抖阴社区

I don't wanna lie

Start from the beginning
                                    

"ဒါဆို ကျွန်တော်တို့သွားလိုက်ပါဦးမယ်နော် အမေ"

"အေး အေး ကောင်းကောင်းသွားကြ"

"သွားပြီ မေမေ!!"

ဆွန်းချောလ်အနေနဲ့က လက်ရှိအချိန်တွင် ဆွန်းယောင်း၏ ချစ်သူလဲဖြစ်သလို အုပ်ထိန်းသူလို့ပြောရင်လဲ မမှားပါဘူး။ ဆွန်းယောင်းနဲ့ စတွဲဖြစ်ပြီး သိပ်မကြာခင်မှာပင် ဆွန်းယောင်းမိဘတွေနဲ့ သူဟာ ရင်းနှီးခဲ့ကြသည်။

စီးပွားရေးလုပ်ငန်းရှင်လဲ ဖြစ်သလို SCOUPS entertainment ရဲ့ CEO လဲဖြစ်တဲ့ သူ့အား ဆွန်းယောင်းအဖေဖြစ်သူက သိပ်သဘောတွေ့ခဲ့သည်။ စကားပြောကောင်းပြီး ရင့်ကျက်တဲ့ သူ့ကို ဆွန်းယောင်းအမေကလဲ သိပ်အားကိုးပြီး သားဖြစ်သူကို စိတ်ချလက်ချအပ်ထားသည်လေ။

ယခုလဲ သူဆွန်းယောင်းအမေကို နှုတ်ဆက်သည့်အခါ ဘေးနားမှာ ရှိတဲ့ ဆွန်းယောင်းကပါ အသံဆာဆာလေးနဲ့ လက်နှုတ်ဆက်သောကြောင့် ဆွန်းချောလ် တပြုံးပြုံးဖြင့်သာ ကြည့်နေမိလေရဲ့။

ခြံရှေ့ရောက်လို့ ကားတံခါးဖွင့်ပေးလိုက်သည့်အခါ ငွေမျှင်ရောင်ဆံနွယ်လှလှလေးတွေနဲ့ သူ့အလှတရားလေးဟာ ကျော့ကျော့မော့မော့လေးဖြင့် lover seat တွင် ၀င်ထိုင်လေ၏။

"မင်းဒီညအရမ်းလှနေတယ် ဆွန်းယောင်း.."

Diver seat တွင် ထိုင်ရင်း ဆွန်းယောင်းထံသို နစ်၀င်စွာကြည့်ရင်း ပြောလာသည့်စကားကြောင့်
ဆွန်းယောင်းပါးပြင်လေးတွေ အပူလှိုင်းဖြတ်ပြေးသွားရသည်။

သို့သော် မသိမသာလေးခိုးပြုံးရင်း ဆွန်း‌‌ယောင်းကျေနပ်နေမိသည်။ ဆွန်းချောလ်က သူ့ကို ဒီလို ယုယတတ်ပြီး ချစ်ကြောင်းတွေလဲ တဖွဖွပြောတတ်ပါ၏။ သူ့မျက်နှာကို တစ်ချက်မှ အငြိုးမခံသလို ဘယ်အချိန်ဖြစ်ဖြစ် သူ့အတွက် အမြဲရှိနေတတ်တယ်လေ။ သူ့ဖြစ်တည်မှုဟာ ဆွန်းချောလ်အတွက် အမြဲတမ်းနံပါတ်တစ် ဦးစားပေးဖြစ်နေတာမျိုး...။ ဒါကြောင့်လဲ သူဆွန်းချောလ်နဲ့အတူရှိတိုင်း သက်တောင့်သက်သာဖြစ်ရတယ်လေ။

~

ဆူဆူညံညံသီချင်းသံတွေကြား ကခုန်သူတွေဟာတစ်မျိုး သောက်စားပျော်ပါးနေကြသူတွေဟာတစ်ဖုံဖြင့် နာမည်ကြီးအဆိုတော် Lee Dokyeom ရဲ့ comeback listening party ဟာ သိပ်ကိုမြိုင်မြိုင်ဆိုင်ဆိုင်..။

The Way I Love You || soongyuWhere stories live. Discover now