ဟယွန်းဒယ် (해운대) ကမ်းခြေသည် ကိုရီးယားရှိ
နာမည်ကျော် ကမ်းခြေတစ်ခုတွင် အပါအ၀င်ဖြစ်ပြီး
နွေဦးရာသီ၌ ပွဲတော်များလည်းကျင်းပလေ့ရှိသော
ကြောင့် စည်ကားနေလေ့ရှိသည်။ ရေတက်ရေကျ
မကြမ်းလှသဖြင့် ကလေးငယ်များလည်း လုံခြုံ
စိတ်ချစွာ ဆော့ကစားနိုင်သည်။ ထို့ကြောင့် Loey
ထိုကမ်းခြေကို သူတို့ ခရီးအတွက် ရွေးချယ်ဖြစ်သည်။သူ့ရွေးချယ်မှုမမှားအောင်ပင် ကမ်းခြေသည်
ရင်သပ်ရှုမောဖွယ် လှပသက်ဝင်လှသည်။ အထူးသဖြင့် ပွဲတော်ချိန်ဖြစ်နေ၍ လည်ရန်ပတ်ရန်
ပိုမိုစုံလင်လှသည်။ သူတို့ရောက်သွားချိန်က ညနေစောင်းနေပြီဖြစ်ရာ နေ၀င်ဆည်းဆာအမီဖြစ်ရန်
တည်းခိုမည့်နေရာတွင် အထုပ်အပိုးများ ထားပြီး
သည်နှင့် သုံးဦးသားအပြေးလေးကမ်းခြေသို့ဆင်း ကြသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" လှလိုက်တာ..."Baekhyun ကငေးမောလွမ်းဆွတ်နေဟန်ဖြင့်ဆိုသည်။ ဆည်းဆာ၏ရောင်ပြန်ဟပ်ခြင်းကြောင့်
သူ၏ မျက်နှာလေးမှာ ပိုမိုသက်ဝင်နေသည်။သူတို့သုံးဦးသားအတူတူမတ်တပ်ရပ်နေရာမှ Jinho
လေးမှာ အူရွှင်လာဟန်ဖြင့် ကမ်းစပ်ရှိရာဆီသို့
တလိမ့်လိမ့်နှင့်ပြေးဆင်းသွားသည်။ ကမ်းစပ်ရှိ
လှိုင်းများနှင့် လိုက်တမ်းပြေးတမ်းဆော့နေပြန်သည်။
ကမ်းခြေလာမည်ဆို၍ Loey က သုံးယောက်သား
ဝတ်ရန် ဟာဝေယံရှပ်နှင့် ခြေညှပ်ဖိနပ်များ ၀ယ်လာခဲ့ပြီးဖြစ်သည်။

YOU ARE READING
Surrender
Fanfiction????????????? ...??????????? ??????????????????????? ????????? ????????????????????????????? ??????????? ??????????????????????????????????... Somerset Maugham??????? The unconqured ?????? ??????????? Inspiration ???????????...???????????????????? ?...