Luggage ထဲ အဝတ်တွေနှင့် ပိုက်ဆံတွေ အကုန်ထည့်အပြီးတွင် သူလေးသည်လည်း အဝတ်အစား အကုန်လဲပြီးနေလေပြီ....
" လာ သွားမယ်လေ Baek... "
သူ့လက်ကလေး ဆွဲကိုင်တာ reception ဆီ လာတဲ့လမ်းတစ်လျှောက် Baek ရဲ့ ခြေလှမ်းတွေဟာ ကျနော့ထက်တောင် မြန်နေသလားလို့....
reception မှာ ပိုက်ဆံရှင်းအပြီး အပ်ထားတဲ့ scooter လေးကို မောင်းကာ အိမ်ငယ်လေးဆီ ဦးတည်ခဲ့လေသည်..အိမ်ပိုင်ရှင် ဦးလေး Kim က အိမ်လေးဆီ ကြိုရောက်နေပြီဖြစ်သောကြောင့် အားနာသည်က တစ်ကြောင်း....အရိပ်တကြည့်ကြည့် နေလာရသည့် တန်ဖိုးထားရသည့် အိမ်လေးကို အပိုင်ရတော့မည်ဟူသော စိတ်ကြောင့်တစ်ကြောင်း scooter ကို အရှိန်မြှင့်မောင်းလာမိလေသည်....
အနောက်မှာလိုက်လာသော ချစ်ရသူသည်ကား မိမိခါးကို တင်းကျပ်စွာဖက်ထားရင်း မနက်ခင်းရဲ့ လက်ဆတ်တဲ့လေကို ခေါင်းလေးမော့ကာ ခံသားနေလေသည်...
နောက်တော့မှ ကျောကုန်းပေါ် ခေါင်းလေးမှီချလာကာ " ရင်တွေခုန်လိုက်တာ Chan ရယ် " လို့ပြောပြန်လေသည်....
ဟုတ်မှာပေါ့ ဒီအိမ်လေးကို မြင်ဖူးတဲ့ကိုယ်တောင် စိတ်လှုပ်ရှားနေမိတာ တစ်ခါမှ မမြင်ဖူးတဲ့သူလေးက ပိုစိတ်လှုပ်ရှားရှာမှာပေါ့...
အုန်းပင်တွေ စီစီရီရီပေါက်နေတဲ့လမ်းလေးကို ဖြတ်လာမိသည်နှင့် ပင်လယ်လေနံ့တို့ကို ခံစားမိလေသည်... ကမ်းခြေနားရောက်တော့မည် မဟုတ်ပါလား....
အုန်းပင်တန်းနှင့် လမ်းလေးကို တရိပ်ရိပ်ဖြတ်လာသည်နှင့်အမျှ တောင်ကုန်းပေါ်က အိမ်အဖြူလေးသည် ပိုထင်ရှားလာလေသည် ...
" Chan ဟိုအိမ်လေးက ချစ်စရာလေးနော်."
အိမ်ဖြူလေးအား သူလေးပိုင်မည့်အိမ်မှန်းမသိပဲ လက်ညှိုးလေး ထိုးပြကာ သဘောကျနေသော ချစ်ရသူလေးပင်...
တဖြည်းဖြည်းနှင့် အိမ်လေးနှင့်နီးလာပြီးနောက် အိမ်ဖြူလေးရှိရာ တောင်ကုန်းပြေပြေလေးအောက် ရပ်လိုက်သည့်အခါတွင်တော့ ပြူးတူးပြဲတဲ လေး ကြည့်နေသည်မှာ အသည်းယားဖွယ်အတိ...
" ဘာလို့ရပ်လိုက်တာလည်းဟင် Chan... ဧကန္တ ဒါ...Baek တို့အိမ်လား..."
" ဒါပေါ့ Baek ရဲ့ ..".

YOU ARE READING
L ? D ? R ? S
Romance???????????? ???????????..... ???????? ?????????????????????????? ??????????????????? ??? ??????????? ??????????.... ???
L.D.R.S ~3
Start from the beginning