抖阴社区

I don't wanna lie

Start from the beginning
                                    

"ဒါနဲ့ အကို့အလှလေးကို ဘယ်လိုများရအောင်ခေါ်လာခဲ့တာလဲ ကျွန်တော်ခေါ်တိုင်း မလာဘဲနဲ့"

ဘေးက ဆွန်းယောင်းအား မေးငေါ့ပြကာ မေးတော့ ဆွန်းချောလ်ဟာ ဆွန်းယောင်းကို ကြည့်ရင်း ရီလိုက်၏။

"ငါ့ကလေးက ဒီတစ်ခေါက်တော့ လိုက်ချင်တယ်ဆိုလို့ ခေါ်လာတာလေ ငါအတင်းအကြပ်ခေါ်လာတာမဟုတ်ပါဘူး..ငါ့ကလေးသဘောမပါရင် ငါကဘာကိုမှ အတင်းအကြပ်မလုပ်ဘူး‌"

ဒိုဂယောင်း ဝိုင်ခွက်ကို လက်တစ်ဖက်နှင့်ကိုင်ထားရင်း နောက်လက်တစ်ဖက်က ပါးစပ်ကို အုပ်လိုက်သည်။

"တကယ်ကို ငါတို့ CEO က တောအုပ်ကြီးဟေးးးးတောအုပ်ကိုမှ အမေဇုန်တောအုပ်..စိမ်းတာမှစိုနေတာပဲ!!"

ဒိုဂယောင်းရဲ့စကားအား ဆွန်းချောလ်ခေါင်းတခါခါနဲ့သာ ပြုံးနေပြီး ဆွန်းယောင်းကတော့ ပါးမို့လေးတွေရဲတက်ရင်း ဝိုင်ကိုသာ ဖိသောက်နေလေ၏။

ထို့နောက်တွင် producer Woozi ရောက်လာ၍ ဆွန်းချောလ်တို့ စကားဝိုင်းကောင်းနေတော့သည်။ ဆွန်းယောင်းကတော့ ဘာမှသိပ်၀င်မပြောမိဘဲ dance floor ကို ကြည့်လိုက် ဝိုင်လေးတစ်ငုံသောက်လိုက်ဖြင့် ငြိမ်ငြိမ်လေးသာ နေနေ၏။

"တောင်းပန်ပါတယ်!ငါနည်းနည်းနောက်ကျသွားတယ်"

ဆွန်းယောင်း dance floor ဘက်ကို ကျောပေးကြည့်‌နေချိန်တွင် ရင်းနှီးသည့်အသံကို ကြားလိုက်ရသောကြောင့် eyeshadow ကူထားသည့် မျက်၀န်းကျဉ်းကျဉ်းတွေ အတွင်းရှိ မျက်ဆံလေးတွေဟာ တုန်ရီသွားတော့သည်။

သီချင်းသံတွေကြောင့် ထင်ယောင်ထင်မှားဖြစ်တာနေမှာပါ...။

ဝိုင်ခွက်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း မဝံ့မရဲလှည့်ကြည့်လိုက်သည့်အခါ သူ့ခြေထောက်တွေ တုန်ရီစွာ နောက်ကို ယိုင်သွားရသည်။

လည်ထောင်အင်္ကျီအနက်ရောင်ကို အပေါ်မှအနက်ရောင် coat ‌ဖြင့် ရိုးရိုးလေးပဲ ၀တ်လာသူဟာ အနည်းငယ်ရှည်နေသည့် ဆံပင်နက်နက်တွေအား Dior နေကာမျက်မှန်ဖြင့် ခေါင်းပေါ်ပင့်တင်ထားသည်။

သုံးနှစ်...သုံးနှစ်တောင်ကျော်ခဲ့ပြီ။ သူတို့အဆက်သွယ်ပြတ်သွားခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီဆိုတာ သူ့ရှေ့မှာရပ်၍ ဒိုဂယောင်းကို နှုတ်ဆက်နေသူ၏ ဆံပင်ခပ်ရှည်ရှည်တွေကို ကြည့်ရင် သိနိုင်သည်။

The Way I Love You || soongyuWhere stories live. Discover now