抖阴社区

Chapter - 8

64.1K 6K 237
                                        

Heat တက်တာက မင်းယွီကို အားအင်တွေအများကြီး လျော့ကျစေတယ် … အယ်ဖာနဲ့တွေ့တိုင်း ပြောင်းလဲလွယ်တဲ့ ဒီခန္ဓာကိုယ်ကြီးကိုလဲ မုန်းတီးမိတယ် … တစ်စုံတစ်ယောက်ကို မှီခိုပြီး နေရတာကို မင်းယွီမကြိုက်ဘူး … ဒါက သူအိုမီဂါမှန်းစသိပြီး ပထမဆုံး တွေ့ရတဲ့ အယ်ဖာဖြစ်နေလို့လား … အကယ်၍ ဤသို့ဆိုလျှင် သူ့ဘဝအတွက် တစ်ခြားလက်တွဲဖော် ရှာနိုင်သေးတယ်ဆိုတဲ့သဘောလား … ခုလိုကြောက်စရာကောင်းပြီး လျှို့ဝှက်ချက်များလွန်းတဲ့ အိမ်တော်ကြီးမှာ ဆက်ပြီး မနေချင်တော့ဘူး … ထိုမြေအောက်ခန်းထဲကမြင်ကွင်းက အိမ်မက်ဆိုးလိုအမြဲခြောက်လှန်းနေတယ် … ရှန်ဖန်းဂူအဲ့ဒိမျက်နှာဖုံးကြီးစွပ်မှာကို မင်းယွီသေမတတ်ကြောက်မိတယ် … တစ်နေ့မှာ အဲ့ဒိလူကမျက်နှာဖုံးစွပ်ထားပြီး သူကအဲ့ဒိလူရဲ့အရှေ့မှာ သားကောင်အဖြစ်နေမှာကို တွေးကြောက်နေမိတယ် … သူမိဘတွေကိုမခွဲနိုင်ဘူး … သူသေလို့မဖြစ်ဘူး …

မင်းယွီ လှေကားထစ်တွေကနေဆင်းလာတော့ အောက်ထက်မှာ ဘယ်သူမှရှိမနေဘူး …

" လူလေး … မနက်စာစားဖို့ ပြင်ထားပြီးပြီ "

အသက် ၈၀ အရွယ်အဖိုးတစ်ယောက်က မင်းယွီကိုခေါ်လာပြီး စားပွဲဝိုင်းပေါ်မှာပြင်ထားပေးတဲ့ စားစရာတွေကို ညွှန်ပြလာတယ် … ဒီလူကတော့ ဘီတာတစ်ယောက်ဖြစ်ပြီး အရင်သခင်ကြီး ရှန်ကူးမန်ဖခင်ရှန်ဟွှာရန်းရဲ့ လူယုံဟောင်း ခုတော့ ရှန်ဟွှာအိမ်တော်ရဲ့ အိမ်တော်ထိန်းအဖြစ်ထန်းဆောင်နေသူ ချူးရှန့်ရဲ့အဖိုး ချူးလောင်းဝီ … မင်းယွီအိမ်တော်ကိုရောက်ပြီးလ၀က်ရှိမှ ဒီအိမ်တော်ထိန်းကြီးကို တွေ့ရတာဖြစ်တယ် … ခုဆိုသူ့ Heat ကာလကတစ်ပတ်ရှိပြီမို့ အတော်လေးသက်သာလာပြီ … ထိုနေ့ကရှန်ဝေနဲ့တွေ့ပြီး စကားပင်များများစားစားမပြောရပဲ ချူးရှန့်ကပြန်ခေါ်သွားတယ် …

ခုတလောဖန်းဂူနဲ့ချူးရှန့်အလုပ်ရှုပ်နေတာမို့ အိမ်တော်ကိုပြန်မလာကြဘူး … ပင်မအိမ်တော်ကြီးမှာနေနေရတဲ့ဒီအိမ်တော်ထိန်းအိုကြီးကို ဖန်းဂူရဲ့အိမ်တော်ကိုစောင့်ရှောက်ရန်ခေါ်ထားခြင်းဖြစ်တယ် …

LION ? ( Mafia Is My Alpha ) { Completed }Unde pove?tirile tr?iesc. Descoper? acum