抖阴社区

Ch-22

197 20 1
                                        

Arc 2 - The Lost Portrait (6)
Unicode
Scroll down for Zawgi

ရှန်းယွီသည် သူ၏အကြည့်ကို ကုတင်ဆီသာ ပို့ထားပြီး သူ့လက်ထဲတွင် အင်ဂျင်နီယာသုံးပေါက်တူးကို ကိုင်ထားလေသည်။ ထို့နောက် ရုတ်တရက် လှည့်လိုက်ပြီး သူ့နောက်ကျောရှိ ပုံတူပန်းချီကားကို ရိုက်ချလိုက်သည်။

ဘာ့ဒ်ပြောတာ မှန်သည်။ ဤဂေါ်ပြားက အမှန်ကို အသုံးဝင်လှသည်။ တစ်ချက်ရိုက်ချရုံဖြင့်၊ ပန်းချီကားဘောင်နှင့် အထဲရှိ ပန်းချီကားကိုပါ ဖျက်ဆီးလိုက်နိုင်သည်။

မော်နီတာနှင့် ခိုးနားထောင်သည့် ကိရိယာတို့သည် စုတ်ပြဲသွားသော ပန်းချီကားထဲမှ အနီရောင်အလင်းများ မှိတ်တုတ်မှိတ်တုတ်ဖြစ်လျက် ထွက်ပေါ်လာလေသည်။

ရှန်းယွီက ဂေါ်ပြားကို မြှောက်လိုက်ပြီး အပိုင်းပိုင်းဖြစ်သည်အထိ ဖျက်ဆီးလိုက်သည်။

ယွဲ့ကျယ်က အနည်းငယ် အံ့အားသင့်သွားပြီး "မင်းအခန်းထဲက ထောက်လှမ်းရေးပစ္စည်းတွေကို ဖျက်ဆီးလိုက်တော့ ဘာ့ဒ်သတိထားမိသွားမှာ‌ပေါ့”

ရှန်းယွီက "အမှန်ပဲ! ဒါပေမယ့် စောင့်ကြည့်လို့မရတော့တဲ့အခါကျ ကျွန်တော်တို့နောက် ဘာဆက်လုပ်မလဲ သူမသိနိုင်တော့ဘူးလေ၊ အဲ့တော့ အခုချိန်သူဘာမှ ကမူရူးထိုးထလုပ်ဦးမှာ မဟုတ်လောက်ဘူး။"

သူသာ စောင့်ကြည့်ရေးပစ္စည်းများကို မဖျက်ဆီးဘဲ ဘာ့ဒ်အား သူဆက်လုပ်မည့်အရာကို အမြင်ခံလိုက်လျှင် အဘိုးကြီး တကယ် ရူးခါသွားလောက်သည်။

ထို့နောက် ဂေါ်ပြားကို မြှောက်၍ အုတ်ကုတင်၏ အောက်ခြေကို ထုရိုက်ပစ်လိုက်သည်။ ဂေါ်ပြားသည် ချွန်ထက်သော်လည်း အုတ်များက ပိုမိုခိုင်ခံ့နေလေသည်။

ယွဲ့ကျယ်က သူလုပ်နေသည့်အရာကို ချက်ခြင်းသဘောပေါက်သွားပြီး "အချိန်က အရမ်းအရေးကြီးနေပြီ။ ဘာ့ဒ်ဘာမှမလုပ်နိုင်ခင် ဒါကို ပြီးအောင်လုပ်ရမယ်၊ အဲ့ဒါကြောင့်မို့လို့ ကိုယ်ဒါကို လုပ်လိုက်မယ်”

လက်တစ်ဖက်ဖြင့် ကုတင်ကို ဖိထားပြီး အနက်ရောင်စာအုပ်ကို အခြားတစ်ဖက်နှင့် ယွဲ့ကျယ်က ကိုင်ထားသည်။ သူ့လက်ချောင်းများ အနည်းငယ်တုန်ခါသွားပြီး အသံတစ်ခု မြည်လာပြီးနောက် သူ့လက်ချောင်းများအောက်ရှိ အုတ်ခဲများသည်လည်း ၎င်းနှင့်အတူ တုန်ခါလာလေသည်။

You've reached the end of published parts.

? Last updated: Oct 09 ?

Add this story to your Library to get notified about new parts!

????????? ?????????????? ???????????Where stories live. Discover now