" ဟင်း "
ညည်းညူသံကြောင့် မင်းယွီအိပ်ပျော်နေရာမှနိုးထလာခဲ့တယ် … အချိန်ကိုကြည့်လိုက်တော့မနက် ၅ နာရီရှိနေပြီ … ဒီနေ့ကပွဲကိုသွားရမဲ့နေ့ဖြစ်တယ် …
တစ်ပတ်တောင်ရှိပြီ … ဆေးကအရှိန်ကြာလေပိုပြင်းထန်လာပြီး မင်းယွီကြောက်စိတ်ပင်ဝင်လာခဲ့တယ် … ဗိုက်ထဲကထူးဆန်းနေပြီး တစ်ချက်တစ်ချက်နာကျင်ပေမဲ့ သူ့ဘေးကလူက ပိုလို့ပင်အခြေအနေဆိုးရွားနေသေးတယ် … မင်းယွီရေဆာလာတာနဲ့ အိပ်ယာပေါ်ကနေဆင်းလိုက်တယ် …
ရှန်ဖန်းဂူက ရှုံ့တွနေတဲ့မျက်နှာနဲ့ ခုချိန်ထိအိပ်ဆက်နေတုန်းပဲ … သူ့ပုံစံကြည့်ရတာလဲ သက်တောင့်သက်သာလဲမရှိသလို ညဘက်တွေမှာတခါတရံရုတ်တရပ်ထထိုင်နေခြင်းကြောင့် မင်းယွီခနခနအိပ်ရေးပျက်ရတယ် …
ဒီလူက အမြဲတန်းမကောင်တာတွေလုပ်နေလို့ စိတ်ချောက်ခြားပြီး အိမ်မက်ဆိုးတွေမက်နေတာဟု မင်းယွီတွေးထင်လိုက်တယ် …
" မင်း … ခုဘယ်ကိုသွာတာလဲ "
အနည်းငယ်ကွာဝေးလိုက်ယုံနဲ့ သူ့တို့စိတ်ကအလိုလိုသိနေပြီး ဖန်းဂူနိုးထလာကာ မျက်နှာသေကြီးနဲ့ မင်းယွီအားမေးလိုက်ခြင်းဖြစ်တယ် … ဖန်းဂူတစ်ညလုံး အိပ်ပျော်ပုံမပေါ်ဘူး … သူ့မျက်ကွင်းတွေညိုနေပြီးသူ့ရုပ်ရည်က ဒီရက်အတောအတွင်းမှာ ၁၀ နှစ်လောက်အိုစာသွားကာ အရင်ကအင်အားကြီးပြီးခန့်ညားတဲ့ ရှန်ဖန်းဂူနဲ့ ဆန့်ကျင်ဘက်လိုပင် …
ဒါကမိတ်ဖက်နှစ်ယောက် သဘာဝကိုဆန့်ကျင်မိတဲ့ဆိုးကြိုးလား … သူတို့သုံးစွဲနေတဲ့ဆေးရဲ့ဘေးထွက်ဆိုးကြိုးလား … ဘာကြောင့် ဒီလောက်ထိ ဆိုးဝါးတဲ့အခြေအနေထိ ဖြစ်လာရတာလဲ …
မင်းယွီသူ့အရှေ့ကလူဟာ လူကောင်းမဟုတ်ဘူးဆိုတာသိတယ် … သူ့လုပ်ရက်တွေကြောင့်လဲ ခုထိမုန်းတီးနေတုန်းပဲ … ဒါပေမဲ့ခုချိန်မှာ မိတ်ဖက်ကအဆင်မပြေဖြစ်နေတာကို မင်းယွီရပ်ကြည့်မနေနိုင်တော့ဘူး … ဆက်နွယ်မှုကအားကောင်း၍ သူလဲပဲစိတ်အဆင်မပြေဖြစ်ရတယ် …
သူတို့ ၂ ယောက်က အချစ်မပါပဲစိဆန္ဒမရှိပဲပေါင်းဖက်လိုက်တာကြောင့် ချိတ်ဆက်နေတဲ့ဖယ်ရိုမုန်းတွေကိုဖြတ်တောက်ပြစ်ဖို့ ဆေးနဲ့ပင်ကြိုးစားနေကြတဲ့သူတွေ …

CITE?TI
LION ? ( Mafia Is My Alpha ) { Completed }
Romance?????? Omegaverse ???????? ???????????? ... DOLL ???????? ??????????? Fic ??????? ????????????????????????? ...... #KZinNyein