抖阴社区

II

234 25 6
                                        

အင်ချွန်းလေဆိပ်

မင်ကယူတို့ သူငယ်ချင်းတွေ စကားတပြောပြော လမ်းလျှောက်လာရင်း

~ဘုတ်~

ကောင်လေး တစ်ယောက်နဲ့ တိုက်မိသွားတော့

ကိုယ်က နောက်ကျောပေးပြီ လမ်းလျှောက်တော့ ကိုယ့်အပြစ်မလို့

'' sorry ပါ မမြင်လိုက်လို့ '' လက်ကမ်းပေးလိုက်တော့

''ရပါတယ်'' ပြောရင်း ကိုယ့်လက်ကို ကိုင်ကာ
ထွက်သွားတဲ့ ကောင်လေး

ဖြူဖြူဖွေးဖွေးကလေးနဲ့ ဂုတ်ထိရှည်နေတဲ့ ဆံပင်အနက်ရောင်နဲ့ ကောင်လေး မင်ကယူ သေသေချာချာ ကြည့်မိပါတယ်
ထိုကောင်လေးက မျက်လွှာကို ချထားပြီ မည်သည့် စိတ်ခံစားချက် တစ်စုံတစ်ရာမျှမပြ ငြိမ်သက်နေသော မျက်နှာထားနဲ့ ''ရပါတယ်'' ပြောပြီး ထွက်သွားတော့သည်

မင်ကယူလဲ ထိုကောင်လေးကို ကြည့်ရင်း ကိုယ်နဲ့ မဆိုင်သူမို့ ဆက်မကြည့်ဘဲ ကိုယ်လမ်းကိုယ်သာပြန်ခဲ့လိုက်တယ်

လေဆိပ်အပြင်မှာတော့ အိမ်ကလာကြိုသော ကားေတွပေါ်တက်ပြီး အိမ်ကို အရင်ပြန်ကြတဲ့ သူငယ်ချင်းတစ်စု

မင်ကယူ အိမ်ရောက်တော့ မေမေက ထွက်စောင့်နေလေတယ်

''မာမီ~~~''
အမေဖြစ်သူကို အတင်းပြေးဖက်ကာ ချွဲနေပါသော မင်ကယူရယ်ပါ

Mrs. Kim ကလဲ သားကိုဖက်ထားပြီ

'' အမလေး အခုမှ လာပြီးတော့ ခန္ဓာကိုယ်ကြီးနဲ့မှ မလိုက်မချွဲနဲ့''

''မာမီကလဲ ~~~ ''
အခုထက်ထိ အမေဖြစ်သူကို မလွှတ်သေးဘဲ ချွဲနေဆဲ

'' အစကတည်းက ပြန်လာခိုင်းနေတာကို ဒီမအေ အာပေါက်နေပြီ ပြောနေတာကို ဒီ ၁ ပတ်လေးစောင့်ပါဦး ဟို ၁ ပတ်လေးနဲ့ ဟိုရွှေ့ ဒီရွှေ့နဲ့ ၁ လတောင် ထက်နေ နေ ပြီးတော့မှ

''မေမေကလဲ စောစောလာရင် ဒယ်ဒီ ဖားသား ပါးပါး ဖေဖေ ကျွေးသဖခင် ကျေးဇူးရှင်ကြီးက နေတိုင်း သြဇာသီးကျွေးပြီး သူ့အလုပ်ထဲ သွတ်သွင်းပြီး မေမေ့သားက လွတ်လွတ်လပ်လပ် ဘယ်ပျော်နိုင်ပါ့တော့မလဲ ''

'' အေးပါ သာလိကာရယ် သူဘဲပြောတော့ အခု ရေ မိုး ချိုးပြီ နားလိုက် မေမေ ထမင်းပြင်ထားမယ် ''

?????? ?? ???? ????Where stories live. Discover now