抖阴社区

L.D.R.S ~2

639 100 5
                                    

်L.D.R.S
***

Episoode ~2

"Byun Baekhyun နော်..."

" ဟုတ်ကဲ့....ကလောင်နာမည်က Fearless Byun ပါ "

" Baekhyun shi က ကျောင်းတက်တုန်းပဲလား..."

" ကျနော် ရှေ့လဆို ဘွဲ့ရတော့မှာပါ..."

" ဪ..ဟုတ်ကဲ့... ကျောင်းပြီးမပြီးမေးတယ်ဆိုတာက Baekhyun shi.. ရဲ့ အရေးအသားတွေကို ကျနော် တကယ်သဘောကျလို့ပါ... ဒီလိုနယ်မြို့လေးထက် seoul က ပုံနှိက်တိုက်တွေမှာ အပ်ပြီး ဖြန့်ရင် ပိုအောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်တယ် တကယ်....ကျောင်းပြီးတဲ့သူဆိုတော့ အေးဆေးသွားလုပ်လို့ရတာပေါ့...အဲ့ဒါမို့ မေးတာပါ...ကျနော်ကတော့ အဲ့လိုစွန့်စားစေချင်တယ်.... ကျနော်က အကြံပေးတာပါနော်...."

စာအုပ်တိုက်မှ အယ်ဒီတာချုပ်ရဲ့စကားကို နားထောင်ပြီး အားတက်သွားသော်ငြား... မိမိ၏ မိသားစုအကြောင်းကို သိသူမို့ စဉ်းစားပြီး ပြန်ဆက်သွယ်လိုက်ပါမည်ဟု သာ ပြောပြီး ထွက်လာခဲ့ရသည်...

စာအုပ်တိုက်အပြင် ရောက်ရုံရှိသေး noona ဆီက ဝင်လာသော စာကြောင့် လူမှာ မူးမေ့လဲမတတ်...

" အငယ်ကောင်...ဘယ်ရောက်နေတာတုန်း.. မြန်မြန်ပြန်လာခဲ့စမ်း... နင့်စာမူတွေ မား..တွေ့သွားလို့ အရေမရ အဖတ်မရဟာတွေဆိုပြီး မီးရှို့ပစ်ကုန်ပြီ.."

Noona ဆီက စာရရချင်း... ကိုးမှတ်တိုင်လောက် ရှိသောခရီးကို bus မစီး... Taxi မစီးပဲ ပြေးလာမိနေသည်မှာ မောရကောင်းမှန်းပင်မသိ...
အိမ်သို့ရောက်သောအခါတွင်တော့ ခြံအပေါက်ဝမှာတင် ခြေအစုံခွေညွတ်ကျခဲ့ရလေသည်....

ယိုင်လဲကျနေသည့်ကြားမှ မြင်နေရသည့် အငွေ့တလူလူနှင့် ပြာပုံလေးကြောင့် ဆို့နင့်ပြီး မျက်ရည်တို့သည် တကယ်ပင်မထိန်းနိုင်တော့.. ...

" မား.... လုပ်ရက်လိုက်တာ..."

အော်ဟစ်ပြီး ငိုရုံကလွဲ ဘာမှ မတတ်နိုင်... မား သည်လည်း ကျနော့်ကို အလိုမကျစွာကြည့်ပြီး အပြင်ထွက်သွားလေပြီ.... သေချာသည် ဒါဟာ နှစ်ရက်သုံးရက်လောက် ကြာဦးလေမည်....အမြဲစိတ်ဆိုးရင် အမျိုးတွေအိမ်ဆင်းသွားတတ်တာ မား အကျင့်ပဲလေ....

L ? D ? R ? S Where stories live. Discover now