抖阴社区

III

211 23 6
                                        

'' ဟုတ် ဆောမြောင်ဟိုပါ '' ပြောရင်းလက်ကမ်းလာပေးတဲ့ ကောင်လေးကြောင့် မင်ဂယူလဲ လက်ဆွဲနှုတ်ဆက်ကာ

'' မင်ဂယူပါ ''

'' မြောင်ဟိုက သူ့ဖေဖေရဲ့ လုပ်ငန်းတွေထဲ ဝင်ကူနေပြီလေ မင်းလိုမဟုတ်ဘူး '' ပုခုံးပုတ်ကာ မင်ဂယူအား စောင်းကြည့်ပြီး ပြောပြခဲ့တဲ့ ဒယ်ဒီ

'' သား တရုတ်ကို သွားတယ်ကြားထားတာ ''

'' ဟုတ် အန်ကယ် ဒီမနက်ဘဲ ပြန်ရောက်တာ ''

'' အေးကွယ် ''

'' ဘာမှမဟုတ်ပါဘူး အသေးအမွှားကိစ္စလောက်ပါဘဲ ဒီကိုခေါ်လာတာကလဲ သူအမြင်ကျယ်အောင်ပေါ့ '' Mr. Kim ကို ကြည့်ရင်း ပြောလိုက်တဲ့ Mr. Seo

Mr. Seo ကို ကြည့်လိုက်ကာ မျက်နှာထက်အပြုံးမမည်သော အပြုံးသေးသေးလေးချိတ်ကာ ခေါင်းငုံ့ထားလိုက်တဲ့ မြောင်ဟို

'' ဘာဘဲပြောပြော မြောင်ဂျင်းရေ မင်းကတော့ အားကိုးရတဲ့ သားတွေရထားတာဘဲ ''

'' ဟား ဟား မဟုတ်ပါဘူး သူတို့ စိတ်ဝင်စားရာပါ မင်ဂယူကလဲ ထက်မြတ်တဲ့ ကလေးတစ်ယောက်ဘဲ '' မင်ဂယူအား ကြည့်ကာ ပြုံးပြုံးလေး ပြောပြခဲ့တဲ့ Mr. Seo ကြောင့် မင်ဂယူလဲ တစ်ချက်ပြုံးပြလိုက်တယ်

မြောင်ဟိုကို မင်ဂယူကြည့်မိတော့ ဘာသိဘာသာပင် ရှန်ပိန်ကို အရသာခံသောက်နေသောသူ အရှေ့က စကားပွဲထဲဝင်ချင်မပြု

မင်ဂယူလဲ ရှန်ပိန်ကိုမော့လိုက်ရင်း ဖေဖေတို့ စကားဝိုင်းကိုသာ နားစွင့်ထားလိုက်တော့တယ်

'' နောက်တစ်ပတ် အချိန်ရကြလား အိမ်သူတွေခေါ်ပြီး ၂ မိသားစု ညစာ တူတူစားကြမလို့ ''

'' အေး မဆိုးဘူး မတွေ့ရတာလဲကြာပြီ ဆိုတော့''

'' ဟား ဟား လာ ခွက်တိုက်ရအောင် '' ပြောရင်း ၄ ယောက်သား ခွက်တိုက်ကာ ရှန်ပိန်ကို မော့လိုက်ကြသည်။

မနက် ၆ နာရီ

Alarm မြည်တာနဲ့ မြောင်ဟို alarm ကိုပိတ်လိုက်ပြီ မျက်စိကိုဖွင့်လိုက်တယ် alarm မမြည်ခင်ကတည်းကိုက သူနိုးနေတာပင် ဒီအချိန်နေ့တိုင်း အိပ်ရာထတော့ ဒီအချိန်ရောက်တိုင်း ပုံမှန်နိုးနေကျပင်

?????? ?? ???? ????Where stories live. Discover now