(Unicode)
Chapter 80: နှစ်သက်မှု
တကယ်လို့ ရှင်းယဲ့သာ ပုံမှန်လူဆိုရင် အဲ့တာကို သာမန်ဂိမ်းအဖြစ် မှတ်ယူသွားလောက်တယ်။ သူဆော့ချင်တယ်ဆို ခဏလောက် ဆော့လိုက်ပြီး မဆော့ချင်တော့ဘူးဆိုရင် appထဲကထွက်လိုက်ရုံသာ။ ထို့ပြင် ရုတ်တရက် သူတို့ကိုယ်သူတို့ မိန်းမ၀တ်အင်္ကျီ၀တ်ထားတာကို ရှာတွေ့သွားတဲ့သူတွေက ဂိမ်းကိုဆော့ချင်စိတ် ရှိမှာတဲ့လဲ? လက်ရှိ ပိုအရေးကြီးဆုံးအရာလဲရှိသေးသည်- အဲ့တာကတော့ သူဘာသာ စိတ်ဖောက်ပြီး သူ့ဌက်ကို မဖြတ်မိအောင် ကာကွယ်ဖို့ပင်။
ဒါပေမဲ့ ရှင်းယဲ့ကတော့ ကွာခြားသည်။
သူအသိပေးစာကို မြင်လိုက်သောအခါ သူ့ရဲ့ပထမဆုံးအတွေးမှာ ငါလဲ ဒီဂိမ်းကို မကြိုက်သလ်ို၊ မူလပိုင်ရှင်လဲ ဒီဂိမ်းက်ို မဆော့ဘူး အဲ့တာကြောင့် ငါဒီဟာကို ပိတ်လိုက်ပြီး မူလပိုင်ရှင်ရဲ့စိတ်နေစိတ်ထားကို ဆက်ပြီး လေ့လာနေလိုက်မယ်
ဒါပေမဲ့ သူappထဲကထွက်ဖို့လုပ်တဲ့အချိန်မှာပဲ တုံ့ဆ်ိုင်းသွားရသည်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး ဘ၀င်မကျတာ တခုရှိနေသည်။
မူလပိုင်ရှင်က နေ့စဥ် သူ့ရဲ့မှတ်ဉာဏ်တွေကို ဆုံးရှုံးနေတတ်ပြီး crosedressလုပ်ရတာလဲ ကြိုက်တယ်။ နေ့တိုင်း မူလပိုင်ရှင် လုပ်လေ့ရှိတာက သူ့ဖုန်းနဲ့ shoppingထွက်တတ်ပြီး အင်တာနက်ပေါ်က သူစိမ်းတွေဆီမှာ ရင်ဖွင့်တတ်တာပဲ။ Candy crushလို puzzelဂိမ်းတောင် ဖုန်းထဲမှာမရှိဘူး၊ ဒါဆို ဘာလို့ သူ့မှာ ဒီလိုလျှို့၀ှက်ဆန်းကြယ်ဂိမ်း ရှိနေရတာလဲ?
သူဖုန်းကို မွှေနှောက်ရှာကြည့်လိုက်ပြီး ထိုဂိမ်းတခုသာ ရှိတာတွေ့လိုက်ရသည်။ ထို့ပြင် အဲ့တာကိုdownloadဆွဲထားတာ တစ်လခွဲကျော်နေပြီ ဖြစ်သည်။
နေ့တိုင်း မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့သူတစ်ယောက်အတွက် နေ့တိုင်း လျှို့၀ှက်ဆန်းကြယ်နဲ့ စဥ်းစားရတဲ့ ဂိမ်းကို ဆော့တတ်တယ်ဆိုတာ ထူးဆန်းသည်။ ရှင်းယဲ့သည် မူလပိုင်ရှင်အမြင်ကနေ တွေးကြည့်ဖို့ ကြိုးစားလိုက်သည်: နေ့တိုင်း သူ့မှတ်ဉာဏ်တွေဆုံးရှုံးနေမယ်ဆိုတာ သိနေခဲ့ရင်၊ သူဂိမ်းဆော့မယ်ဆိုရင်တောင် အဲ့တာက ရိုးရှင်းပြီး အရမ်းစဥ်းစားစရာနဲ့ခေါင်းသုံးစရာ မလိုတဲ့ ဂိမ်းဖြစ်မှာပဲ။
