" L.D.R.S. "
Episoode ~3
မနက်ခင်းတစ်ခုရဲ့ ပြည့်စုံခြင်းဆိုတာ ကိုယ့်ချစ်သူ၏ မျက်နှာလေးကို ပထမဆုံးမြင်ရပြီး နိုးထခြင်းဆိုတာ ယခုသဘောပေါက်လာရသည်...
Chanyeol တစ်ယောက် ဆိုဖာမှာအိပ်နေရာမှ ထလိုက်ပြီး....မျက်နှာသစ် ရေချိုးပြီးနောက် ကုတင်ပေါ်၌ ကွေးကွေးလေး အိပ်ပျော်နေသော ချစ်ရသူ၏ မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်....
ဝေးကွာနေသော အချိန်များတုန်းက မနက်ခင်း massage တစ်စောင်သည် ကြည်နူးဖို့ကောင်းသည်ထက် ယခုလို နိုးနိုးချင်းမျက်နှာလေးကို မြင်ရသည်က ပို၍ပင်ကြည်နူးဖို့ကောင်းနေပေသေးသည်....
မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း အစိတ်အပိုင်းတစ်ခုချင်းစီကို လက်ချောင်းလေးတွေနှင့် ထိတွေ့ကြည့်မိသည်....
ပါးဖောင်းဖောင်းလေးကို အရောက်မှာ လက်ညှိုးလေးနှင့် ထိတွေ့မိသည့်တစ်ခဏ အိပ်နေသော အကောင်ပေါက်လေးသည် အင်း အဲ အသံပေးကာ နိုးလာလေသည်...." Chan နိုးနေတာလား..."
" အင်း...Baek အိပ်ချင်ဆက်အိပ်လေ ကိုယ်စောင့်ပေးမယ်..."
" ဟင့်အင်း...ထမှာ.. အခုပဲ အိမ်လေးဆီသွားချင်နေပြီ "
ပြောရင်းဆိုရင်း ဝုန်းကနဲထကာ ရေချိုးခန်းထဲ ဝင်သွားတဲ့ ကောင်ပေါက်လေးဟာ တကယ်ချစ်ဖို့ကောင်းတာပါဆို.....
About 30 minute later:
" Chan ကျနော် ပြီးပြီ.... "
Luggage ထဲ အဝတ်အစားတွေသေချာစိစစ်ထည့်နေတုန်း သူ့အသံလေးကြားရသည်ကြောင့် လှည့်ကြည့်မိတော့ bathrobe နဲ့ကောင်လေးက ဆံပင်ရေစက်လက်လေးနှင့် ရေချိုးခန်းဝ၌ မတ်တပ်လေးရပ်နေလေသည်....
" ဒီမှာ Baek ရဲ့ Hoddieနဲ့ ဘောင်းဘီ လေး...ဟိုတယ်ဝန်ထမ်းတွေဆီ လျှော်ဖို့အပ်ထားတာ...လျှော်ပြီး မီးပူတိုက်ပြီးသား..."
ထုတ်ပေးလိုက်တဲ့ hoddie နဲ့ ဘောင်းဘီ ကို ရေချိုးခန်းထဲကို အသည်းအသန် ပြေးဝင်ကာ သွားလဲလေသော ကောင်လေး....
ကိုယ့်ချစ်သူက တကယ်ကို အရှက်သည်းသူလေးပါလေ.....
" သွားကြမယ်လေ Chan "

YOU ARE READING
L ? D ? R ? S
Romance???????????? ???????????..... ???????? ?????????????????????????? ??????????????????? ??? ??????????? ??????????.... ???