抖阴社区

Ch- 18

200 22 2
                                        

Arc 2 - The Lost Portrait (2)

အသံကို လူတိုင်းကြားပြီး အပြေးအလွှားသွားသောအခါ ဧည့်ခန်းထဲတွင် မိန်းကလေး သုံးယောက် တုန်တုန်ယင်ယင် ပွေ့ဖက်နေကြသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ?"

ရှန်းယွီက မေးလိုက်သည်။

မကောင်းဆိုးဝါးများနှင့် သရဲများသည် ချက်ချင်းအလျင်အမြန်တိုက်ခိုက်မည် မဟုတ်သောကြောင့် ယခုအချိန်တွင် သူတို့အုပ်စုလုံခြုံနေလောက်သေးသည်။

လင်းမြောင်မြောင်က တုန်တုန်ယင်ယင်နှင့် ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး "ကျွန်မ အမေ့ကို ဖုန်းခေါ်ချင်လို့ ဖုန်းဖွင့်လိုက်တာ ဖုန်းက အချက်ပြတာ မရှိတော့ဘူး..."

ရှန်းယွီ: "ဒါက ပုံမှန်ပါပဲ။ ထိတ်လန့်သည်းဖိုဝတ္ထုတွေက လူတွေကို ပြင်ပကမ္ဘာနဲ့ ထိတွေ့ခွင့်မပေးဘူးလေ"

ပြီးတော့ သူမက ဆက်၍ “အချက်ပြတာ မရှိပေမဲ့ ဖုန်းဘက်ထရီက အများကြီးရှိသေးတာရယ်နဲ့ ဒီမှာလည်း ရှုခင်းတွေက အရမ်းလှနေလို့လေ ကျွန်မတို့က ဆယ်ဖီဆွဲချင်လာတာ..”

ရှန်းယွီ: “....”

တကယ့်ကို ခိုင်မာတဲ့ စိတ်ဓာတ်ရှိတဲ့ အာဂသတ္တိတွေပဲ! သူပထမဆုံးဝင်တုန်းကထက်တောင် စိတ်အခြေအနေပိုကောင်းနေကြသေးတယ်!

အနည်းဆုံးတော့ ဒီလို ထိတ်လန့်စရာဝတ္ထုထဲမှာ သူသာဆိုရင် အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖို့ လုံးဝ စိတ်ကူးနိုင်မှာမဟုတ်ဘူး။

"ကျွန်မတို့ selfie ရိုက်တော့ လူ ၃ ယောက်ပဲ ရှိတယ်ဆိုတာ အသိသာကြီးလေ၊ ဒါပေမယ့် ဖုန်းထဲမှာကျတော့ မျက်နှာဘောင် ၄ ခု ရှိနေတယ်!”

"အစတုန်းက ကျွန်မဖုန်းရဲ့ censor မှာ ပြဿနာရှိနေတယ်လို့ ထင်ခဲ့တာ အဲ့တာနဲ့ တစ်ခြားဖုန်းတွေနဲ့ပါ စမ်းကြည့်လိုက်တာတောင် အဲ့ဒီမျက်နှာဘောင်တစ်ခုက အမြဲပိုနေတယ်... ဓာတ်ပုံရိုက်ဖို့ချိန်လိုက်တိုင်း မမြင်ရတဲ့ လူတစ်ယောက်က ကျွန်မတို့နောက်မှာ ရပ်နေတဲ့ အတိုင်းပဲ..."

လင်းမြောင်မြောင်က အော်ဟစ်လိုက်ပြီး ဖုန်းကို လွှဲပေးလာသည် "မယုံရင် ရှင်တို့ကိုယ်တိုင်စမ်းကြည့်၊ ဒီမှာ သရဲတကယ်ရှိနေတယ်လို့!" ရှန်းယွီက ဖုန်းကိုယူပြီးနောက် ယွဲ့ကျယ်ကို ဆွဲခေါ်လိုက်ကာ အတူတူ selfie ရိုက်ရန် အဆင်သင့်ပြင်လိုက်သည် "လာ ပြုံးမယ် 1 2 3!"

????????? ?????????????? ???????????Where stories live. Discover now