抖阴社区

I don't wanna lie

Start from the beginning
                                    

ဒိုဂယောင်းကို နှုတ်ဆက်နေရာမှ သူ့ဘက်ကို အကြည့်ရောက်လာတဲ့အခါ သူချက်ချင်း အကြည့်လွှဲလိုက်တယ်။ ဝဲတက်လာတဲ့မျက်ရည်တွေအား မျက်တောင်ခက်ကာ ပြန်သွင်းလိုက်ပြီး စို့နင့်လာတဲ့ ရင်ဘတ်အား ဝိုင်နီတွေကို ဆက်တိုက်သောက်၍ ဖိနှိပ်လိုက်သည်။

မခိုင်တော့တဲ့ ခြေထောက်တွေအား လစ်လျှူရှူကာ ဆွန်းချောလ်လက်မောင်းတစ်ဖက်အား တုန်တုန်ရီရီနှင့် ဆွဲကိုင်လိုက်သည်။

"အာ အကို ကျွန်တော်မိတ်ဆက်ပေးရဦးမယ် ဒါကျွန်တော့်သူငယ်ချင်းလေ producer Kim Mingyu တဲ့ WW entertainment က..အကိုဝူဂျီနဲ့လဲ သိတယ်"

"တွေ့ရတာ၀မ်းသာပါတယ်"

ဆွန်းချောလ်လက်ဆွဲနှုတ်ဆက်ရန် လက်တစ်ဖက်အားရှေ့တိုးပေးလိုက်သော်လည်း မင်ဂယူအကြည့်တွေဟာ ဆွန်းချောလ်ဘေးကလူဆီကိုရောက်သွားခဲ့သည်။

"အာ ကျွန်တော်လဲ တွေ့ရတာ၀မ်းသာပါတယ်"

မင်ဂယူ ဆွန်း‌ယောင်းကိုအကြည့်‌လွှဲကာ ဆွန်းချောလ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ မင်ဂယူ့ဘက်က အဆင်ပြေစွာ ဒိုဂယောင်းတို့နဲ့ စကားပြောနေသော်လည်း အဆင်မပြေနိုင်တာဟာ ဆွန်းယောင်းတစ်ယောက်တည်းသာဖြစ်၏။

စစရောက်ချင်းကထက် ပိုငြိမ်သွားကာ dance floor ရဲ့ ဘေးမှာ မတ်တပ်ရပ်၍ ပြုံးရယ်နေသူကိုပဲ ခိုးခိုးကြည့်နေမိသည်။

"အဆင်မပြေဘူးမလား"

‌"ကိုကို?"

"ဆွန်း‌ယောင်း အဆင်မပြေလို့ ပြန်မယ်ဆိုလဲရတယ်နော်"

ချွဲဆွန်းချောလ်ဆိုတဲ့ သူက သိပ်သိတာပေါ့။ ဒီကလေးက မင်ဂယူ့အပေါ် မပြီးပြတ်နိုင်သေးဘူးဆိုတာ သူသိပ်သိတာပေါ့။ ဆွန်းယောင်းကို ပိုင်ပေမဲ့ အခုချိန်မှာ ဆွန်းယောင်းဆီက အနမ်းတွေဟာ သူ့အတွက်ဆိုပေမဲ့ ဆွန်းယောင်းရဲ့ နှလုံးသားတစ်ခုလုံးကတော့ သူ့အတွက်မဟုတ်ဘူးဆိုတာ သူသိပ်သိတာပေါ့...။

ဆွန်းယောင်းဘယ်လိုမှ နေလို့ထိုင်လို့ အဆင်မပြေတော့တာကြောင့် ဒိုဂ‌ယောင်းကိုတောင် မနှုတ်ဆက်နိုင်တော့ဘဲ party ထဲက ထွက်လာခဲ့မိသည်။

The Way I Love You || soongyuWhere stories live. Discover now