抖阴社区

part 14 ?

1K 76 9
                                        

လေးကန်နေတဲ့ မျက်ဝန်းတွေ ပွင့်လာ ချိန် အဖြူရာင်မျက်နှကျက်ပေါ်မှ အလင်းဆူး ဆူးတို့ကြောင့် မျက်ဝန်းတွေကို တွန့်ချိုးကာ ပြန်ပိတ်မိသည်။
မျက်တောင်တွေကို ပုတ်ခတ်ကာ အားယူပြီး ဘေးကို ကြည့်လိုက်တော့ အနှီး ထုပ်ထဲက အိပ်ပျော်နေတဲ့က‌ေလးငယ်လေးနှင့်
သူ့လက် ကို ကိုင်ကာ ဘေးနားမှာ ထိုင်လျက်သား အိပ်ပျော်နေတဲ့ ကြယ်ကလေး ။
Oxygen ပိုက်တန်းလန်းနဲ့ နေရတာ အဆင်မပြေတာကြောင့် လူ့လောက ထဲကို ရောက်လာတဲ့ အကောင်ပေါက်လေးအား ကြည့်ရန် ပိုက်ဖြုတ်ပြီး ထမယ် အလုပ်....

".....~~!.......ချိုးချိုး!!........"

"......ချိုးချိုး သတိရပြီလား!!..ဟင့်!!......ကျွန်တော်က ..ဟစ်င့်!!...."

".....အာ့ရှင်း!~~.....ရှောင်ဟွားရှန့်လေးနိုးသွားမယ်~~....."

"...........(ရှိုက်ငို)......"

"........."

သူကိုင်ထားတဲ့ လက်ကလေး လှုပ်ရှားလာတော့
ကြယ်ကလေးနိုးကာ ‌ကြည့်မိတော့ oxygen ပိုက်ကို ချွတ်နေတဲ့ သူ့ အစို့ရှင် လေးကို တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ဆောင်းဉီးလေးကို အမြန် ဖက်ကာ ငိုနေတဲ့ ကြယ်ကလေးကြေယင့် ဆောင်းဉီးလေးမှာ အိပ်နေတဲ့ မြေပဲလေး နိုးသွားမှ ဆိုးတာမို့ အမြန် တိတ်ခိုင်းရသေးသည်။
တော်ပါသေးတယ် ဒီအမျိုးသားလေးနဲ့ သူ့သွေးသားလေးကို ပြန်တွေ့ခွင့်ရလို့ ။

ကြယ်ကလေးဖက်ထားတာ ကို ခွာပြီး ဘေးနားက အနှီးနဲ့ ထုပ်ထားတဲ့ မြေပဲထုပ်လေးကို အသာအယာ ပွေ့လိုက်တဲ့ ဆောင်းဉီးလေး။
လက်မှာ ဆေးပိုက်တွေကြောင့် မသက်မသာ ဖြစ်နေသော်လည်း ဒီကလေး လေးကို အရမ်းပွေ့ချီ ချင်နေခဲ့သည်မို့ ။

ဆောင်းဉီးလေး ပွေ့လိုက်တော့ တအဲ" နဲ့ တွန့်လာပါသော မြေပဲလေးကြောင့် ဆောင်းဉီးလေးက လှုပ်ကာ ချော့မြူ နေသည်။

"...ကျွတ်..ကျွတ်..ကျွတ်စ်....."

".....ကျေးဇူးတင်ပါတယ်~~......."

".....ဟင်?~~...."

"....ကျွန်တော် နဲ့ သားစီ ပြန်လာပေးလို့~.......
ချိုးချိုးသာ တခုခု!!..."

"....အာ့ရှင်း~....မအိပ်ရသေးဘူးမလား~..
မျက်တွင်းတွေ တောင် ညိုပြီး အဖိုးရီးအိုပေါက်စလေး ဖြစ်နေပြီ~~...လာပါအုမ်း~..ကိုယ့်ဘေးနားကို~..."

This is Love (xingqiu)Where stories live. Discover now