ဆွန်းယောင်း ဝိုင်ခွက်ကို ကိုင်ရင်း ထောင့်ကျကျဝိုင်းတွင် ခပ်ကျော့ကျော့လေးရပ်ကာ party ထဲက လူတွေကို လိုက်ကြည့်နေချိန် ဒိုဂယောင်းမှ သူ့ကို လက်ပြနှုတ်ဆက်လာသောကြောင့် သူဒိုဂယောင်းရှိရာသို့ လျှောက်သွားလိုက်သည်။
"Comeback အတွက် ဂုဏ်ပြုပါတယ်! မင်းတကယ်မိုက်တယ်"
ဆွန်းယောင်း၏ ဂုဏ်ပြုစကားအား ဒိုဂယောင်း ကြည်ဖြူစွာ လက်ခံရင်း ပြုံးပြလိုက်သည်။
"ကျေးဇူးပါ အကိုဆွန်းယောင်း...ဒါနဲ့ ကျွန်တော်တို့CEO အကို့ဘဲကြီးရော?"
ဒိုဂယောင်းရွှတ်နောက်နောက်ပြောသည့်အခါ ဆွန်းယောင်း ဒိုဂယောင်းပခုံးအား ခပ်နာနာလေး တစ်ချက်ရိုက်ပစ်လိုက်တယ်။
"အာ့!"
"မင်းငါ့ကို တွေ့တိုင်း အာ့လိုစနေမှာဆို နောက်တခါ comeback party ကျ ငါမလာဘဲနေမှာနော် ဟေ့ကောင်"
"ဟဲဟဲ စတာပါဗျာ မကြိုက်ရင် မစတော့ဘူးလေ.. မလာဘဲနဲ့တော့ မနေပါနဲ့ အကိုကလဲ..အကို ကျွန်တော့် party ကို လာဖို့ အမြဲတမ်း တတွတ်တွတ်ပြောမှရတာကို...အဲ့တာတောင် ဒီနှစ်မှ ပထမဆုံးလာတာလေ"
ဆွန်းယောင်းရီလိုက်သည်။ ဟုတ်တာတော့ ဟုတ်ပါတယ်လေ။ ဆွန်းချောလ်ရဲ့ entertainment မှာ training ဖြစ်ခဲ့တဲ့ ဒိုဂယောင်းကို ဆွန်းချောလ်မိတ်ဆက်ပေးလို့ သိခဲ့ကြတာ ကြာပြီဆိုပေမဲ့ debut ပြီး အောင်မြင်လာသည့်အခါ comeback party လာဖို့ ဖိတ်တိုင်း အမြဲငြင်းခဲ့တာလေ။ ဒီနှစ်မှ ပထမဆုံးလက်ခံလိုက်တာမို့ အီဒိုဂယောင်းကတော့ ပျော်နေပုံရသည်...။ဒါကြောင့် အူတွေမြူးကာ သူ့ကို လိုက်စနေခြင်း။
"Comeback အတွက် ဂုဏ်ပြုပါတယ်"
ဒိုဂယောင်းနဲ့ဆွန်းယောင်း၏ စကား၀ိုင်းသို့ suit အပြည့်နဲ့ ဆွန်းချောလ်ရောက်လာ၍ ဂုဏ်ပြုစကားဆိုသည်။
"ကျေးဇူးပါဗျာ CEOကြီးရဲ့ ဂရုစိုက်ပေးမှုတွေကြောင့် ဒီကဒိုဂယောင်းလေးက အခုလို အောင်မြင်လာရတာပါ"
"ပုံမှန်အတိုင်း ပြောစမ်းပါ ဟေ့ကောင်ရ!နားထဲမှာ ကြားရတာ ကန့်လန့်ကြီး"
ဒိုဂယောင်းစကားအား ဆွန်းချောလ်ရှုံ့မဲ့စွာ တုံ့ပြန်သည့်အခါ ဆွန်းယောင်းဟာ ဝိုင်ခွက်လေးကိုင်ရင်း တခိခိရီသည်။

YOU ARE READING
The Way I Love You || soongyu
FanfictionMingyu pov : Glimpse of us by Joji Soonyoung pov : The way I love you by Taylor swift
I don't wanna lie
Start from the beginning