¶¶ÒõÉçÇø

7. Bloom

5.3K 667 1
                                        

Zawgyi

တပ်​အ၀င်​၀တွင်​ ကင်း​စောင့်​​နေသည့်​ ရဲ​ဘော်​​လေးက
သူ့ကိုလှမ်းမြင်​လိုက်​၍ သတိဆွဲကာ အ​လေးပြုလိုက်​သည်​။ သူက​တော့ ငူငူငိုင်​ငိုင်​ပင်​၊
ဘာကိုစ​တွေးရမှန်းမသိ​အောင်​ပင်​။

လိုင်းခန်းနားထိ ဆိုင်​ကယ်​ကို ​မောင်းလာခဲ့ပြီး စက်​သတ်​ကာ ဖြစ်​သလိုထိုးလိုက်​သည်​။ အိပ်​ရာထဲသို့ အိင်္ကျီပင်​မလဲနိုင်​​တော့ပဲ ၀င်​လှဲလိုက်​သည်​။ ဟို​တွေးဒီ​တွေးနှင့်​ ညစာလည်း မစားဖြစ်​​တော့​ချေ။ အိပ်​၍လည်းမ​ပျော်​။

သူ့​ခေါင်းထဲသို့လည်း ဘာမျှမ၀င်​။ Baekhyun နှင့်​ သူ၏ ဗိုက်​သားတင်းတင်းကိုသာ မျက်​စိထဲ တ၀ဲလည်​လည်​ ဖြစ်​​နေသည်​။ စားပွဲတွင်​ထိုင်​ကာ မျက်​ရည်​တသွင်​သွင်​ကျ​နေပုံကို အခု​တွေးလိုက်​လျင်​ပင်​ ရင်​ဘတ်​ထဲတင်းကြပ်​လာသည်​။ သူ့​ခေါင်းသည်​ မူး​ဝေ​နောက်​ကျုလာသည်​။

ချက်​ချင်းပင်​ သူသည်​ တစ်​စုံတစ်​ခု​ကြောင့်​ နိုးနိုးကြားကြား ဖြစ်​လာသည်​။ Baekhyun လွယ်​ထားရသည့်​ က​လေးမှာ သူ့ရင်​​သွေးဖြစ်​သည်​။ သူ့​သွေးသားဖြစ်​သည်​ဆို​သောအသိက ရင်​ဘတ်​ထဲ ​နွေးကနဲဖြတ်​စီးသွားသည်​။

လျှက်​စီးလက်​သလိုသလိုပင်​ သူ့ဦး​နှောက်​ထဲ အသိတစ်​ခုလက်​သွားသည်​။ သူ Baekhyun ကိုချစ်​​နေမိပြီ။ ယင်းအသိမှာ ရုတ်​တရက်​ အံ့သြဖွယ်​​ကောင်း​လောက်​​အောင်​ ဖူးပွင့်​လာရကား၊ အထိတ်​တလန့်​ကြီးလိုပင်​ နိုးကြားလာရကား၊ ထိုအသိစိတ်​ကို တွန်းလှန်​ချိန်​ပင်​မရလိုက်​။ မ​ကျော်​နင်းနိုင်​လိုက်​။

Baekhyun နှင့်​ပက်​သတ်​ပြီးကတည်းက အရင်​အချိန်​​တွေနဲ့မတူစွာပင်​ သူ့အ​ကြောင်း​တွေကို သူအများကြီးစဉ်းစားခဲ့သည်​မှာအမှန်​ပင်​။ သူ့ငယ်​ဘ၀​တွေအ​ကြောင်းသိချင်​သည်​။ သူနှင့်​နီးနီးစပ်​စပ် ​ရှိ​သောသူများကို မလိုတမာစိတ်​၀င်​မိသည်​။ သူနှင့်​ အကျွမ်းတ၀င်​ရှိချင်​လှ၍ ​အောက်​ကျို့ခံ​ပေါင်းခဲ့သည်​။

သို့​သော်​ ချစ်​​နေမိသလားဆိုသည့်​ အ​တွေးကို​တော့ဖြင့်​ ​ယောင်​လို့ပင်​ မ​တွေးမိခဲ့။ Baekhyun တစ်​​ယောက်​ သူ့ကိုချစ်​လာ​အောင်​ လုပ်​နိုင်​လျင်​အလွန်​ ​ပျော်​စရာ ​ကောင်းမည်​။ ရယ်​စရာလည်း အလွန်​​ကောင်းမည်​ဟု ​တွေးခဲ့သည်​။ အလျင်​က အတင်းအကြပ်​ လုယူခဲ့ရ​သော အနမ်းများ၊
ရင်းနှီးမှုများကို Baekhyun ဘက်​က ကြည်​ဖြူစွာ ​ပေးအပ်​လာခဲ့လျင်​ သူ့​အောင်​ပွဲ ဖြစ်​လိမ့်​မည်​ဟု ​တွေးခဲ့မိသည်​။

SurrenderWhere stories live. Discover now