားလေးအားကြည့်ရင်း ဆွန်းချောလ်ပါးချိုင့်တွေ ခွက်၀င်‌သည်အထိ ပြုံးလိုက်မိ‌လေ၏။

"တောင်းပန်ပါတယ် စောင့်ရတာ ကြာသွားလား.. ‌ကိုကိုက ‌အစောကြီးရောက်နေတာကို.."

ဆွဲသားအင်္ကျီလက်ရှည်အနက်ရောင်အပေါ်မှာ တလက်လက်အဆင်းလေးတွေဟာ ဆွန်းယောင်းနဲ့ပနံ့သင့်နေပြီး ဘောင်းဘီအနက်ရောင်ခပ်ကျပ်ကျပ်လေးဟာ ဆွန်းယောင်းရဲ့ လှပတဲ့ခြေတံသွယ်သွယ်တွေကို ပိုပြီး လှလှပပလေးထင်ပေါ်စေသည်။

Leather boots အနက်ရောင်လေးကိုစီးရင်း ခပ်ဆူဆူလေးပြောလာသူဟာ ဆွန်းချောလ်အပိုင်လေးပါတဲ့လေ...။ ဧည့်ခန်းရှိဆိုဖာတွင် ဆွန်းယောင်းအမေနဲ့ စကားပြောနေရင်းမှ ဖိနပ်စီးတဲ့ ခုံပေါ်ထိုင်၍ boots စီးနေသူလေးကို တွေ့သည့်အခါ ဆွန်းချောလ်စကားစကိုဖြတ်၍ ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ဆွန်းယောင်းရှေ့ ဒူးထောက်ထိုင်လိုက်ကာ ခြေထောက်နုနုလေးအား ဆွဲယူ၍ ဆွန်းချောလ်ကိုယ်တိုင် စီးပေးနေလေ၏။

"ကိုယ် ‌ဆွန်းယောင်းကို စောင့်ရလို့ မငြိုငြင်ပါဘူးကွာ"

ဆွန်းချောလ်ပါးချိုင့်တွေ နက်နက်ရှိုင်းရှိုင်းပေါ်သည်အထိ ပြုံးပြလိုက်သည့်အခါ ခုံပေါ်မှ အလှတရားလေးဟာ သူ့ပုခုံးတွေအပေါ်သို့ လက်တင်ရင်း ထိုပါးချိုင့်တွေအား ခပ်ဖွဖွဖိကပ်နမ်းလာလေရဲ့...။

"ဒါတောင်းပန်တဲ့အနေနဲ့ ပေးတာ ဟိဟိ"

"ဟားးးးဟုတ်ပါပီဗျာ ဒါဆိုသွားကြမလား?"

"အွန်း~"

ခေါင်းတစ်စက်စက်ငြိမ့်ပြသည့်အခါ ဆွန်းယောင်း၏ ပါးနုနုအိအိတွေအား ဆွန်းချောလ်ခပ်ဖွဖွလေးဖစ်ညှစ်လိုက်သည်။

The Way I Love You || soongyuWhere stories live. Discover now