抖阴社区

And say I don't love you

191 21 8
                                    

ဒိုဂယောင်းရဲ့ party မှ ပြန်လာပြီးထဲက စိတ်တွေ ရှုပ်နေခဲ့တာအပြင် မှန်တင်ခုံအံဆွဲကိုဖွင့်ကြည့်မိလိုက်တော့ ငွေရောင် clover ဆွဲကြိုးလေးကို မြင်ပြီး မင်ဂယူ့စိတ်တွင် အမည်မဖော်နိုင်တဲ့ခံစားချက်တွေ ပေါ်ပေါက်လာခဲ့ရသည်။

ညည့်နက်နေသော်လည်း အိပ်မပျော်သောကြောင့် ‌ညဘက်ကြီး ဦးတည်မိတာက ဟန်မြစ်ကမ်းဘေးက ဆိုဂျူတဲဆိုင်လေးဆီ...။

တဲလေးဆီရောက်သည့်အခါ သူ့မျက်လုံးတွေ ဝိုင်းစက်သွားခဲ့ရသည်။ ဆိုဂျူ‌တဲလေးရဲ့ ခပ်လှမ်းလှမ်းတွင် ဆောင့်ကြောင့်လေးထိုင်ရင်း ငိုနေသည့် ငွေမျှင်ရောင်ဆံနွယ်တွေနဲ့လူ။

မင်ဂယူ ခဏကြာကြာရပ်ကြည့်နေမိပြီး နည်းနည်းအငိုရပ်သွားတော့မှ ထိုသူ၏ အရှေ့သို့သွားကာ လက်ကမ်းပေးလိုက်သည်။
သို့သော်သူ့လက်ကို မကိုင်ပဲ ယိုင်နဲ့စွာ ထသွားသူဟာ မူးနေသည့်ပုံ....။

ညတော်တော်ပင် မိုးချုပ်နေပြီ မပြန်သေးဘူး။ ဒီအချိန်ထိ သောက်နေလို့ ဆူချင်သော်လဲ မျက်စိရှေ့မှောက်က လူသားက အရင်လို သူ့အပိုင်လေးမဟုတ်တော့ ဘာမှပြောမရ။

စိတ်ပူလို့ လိုက်ပို့မယ်ပြောသည့်အခါ ခါးသီးစွားငြင်းဆန်သူကြောင့် သူ့ဒေါသမီးလေး အနည်းငယ်တောက်ကာ ခပ်ကြမ်းကြမ်းတွေ ပြောလိုက်မိတယ်။
သူပြောလိုက်တဲ့ ခပ်ကြမ်းကြမ်းစကားတွေအား ဖျော့တော့စွာ တုံ့ပြန်သူဟာ သူ့ကို မသိခဲ့တဲ့လူလို သဘောထားပေးပါတဲ့။

သူဘာမှပြန်မပြောနိုင်သလို ဆွဲလဲမထားနိုင်ခဲ့ဘူး။
နာနာကျင်ငိုရင်း ထွက်သွားသည့် တသိမ့်သိမ့်တုန်နေတဲ့ ကျောပြင်သေးသေးလေးကိုသာ ကြည့်ရင်း မင်ဂယူ့ရင်ဘတ်တွေ အောင့်နေရခဲ့သည်။

*

"သားငယ်ရေ! မင်းကိုကိုရောက်နေတယ်"

အောက်ထပ်မှ လှမ်းကြားရတဲ့ မေမေ့ခေါ်သံကြောင့် သူနိုးသွားသော်လည်း မျက်လုံးမဖွင့်နိုင်...။ မနေ့ညက မူး၍အငှားကားနဲ့ ပြန်လာပြီးနောက် သူတစ်ညလုံးငိုခဲ့မိတာ...ကုတင်ပေါ်မှာ ပျံ့ကျဲနေတဲ့ polaroid ဓာတ်ပုံတွေက သက်သေ...။ ည ၂နာရီကြီးမှာ မောင့်နာမည်ကို ငိုယိုအော်ဟစ်ရင်း ကျိန်ဆဲခဲ့မိတာ...။ ဒီလိုဖောင်းအစ်နေတဲ့ မျက်လုံးတွေနဲ့ သူဘယ်လိုများဆင်းတွေရပါ့မလဲ..။

The Way I Love You || soongyuWhere stories live. Discover now