抖阴社区

I don't wanna lie

Start from the beginning
                                    

ဖုန်းကို ကိုင်ထားတဲ့လက်တွေဟာ တုန်ရီလာကာ ရိုက်သံတွေထွက်လာပြီး အသက်ရှူကြပ်သည်အထိ နာကျင်စွာ ငိုနေမိသည်။ တင်းကြပ်နေတဲ့ ရင်ဘတ်ကို ခပ်နာနာထုရင်း ကိုယ့်ကိုကိုယ်ဒဏ်ခတ်မိသည်။

သူဘာကြောင့် ဒီလိုစိတ်မပြတ်နိုင်ရသလဲ မသိခဲ့ပါ။
သေချာတာကတော့ သူမောင့်ကို မေ့လို့ရတဲ့နေ့ သတိမရတဲ့နေ့ဆိုတာ တစ်ရက်မှမရှိခဲ့ပါ။

*

*

*

ရေချိုးခန်းထဲရှိ ရေပန်းကိုဖွင့်ထားရင်း ထိုရေပန်းအောက်မတ်တပ်ရပ်နေမိတာ ဘယ်နှနာရီရှိပြီလဲ သူမသိတော့။ ရေစိုနေသည့် အနည်းငယ် ရှည်နေပြီဖြစ်သော ဆံပင်တွေအား လက်ဖြင့် နောက်သို့သပ်တင်လိုက်ကာ ရေပန်းမှ ထွက်လာသည့်ရေတွေကို မျက်နှာဖြင့်ခံရင်း မျက်လုံးမှိတ်ထားလိုက်သည်။

မျက်လုံးမှိတ်ထားချိန်တွင် အစီအရီပေါ်လာတဲ့ မှတ်ဉာဏ်တွေနဲ့ အသံတွေ...။

"မောင်! ရေကိုဘာလို့အကြာကြီးချိုးနေတာလဲ!"

"မောင် ငါမောင်နဲ့တူတဲ့ အာလူးအရုပ်လေး ၀ယ်လာခဲ့တယ်"

"မောင် producerကြီးဖြစ်ရင် ငါက အကုန်လုံးကို လိုက်ပတ်ကြွားပစ်မှာ မောင်ထုတ်ထားတဲ့ သီချင်းတွေကိုပြပြီး ဒါငါ့အတွက်ထုတ်ထားတာ‌ဆိုပြီး တစ်ကမ္ဘာလုံးကို ပြောပစ်မှာ"

"ငါ မောင့်ကိုအများကြီးချစ်တယ်..."

မင်ဂယူ့မျက်နှာပေါ်မှာ စီးကျနေတာဟာ ရေတွေလား မျက်ရည်တွေလား မသဲကွဲသော်လည်း ရေတွေလို့ပဲ လိမ်လိုက်ချင်ပါတယ်။

Party ထဲ အချိန်မှီရောက်ခဲ့သော်လဲ အဝေးကလှမ်းမြင်ရတဲ့ ငွေမျှင်ရောင်ဆံနွယ်တွေနဲ့ လူသားကြောင့် မင်ဂယူ့ခြေလှမ်းတွေဟာ party အ၀မှာတင် ရပ်တန့်သွားခဲ့ရတယ်။

သူနဲ့တုန်းကထက် ပိုလှနေတဲ့ သူ့ရီးစားဟောင်းလေးက အများကြီးအချစ်ခံနေရပုံပါပဲ။
သူနဲ့တုန်းက အနက်ရောင်ဆံနွယ်တွေနဲ့ ခေါင်းလုံးလုံးလေးဟာ အခုတော့ ငွေမျှင်ရောင်ဆံနွယ်တွေနဲ့ လှချင်တိုင်းကို ပိုပိုသာသာလှနေခဲ့တယ်။ သုံးနှစ်တောင်ကြာသွားလဲ သူ့ရီးစားဟောင်းလေးကတော့ လှနေဆဲပါပဲ။

The Way I Love You || soongyuWhere stories live. Discover now