(Unicode)
ရှင်းယဲ့သည် လောလောဆယ် သူဘယ်လိုလုပ် ဒီခန္ဓာကိုယ်ထဲရောက်နေလဲ မသိသလို ဘာလို့သူဆေးရုံတက်ရတာလဲနဲ့ အဲ့တာက အန္တရာယ်ရှိ၊မရှိကိုလဲ သူနားမလည်ပေ။ အခု သူလုပ်ရမဲ့တခုတည်းသောအရာက မူလပိုင်ရှင်အတိုင်း ဟန်ဆောင်ပြီး သူများတွေ သံသယ၀င်တာကနေ ရှောင်ရှားဖို့ပင်။
ဖုန်းတွေသည် အချက်အလက်သိမ်းဆည်းရန် အကောင်းဆုံးအရာဖြစ်သည်။ chatမှတ်တမ်း၊ အသံမက်ဆေ့ချ်၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ၊ ဖိုင်တွေ၊ appတွေကနေ တဆင့် မူလပိုင်ရှင်ရဲ့အကြိုက်တွေ၊စကားပြောပုံတွေ၊ ၀ါသနာတွေ၊ အဆက်အသွယ်တွေနဲ့ မူလပိုင်ရှင်ကို ပိုနားလည်နိုင်စေရန် သူလေ့လာနိုင်သည်။
ဖုန်းသည် လက်ဗွေလော့ချထားပေမဲ့ အကြိမ်ရေအတွက်ကို ကန့်သတ်ထားခဲ့သည်။ လူအများစုက သူတို့ရဲ့လက်မ ဒါမှမဟုတ် လက်ညှိုးကို အသုံးများကြတာကြောင့် ရှင်းယဲ့အတွက် ဖုန်းကိုဖွင့်ရန် ၂ကြိမ်သာ စမ်းကြည့်ရန်လိုသည်။ ကင်မရာထဲရှိပုံများသည် လက်ဖျားခါလောက်သည်- Crossdressingပုံတွေနဲ့ လုံး၀ကို ပြည့်နှက်နေခဲ့သည်။
ရှင်းယဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်ရှာလိုက်သည်။ Chatမှတ်တမ်းတွေကလည်း အများစုကဆယ်လ်ဖီပုံတွေဖြစ်ပြီး တခြားသူတွေကို "မင်းက ဘယ်သူလဲ?" နဲ့ "ငါက ဘယ်သူလဲ?" မေးထားတာတွေသာဖြစ်သည်။
နေ့တိုင်း မှတ်ဉာဏ်တွေဆုံးရှုံးနေတတ်တဲ့လူတစ်ယောက်အနေနဲ့ သူဘာပဲလုပ်လုပ် ထူးဆန်းနေမှာမဟုတ်ပေ။ မူလပိုင်ရှင်အဖြစ် ဟန်ဆောင်ဖို့က အရမ်းကို လွယ်ကူသင့်တယ်။
Wechatတွင် ရင်းနှီးတဲ့သူငယ်ချင်းအဖြစ် မှတ်ထားတဲ့ "ငါကမင်းအဖေပဲ ငါ့contanctနာမည်ကို လျှောက်ပြောင်းနေတာရပ်လိုက်တော့" ဆိုတဲ့ တစ်စုံတစ်ယောက် က သူ့ကို စာပို့ထားခဲ့သည်: အချစ်လေး မင်းအမေနဲ့ငါက အလုပ်ခရီးထွက်နေရတယ်၊ ဆေးရုံမှာ ရက်အနည်းငယ်လောက်နေလိုက်အုန်း၊ ငါတို့ပြန်ရောက်တာနဲ့ မင်းကို အိမ်ပြန်ဖို့ လာခေါ်မယ်။ ငါတို့က ဒါကို မင်းကောင်းဖို့အတွက် လုပ်လိုက်ရတာပါ၊ အိမ်မှာ မင်းရဲ့ရောဂါအကြောင်းကို သိပြီး ဂရုစိုက်ပေးမဲ့သူတစ်ယောက်မှ မရှိဘူး၊ ဆရာ၀န်တွေကကျ ကျွမ်းကျင်တယ်လေ အဲ့တာကြောင့် သူတို့က မင်းကို ကောင်းကောင်းဂရုစိုက်ပေးနိုင်လိမ့်မယ်၊ သူတို့ရဲ့စကားကို သေချာနားထောင်ရမယ်နော် သား
