တကယ်တမ်းက မနှုတ်ဆက်နိုင်တာမဟုတ်ဘဲ နှုတ်ဆက်ဖို့အတွက် ဒိုဂယောင်းနားကို မသွားနိုင်တာပင်။ ဒိုဂယောင်းဘေးက လူရဲ့အပြုံးတွေ..အဆင်ပြေပြေရှိနေနိုင်တာတွေကို မြင်ရင် သူအဲ့နေရာမှာ ဆက်ပြီးတောင်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ ကြိုသိနေသောကြောင့် ခပ်သုတ်သုတ်ပဲ ထွက်လာခဲ့မိတာပေါ့။
"တောင်းပန်ပါတယ်.."
အိမ်ရှေ့ရောက်သည့်အခါ ဆွန်းချောလ်မျက်လုံးကို တည့်တည့်မကြည့်ရဲပဲ တောင်းပန်စကားဆိုမိသည်။
"ဘာကိုလဲ ဆွန်းယောင်း"
"........"
"ကိုယ်စိတ်ထဲမထားဘူး ကလေး အခုကလေးက ကိုယ်နဲ့ပဲ ပိုအနေနီးတာလေ"
ဆွန်းယောင်းဘာမှမပြောနိုင်စွာ နှုတ်ဆိတ်နေမိပြီး လက်သည်းထိပ်လေးကိုပဲ ကုတ်ဖဲ့နေမိသည်။
"ကိုယ့်ကိုအားနားဖို့မလိုတာမို့ စိတ်ထဲမထားပါနဲ့ အခုမိုးချုပ်နေပြီမို့ အိမ်ထဲ၀င်တော့နော်"
ထိုသို့ပြောပြီးနောက် ဆွန်းချောလ်က သူ့နဖူးထက်ကို အနမ်းနွေးနွေးတွေ ခြွေချသည်။
ဆွန်းချောလ်ထွက်သွားသည့်အခါ ဆွန်းယောင်းလေးလံနေတဲ့ခြေထောက်တွေနဲ့ အိမ်ထဲသို့၀င်လာခဲ့တယ်။
အ၀တ်တွေတောင် မလဲနိုင်ပဲ ကုတင်ပေါ် ပက်လက် လှဲချပစ်လိုက်ပြီး အခန်းမျက်နှာကျက်ပေါ်မှ မီးဆိုင်းကိုစိုက်ကြည့်ရင်း မျက်လုံးထောင့်မှ မျက်ရည်တွေစီးကျလာသည်။
ပက်လက်အနေအထားမှ ဘေးတစ်စောင်းပြောင်းလိုက်ပြီး ဖုန်းကိုဖွင့်ကာ gallery ထဲက ဖွင့်မကြည့်ဖြစ်ခဲ့တာ သုံးနှစ်ရှိခဲ့ပြီဖြစ်တဲ့ album လေးအား တုန်ရီစွာထိလိုက်မိတဲ့အခါ အစီအရီပေါ်ထွက်လာတဲ့ memories တွေ...။
တစ်ပုံချင်းဆီလိုက်ကြည့်ရင်း နောက်ဆုံးပုံသို့ရောက်သည့်အခါ ဆွန်းယောင်းတောင့်မခံနိုင်တော့စွာ စို့စို့နင့်နင့်ငိုချလိုက်မိတော့သည်။
"မောင် producer ဖြစ်ရင် မောင်ရေးတဲ့သီချင်းတွ မောင်ထုတ်တဲ့သီချင်းတွေက အကုန်လုံး မင်းကိုပဲ ကိုယ်စားပြုနေမှာ"

YOU ARE READING
The Way I Love You || soongyu
FanfictionMingyu pov : Glimpse of us by Joji Soonyoung pov : The way I love you by Taylor swift
I don't wanna lie
Start from the beginning