Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၃~~
"ဖရော 💦💦ဖျောက် ဖျောက်....."
ဖွင့်လိုက်တဲ့ရေပန်းအောက်မှာနွေးထွေးတဲ့ခန္ဓာကိုယ်သေးသေးလေးကဝင်ခံလိုက်တာကြောင့်ရေစက်တွေကဟိုတစ်စက်ဒီတစ်စက်ဖွာထွက်ကုန်သည်။
ကြွေ့မျက်ရည်တွေလဲကုန်ခမ်းနေပြီလားမသိပေ။တားမရအောင်ငိုနေမိသည်ကပါးပြင်ပေါ်ကရေတွေနဲ့အပြိုင်ဖြစ်နေ၏။
ရိူက်ရလွန်းလို့နှလုံးတွေလဲနာလှပြီဖြစ်သည်။
"ခင်ဗျားသမီးကိုကျုပ်ဝယ်တဲ့သဘောပေါ့..."
ထိုစကားလုံးကပဲနားထဲကိုတစ်ဝဲလည်လည်နေရာယူနေတာကြောင့်ကြွေ မျက်ရည်တွေကြားမှခေါင်းကိုဆတ်ခနဲခါထုတ်ပြစ်တော့ဆံပင်ကရေစက်လေးတွေကနံရံကိုပြေးစင်ကုန်ကြသည်။
"ဘယ်သူမှမလိုချင်တဲ့လူတစ်ယောက်တဲ့လားဖေဖေရယ်....ပြောရက်လိုက်တာ"
ဖေဖေပြောတဲ့စကားကိုသံယောင်လိုက်ရွတ်ရင်းကြွေမျက်ရည်တိတ်တဆိတ်ကျမိသည်။
နံရံကိုမှီကာတဖြည်းဖြည်းအောက်ကိုကျသွားရတဲ့ကြွေပါးစပ်လေးကိုအုပ်ကိုင်ရင်းတစ်ခါငိုမိပြန်သည်။
ကြွေက တစ်ခါမှမမြင်ဖူး မတွေ့ဖူးတဲ့လူတစ်ယောက်နောက်ကိုလိုက်သွားရမှာတဲ့လား။
ယုတ္တိမရှိလိုက်တဲ့ဘဝကြီး....
တွေးလေခံစားရလေဖြစ်ရင်းမျက်ဝန်းအိမ်မို့မို့လေးကလဲနီရဲလို့နေပြီဖြစ်သည်။
တွေးလေငိုလေနှင့်ပူလောင်နေတဲ့ရင်အစုံကိုရေပန်းကရေအေးအေးနဲ့ဆေးချနေပေမဲ့လဲ သောကတွေနဲ့လောင်ကျွမ်းကာပူလောင်နေဆဲပင်
ဘာလို့လဲ..ဘာလို့ ကြွေကျမှဒီလိုဘဝကံကြမ္မာ ကြီးဖြစ်နေရတာလဲ
တစ်ခြားလူတွေအတွက်ချစ်တဲ့လူနဲ့တူတူနေကာပျော်ရွှင်နေတဲ့အချိန်မှာကြွေကတစ်ပါးသူတစ်ယောက်ရဲ့အိမ်မှာဘယ်လိုဘယ်ပုံမှန်းမသိဘဲသွားနေရမယ်တဲ့လား။
ကြွေ သူ့မျက်လုံးတွေကိုမုန်းသည်။ပိုက်ဆံနဲ့သိမ်းပိုက်ပြီးကြွေ့ကိုသူ့စိတ်ကြိုက်ခြယ်လှယ်ချင်တဲ့မျက်လုံးတွေ
ကြွေတို့အခုမှတွေ့ဖူးပေမဲ့လဲသူ့မျက်လုံးတွေကစူးရဲနေပြီးကြွေ့ကိုလက်စားချေချင်နေတဲ့ပုံပင်
"ဘာပဲဖြစ်ဖြစ်ကြွေ လက်မခံနိုင်ဘူး ဖေဖေ မိဘမဲ့ကလေးတွေနဲ့အချိန်ကုန်ပြီးတကယ့်အချစ်စစ်ကိုရှာတွေ့မှကြွေချစ်တဲ့ယောင်္ကျားတစ်ယောက်ရဲ့အိမ်မှာပဲလိုက်နေချင်တယ် ပိုက်ဆံပေးရင်ဘာမဆိုရတယ်ဆိုတဲ့လူမျိုးကိုကြွေမုန်းတယ်..."
ဖေဖေလက်မခံဘူးဆိုတာသိပေမဲ့ကြွေ ရေစက်လေးတွေနဲ့စကားပြောမိသည်ကအရူးသဖွယ်
ကြွေတကယ်တောင့်တမိတာကအချစ်စစ်ပဲဖြစ်သည်။
အတွေးတွေ မျက်ရည်တွေနဲ့အဖော်ပြုရင်းရေပန်းအောက်ငုတ်တုတ်ထိုင်နေတဲ့ကြွေ နာရီတော်တော်ကြာသွားတာသတိမထားလိုက်မိပေ။
________
"ကျွတ် ကျွတ်...."
ဂေဟာကပြန်ရောက်ချိန်လေးနာရီထဲကရေပန်းအောက်ထိုင်လိုက်တဲ့အထိုင်ကခြောက်နာရီမှကြွေအပြင်ပြန်ထွက်မိသည်။
ဒါတောင်ရင်ဘတ်ထဲပူလောင်နေဆဲပင်
ပူလောင်နေတဲ့ရင်ဘတ်ကိုထပ်ပြီးအပူပြင်းပြင်းနဲ့ဟပ်ေနသလိုနာကျင်မူကအရှိန်မသေပေ။
ရေစိုနေတဲ့ခေါင်းကိုသဘတ်နဲ့ပေါင်းရင်းအဝတ်ဗီဒိုနားကပြန်လှည့်လာတော့ခြေထောက်တစ်စုံကမျက်ခနဲဖြစ်သွားသည်။ထို့အပြင်ရေထဲထိုင်တာကြာတာကြောင့်ကျဉ်ခဲကာနာနေ၏။
ထော့နဲ့ထော့နဲ့ဖြင့်မှန်တင်ခုံဆီလျှောက်လာရင်းခုံမှာဝင်ထိုင်ကာမှန်ထဲမြင်နေရတဲ့ကိုယ့်မျက်နှာကိုပြန်ကြည့်ရင်းစိတ်ပျက်စွာကျစ်သပ်မိသည်။
သူမဒီလောက်ပဲအပူတွေယူမိနေပြီလား။မျက်နှာတစ်ပြင်ကအညိုဘက်သမ်းရင်းငိုထားတဲ့မျက်ဝန်းတစ်စုံကလဲနီရဲကာမို့အစ်နေသည်။အကဲခတ်တော်တဲ့ကိုလျှံကမနက်ဖြန်ကြွေ့ကိုမြင်ရင်မေးခွန်းတွေထူတ်တော့မှာသေချာသည်။
ကြွေဘယ်လိုဖြေရှင်းချက်ေပးရမလဲ??
သဘတ်ကိုဖြေရင်းခေါင်းကိုစောင်းကာစိုနေတဲ့ဆံပင်တွေကိုခပ်ဖွဖွသုပ်လိုက်သည်။မထူမပါးဆံပင်တွေကရေတွေနှင့်မို့ကပ်နေတာကြောင့်ကြွေ တော်တော်နဲ့ရေသုတ်တာမပြီးပေ။
"ဟပ်ချိုး ဟပ်ချိုး...."
နှာချေရင်းရေထဲအနေကြာရင်ဖျားတတ်တာကြောင့်အဖျားဝင်လားဆိုသည့်အတွေးနှင့်ကြွေ နှဖူးလေးစမ်းကြည့်မိတော့နွေးတေးတေးကြီးဖြစ်နေ၏။
စာအုပ်အိတ်ထဲကဆေးကဒ်လေးကိုထုတ်ယူရင်းကြွေ မျက်ရည်ဝဲမိပြန်သည်။
မေမေ ရှိစဉ်တုန်းကကြွေနေမေကာင်းရင်ထိုဆေးလေးတစ်လုံးကိုအမြဲတိုက်၏။
မေမေတိုက်တိုင်းလဲတစ်နာရီလောက်နေရင်ချွေးတွေထွက်ရင်းနေလို့ကောင်းသွားတာကေဆးကြောင့်မဟုတ်ပဲ မေမေ့ကြောင့်ဆို ပိုမှန်မည်ဖြစ်၏။
တစ်လုံးတည်းရှိတဲ့ဆေးကိုဖောက်ယူရင်းရေခွက်ထယူတော့ ဆေးလုံးသေးသေးလေးကလျှောကာအောက်ကိုပြုတ်ကျသွားသည်။
ဟင် ခနဲဖြစ်သွားရင်းကြွေ အောက်ကိုငုံ့ကြည့်တော့မိုက်ခနဲဖြစ်သွားတာကြောင့်မျက်လုံးကိုအသာမှိတ်ရင်းအောက်ကိုခပ်ဖြေးဖြေးထိုင်ချလိုက်သည်။
ပြီးမှမျက်စိပြန်ဖွင့်ရင်းဆေးကိုပြန်ရှာကြည့်တော့ဆေးကပဲသေးလို့လား။ ကြွေ့ မျက်စိတို့ကပဲဝေဝါးနေ၍လားမသိပေ။ဆေးကဘယ်လိုမှကိုရှာမတွေ့တော့။
တစ်လုံးတည်းကျန်တော့သောဆေးနှင့်အတူအပိုဝယ်မထားမိတဲ့ကြွေ အကျပ်ရိုက်သွားရ၏။
စိတ်ညစ်သလိုဟင်းခနဲသက်ပြင်းချရင်းမှကြွေ မူးနောက်စွာဖြင့်ကုတင်ပေါ်ကိုကန့်လန့်ပြတ်လှဲချလိုက်သည်။
နေမကောင်းတာထက်ရင်ဘတ်ထဲမကောင်းတာကပိုဆိုး၏။
ကြွေ မျက်စိတွေပိတ်လိုက်ပြီးကာမှအကြံတစ်ခုရကာဆတ်ခနဲထထိုင်မိသည်။
ဖေဖေ့ကိုတောင်းပန်ကြည့်ရင်ကောင်းမည်။
ကြွေ ပြောရင်ဘယ်တော့မှမရမှာသိပေမဲ့လဲရေနစ်တုန်းကောက်ရိုးတစ်မျှင်ကလဲအကူအညီဖြစ်သလိုဖေဖေ့စကားလေးတစ်ခွန်းကလဲကြွေ့ဘဝကိုပြောင်းလဲသွားစေနိုင်မည်။
ထို့ကြောင့်စိတ်ကိုတင်းရင်းကြွေ ဖေဖေ့အခန်းဆီလျှောက်လာမိသည်။
"ဖေဖေ...."
ထုံးစံအတိုင်းလှဲနေတဲ့ဖေဖေကကြွေ့ အသံကြားပေမဲ့မျက်စိဖွင့်ကြည့်မလာပေ။
ထွေထွေထူးထူးအမူအရာမဟုတ်တာကြောင့် ကြွေ ဖေဖေ့ကုတင်နားထိုင်ချကာအိပ်ပျော်နေသောဖေေဖ့မျက်နှာကိုစိုက်စိုက်ကြည့်၍
"ဖေဖေမအိပ်သေးဘူးဆိုတာကြွေသိတယ် ကြွေအဲ့လူနဲ့လိုက်သွားဖို့ကိစ္စကိုငြင်းလိုက်လို့မရဘူးလားဖေဖေ...."
ကြွေ့စကားကြောင့်ဖေဖေ့မျက်လုံးတွေကခက်ထန်စွာပွင့်လာပေမဲ့ကြွေ မျက်နှာမပျက်ရှိရင်းမူးရီနေတဲ့ခေါင်းကိုထိန်းနေရသည်။
"နင်ဘာပြောလိုက်တယ်ကြွေ သူဌေးလေးကိုငြင်းချင်တယ်ဟုတ်လား နင်ကဘာအရည်အချင်းတွေရှိလို့သူ့ကိုငြင်းချင်ရတာလဲ..."
ဖေဖေ့ရဲ့ချိုးနှိမ်သောအပြောတွေအောက်မှာကြွေ့ ခံနိုင်မူကုန်ဆုံးကာမျက်ရည်တွေဝေ့သီလာခဲ့သည်။ဖေဖေ့ရှေ့မှာမျက်ရည်မကျအောင်ကြွေ ထိန်းမှရမည်။
ထို့ကြောင့်မျက်တောင်ရှည်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းဖြင့်မျက်ရည်တွေကိုသိမ်းဆည်းလိုက်သည်။
"ကြွေလဲကြွေတတ်နိုင်တဲ့ဘက်ကကူညီပြီးအိမ်ကိုထောက်ပံ့ပေးနေတာပဲလေ ဖေဖေ ဘာကြောင့်ကြွေ့ကျမှနှိမ်နေရတာလဲ မမကိုကျတော့ဖေဖေဘာလို့ဘာမှမပြောတာလဲ....
မမဘာအလုပ်လုပ်လို့လဲ ဒီတိုင်းပဲထိုင်စားနေတာမဟုတ်လား"
အနည်းငယ်စိတ်ကသိကအောက်ဖြစ်ရင်းကြွေ
ခပ်ကျယ်ကျယ်ဖြင့်ငိုသံရောယှက်ကာပြန်အော်လိုက်မိ၏။
ကြွေ့အပြောကြောင့်ဖေဖေကကြောက်စရာကောင်းစွာကုတင်ပေါ်မှထလာရင်းကြွေ့ပါးပြင်ကိုလက်ဝါးပြင်းပြင်းနဲ့ပိတ်ရိုက်ပြစ်သည်။
ရုတ်တရက်မို့လည်ထွက်သွားတဲ့ခေါင်းနဲ့အတူကြွေ မျက်ရည်ပူတွေလဲတလိမ့်လိမ့်ဆင်းသက်လာခဲ့၏
"နင်သစ်ကိုဘာမှပြောစရာမလိုဘူး နင့်အမေနင့်ကြောင့်သေသွားခဲ့တယ်ဆိုတာနင်မမေ့နဲ့ ငါတို့မိသားစုကိုသေကွဲကွဲအောင်လုပ်တဲ့မိန်းမ နင်ကရောဘာတွေအသုံးကျနေလို့လဲ မဖြစ်စလောက်စာလေးသင်နေရတာကိုမဏ္ဍပ်တိုင်တပ်ပြနေတယ် နင့်လစာဘယ်လောက်ရှိလဲ ငါ့ကိုဘယ်လောက်ထောက်ပံ့ပေးနိုင်လဲ ပြောစမ်း...."
ပါးရိုက်တာထက်ဆိုးတဲ့စကားလုံးတွေကိုဖေဖေပြောတာကြောင့်ကြွေ ခေါင်းလေးခါယမ်းမိတာကအရူးပမာ
မဟုတ်ဘူး ကြွေ မေမေ့ကိုမသတ်ဘူး...
ဖြေရှင်းချင်ပေမဲ့ဝမ်းနည်းမူကြောင့်ရင်ဘတ်ထဲစို့နင့်ရင်းပြောမထွက်တော့ပေ။
မျက်ရည်များသာစကားလုံးအဖြစ်ပြောင်းရင်ကြွေ ဖေဖေ့ကိုအများကြီးဖြေရှင်းချက်ပေးပြီးပြီ။ယခုတော့ကြွေကပျော့ညံ့သူတစ်ယောက်ပမာ ငိုဖို့ပဲတတ်နိုင်ခဲ့ရင်း
"နင့်ကြောင့် နင်မွေးပြီးထဲကကိုငါတို့မိသားစုကမောက်ကမဖြစ်ကုန်တာ နင်ကဂြိုလ်ဆိုးမ ကုမ္ပဏီအရူံးပေါ်တာလဲနင့်ကြောင့် ငါ့မိန်းမသေတာလဲနင့်ကြောင့် နင်သာအသိညဏ်မဲ့ပြီးလျှောက်မသွားနေခဲ့ရင်နင့်အမေသေမှာမဟုတ်ဘူး နင့်နာမည်ကိုငါဘာလို့ရွက်ဟောင်းကြွေလို့ပေးတာလဲသိလား နင်ကသစ်ရွက်ဟောင်းတစ်ရွက်လိုပဲမကြာခင်မြေပြင်ပေါ်ကိုကြွေကျပြီးအမှိုက်ရှုပ်စေမှာ
ငါ့အတွက်နင့်လိုသမီးမျိုးမလိုဘူး ငါ့အိမ်မှာအမိူက်ရူပ်စေမဲ့သစ်ရွက်ဟောင်းတွေမလိုချင်ဘူး ရှိလာရင်လဲမြေပြင်ပေါ်မကြွေကျခင်ငါကိုယ်တိုင်ရွက်ဟောင်းရှိတဲ့အကိုင်းတွေကိုလိုက်ခုတ်ပြစ်မှာ...."
ရှည်လျှားတဲ့ဖေဖေ့စကားအဆုံးကြွေ့ရင်ဘတ်လေးနိမ့်လိုက်မြင့်လိုက်နှင့်မျက်ရည်တွေကျလာရသည်။အရူးတစ်ပိုင်းနှင့်
နားကနားကျပ်ေလးကိုဆွဲဖြုတ်လိုက်ကာမှလေဟာနယ်ထဲရောက်သွားသလိုဘာမှ
မကြားရတော့ပေမဲ့ကြွေ့အတွက်အနည်းငယ်အဆင်ပြေသည်။
သို့ပေမဲ့ဖေဖေကတော့ကြွေ့ကိုလက်ညိုးငေါက်ငေါက်ထိုးကာ ကြွေ့ရင်ကိုထိုးနှက်မယ့်စကားလုံးတွေရွေးပြောနေဆဲ
ဒါဆိုမမနာမည်ကကြွေနဲ့ဆန့်ကျင်ဘက်ပေါ့
ရွက်သစ်တွေဝေနေတဲ့အပင်တစ်ပင်က
စိမ်းလမ်းစိုပြေပြီးလှပနေမယ်ဆိုတဲ့အဓိပ္ပါယ်
ကြွေကတော့မကြာခင်ကြွေကျတော့မယ့်သစ်ရွက်ဟောင်းတဲ့လား??
ဖေဖေအရမ်းတစ်ယူသန်တယ်
သမီးချင်းတူတာတောင်ဖေဖေကြွေ့ကို
ရန်သူလိုသဘောထားတယ်
မခံမရပ်နိုင်ဖြစ်ကာရင်ဘတ်ထဲကထိုးအောင့်ရင်းကြွေ ဖေဖေ့အခန်းထဲကပြေးထွက်လာမိသည်။
မူးရီနေတဲ့ခေါင်းကလဲတစ်ရိပ်ရိပ်ဖြစ်နေတာကြောင့်ကြွေ အခန်းဘောင်ကိုမှီရင်းရပ်နေမိသည်။
"မေမေ့ကိုကြွေမသတ်ပါဘူး...."
တိုးသဲ့စွာဝန်ခံသံလေးအဆုံးကြွေအောက်ကိုပုံခနဲလဲကျသွားရသည်။သတိမလစ်အောင်ထိန်းကာထရပ်ဖို့ပြင်လိုက်ပေမဲ့အားတွေယုတ်လျော့ရင်းကြွေပြန်ပြစ်လဲကျကာသတိလစ်သွားတော့၏။
အလိုက်မသိတဲ့ခြင်တွေဟာလဲဘုမသိဘမသိကြွေ့ အနားတဝဲလည်လည်ဖြင့်>>>>
🍂🍂🍂🍂🍂
"ရတယ်ဖေဖေ ဖေဖေကိုယ်တိုင်ကကြွေ့ကိုအမိူက်ရူပ်တဲ့သစ်ရွက်တွေလို့မြင်ရင်ဖေဖေကိုယ်တိုငိအပင်ပန်းခံပြီးမရှင်းစေရပဲ
ကြွေကိုယ်တိုင်လေဟုန်စီးပြီးအဝေးကို
လေနဲ့အတူထွက်သွားပါ့မယ်
ဘယ်တော့မှပြနိမလာတော့ဘူး..."
တိုးသဲ့သဲ့အသံတွေ ဒါကြွေကိုယ်တိုင်ပြောနေတာမှန်းကြွေသိသည်။
ဒါပေမဲ့အပြင်မှာမဟုတ်ပဲအိမ်မက်ထဲမှာဖြစ်၏။
ကြွေကအိပ်မက်ထဲမှာတကယ့်ကိုသစ်ရွက်လေးတစ်ရွက်ပင်။ဖေဖေကဓားမကိုင်ကာသစ်ရွက်ဟောင်းလေးရှိတဲ့အကိုင်းလိုက်ကိုခုတ်ရန်ပြင်နေတာကြောင့်သစ်ရွက်လေးဖြစ်တဲ့ကြွေက ထိုအကိုင်းမှကြွေကျရင်းလေဟုန်စီးကာထိုသစ်ပင်မှအဝေးဆုံးကိုထွက်သွားလေသည်။
အိပ်မက်ကပဲကြွေ့ကိုတကယ်ခြောက်လှန့်နေသလား။လူပ်လိလူပ်လဲ့မျက်စိလေးတွေပွင့်လာရတဲ့ကြွေ ကြည့်လိုက်တော့ကြမ်းပြင်ပေါ်မှာညကအတိုင်းပဲသတိလစ်ကာအိပ်နေမိ၏။
တစ်စောင်းကြီးဖြစ်နေတာမို့လက်ကခါးအောက်ရောက်ကာခါးကလဲတစ်စောင်းကြီးဖြစ်နေပြန်သည်။ထို့ကြောင့်တစ်ကိုယ်လုံးကိုကိုင်ရိုက်ထားသလိုနာကျင်နေရ၏။
ကြွေ ညည်းညူရင်းထထိုင်လိုက်တော့ခေါင်းက ညကလောက်မမူးတော့ပေမဲ့အနည်းငယ်ရီဝေဝေဖြစ်နေသေး၏။
အိပ်မက်ထဲကအကြောင်းကိုပြန်တွေးရင်းကြွေ ငိုင်ကျသွားမိသည်။
တစ်ကယ်ပဲထွက်သွားရင်ကောင်းမလား ဖေဖေကကြွေ့ကိုဒီအကြောင်းတွေ
ဘယ်အချိန်ထဲကပြောချင်နေတာလဲ
အရင်ကေပြာဖို့အခွင့်မသာခဲ့လို့လား....
ဝမ်းနည်းစွာတွေးရင်းကြွေထရပ်လိုက်တော့အားမရှိတဲ့ကိုယ်လေးကယိုင်နဲ့နဲ့ဖြစ်သွားတာကြောင့်မှန်တင်ခုံအစွန်းကိုလှမ်းထောက်လိုက်ရသည်။
သူမမနေ့ကဗိုက်မဆာ၍နေ့လည်စာမစားထားသလိုအိမ်ရောက်တော့လဲစိတ်ညစ်စရာတွေနဲ့ညစာပါမစားထားတာကြောင့်ဗိုက်ကလစ်ဟာနေကာအားလဲပြတ်နေပြီဖြစ်သည်။
သက်ပြင်းရှည်ကြီးတစ်ချက်ကိုချရင်းကြွေ နေမကောင်းပေမဲ့ရေချိုးလိုက်ကာအင်္ကျီထူထူတစ်ထည်ဝတ်ရင်း
ကုတင်ပေါ်ပြန်ထိုင်မိပြန်သည်။
ကြွေအောက်ဆင်းလို့ဖေဖေရှိရင် ကြွေနဲ့အတူမနက်စာစားဖို့ဖေဖေသတီပါ့မလား....
စိုးရိမ်စွာတွေးရင်းကြွေ ဒီနေ့ဂေဟာမသွားရန်ဆုံးဖြတ်လိုက်သည်။
စိတ်အခြေအနေမကောင်းရင်ကလေးတွေကိုပြုံးရွှင်စွာစာသင်နိုင်မည်မဟုတ်တော့ပေ။
"တီ..."
တွေးနေတုန်းအိမ်ရှေ့ကဟွန်းသံကျယ်ကျယ်ကိုကြားလိုက်ရတာကြောင့်ကြွေ ပြတင်းပေါက်အပြေးသွားကာကြည့်မိသည်။
"ဟင်..."
ကြွေ မနေ့ကသတိထားမိလိုက်တဲ့ထိုကားကကြွေ့ကိုဝယ်မယ်ဆိုတဲ့လူရဲ့ကားဖြစ်သည်။
ကြွေဘယ်လိုလုပ်ရမလဲ သူလာခေါ်နေပြီ!!...
ရုတ်တရက်ခြေဖျား လက်ဖျားတွေ
အေးစက်လာတဲ့ကြွေကအပြစ်သား
တစ်ယောက်နဲ့တူနေ၏။
🍂🍂🍂🍂🍂
#သျှင်နှောင်း
#ဦးပေးသောအမုန်း
Zawgyi
~~ဦးေပးေသာအမုန္း~~
အပိုင္း~~၃~~
"ဖေရာ 💦💦ေဖ်ာက္ ေဖ်ာက္....."
ဖြင့္လိုက္တဲ့ေရပန္းေအာက္မွာေႏြးေထြးတဲ့ခႏၶာကိုယ္ေသးေသးေလးကဝင္ခံလိုက္တာေၾကာင့္ေရစက္ေတြကဟိုတစ္စက္ဒီတစ္စက္ဖြာထြက္ကုန္သည္။
ေႂကြ႕မ်က္ရည္ေတြလဲကုန္ခမ္းေနၿပီလားမသိေပ။တားမရေအာင္ငိုေနမိသည္ကပါးျပင္ေပၚကေရေတြနဲ႔အၿပိဳင္ျဖစ္ေန၏။
႐ိူက္ရလြန္းလို႔ႏွလုံးေတြလဲနာလွၿပီျဖစ္သည္။
"ခင္ဗ်ားသမီးကိုက်ဳပ္ဝယ္တဲ့သေဘာေပါ့..."
ထိုစကားလုံးကပဲနားထဲကိုတစ္ဝဲလည္လည္ေနရာယူေနတာေၾကာင့္ေႂကြ မ်က္ရည္ေတြၾကားမွေခါင္းကိုဆတ္ခနဲခါထုတ္ျပစ္ေတာ့ဆံပင္ကေရစက္ေလးေတြကနံရံကိုေျပးစင္ကုန္ၾကသည္။
"ဘယ္သူမွမလိုခ်င္တဲ့လူတစ္ေယာက္တဲ့လားေဖေဖရယ္....ေျပာရက္လိုက္တာ"
ေဖေဖေျပာတဲ့စကားကိုသံေယာင္လိုက္႐ြတ္ရင္းေႂကြမ်က္ရည္တိတ္တဆိတ္က်မိသည္။
နံရံကိုမွီကာတျဖည္းျဖည္းေအာက္ကိုက်သြားရတဲ့ေႂကြပါးစပ္ေလးကိုအုပ္ကိုင္ရင္းတစ္ခါငိုမိျပန္သည္။
ေႂကြက တစ္ခါမွမျမင္ဖူး မေတြ႕ဖူးတဲ့လူတစ္ေယာက္ေနာက္ကိုလိုက္သြားရမွာတဲ့လား။
ယုတၱိမရွိလိုက္တဲ့ဘဝႀကီး....
ေတြးေလခံစားရေလျဖစ္ရင္းမ်က္ဝန္းအိမ္မို႔မို႔ေလးကလဲနီရဲလို႔ေနၿပီျဖစ္သည္။
ေတြးေလငိုေလႏွင့္ပူေလာင္ေနတဲ့ရင္အစုံကိုေရပန္းကေရေအးေအးနဲ႔ေဆးခ်ေနေပမဲ့လဲ ေသာကေတြနဲ႔ေလာင္ကြၽမ္းကာပူေလာင္ေနဆဲပင္
ဘာလို႔လဲ..ဘာလို႔ ေႂကြက်မွဒီလိုဘဝကံၾကမၼာ ႀကီးျဖစ္ေနရတာလဲ
တစ္ျခားလူေတြအတြက္ခ်စ္တဲ့လူနဲ႔တူတူေနကာေပ်ာ္႐ႊင္ေနတဲ့အခ်ိန္မွာေႂကြကတစ္ပါးသူတစ္ေယာက္ရဲ႕အိမ္မွာဘယ္လိုဘယ္ပုံမွန္းမသိဘဲသြားေနရမယ္တဲ့လား။
ေႂကြ သူ႔မ်က္လုံးေတြကိုမုန္းသည္။ပိုက္ဆံနဲ႔သိမ္းပိုက္ၿပီးေႂကြ႕ကိုသူ႔စိတ္ႀကိဳက္ျခယ္လွယ္ခ်င္တဲ့မ်က္လုံးေတြ
ေႂကြတို႔အခုမွေတြ႕ဖူးေပမဲ့လဲသူ႔မ်က္လုံးေတြကစူးရဲေနၿပီးေႂကြ႕ကိုလက္စားေခ်ခ်င္ေနတဲ့ပုံပင္
"ဘာပဲျဖစ္ျဖစ္ေႂကြ လက္မခံႏိုင္ဘူး ေဖေဖ မိဘမဲ့ကေလးေတြနဲ႔အခ်ိန္ကုန္ၿပီးတကယ့္အခ်စ္စစ္ကိုရွာေတြ႕မွေႂကြခ်စ္တဲ့ေယာက်ၤားတစ္ေယာက္ရဲ႕အိမ္မွာပဲလိုက္ေနခ်င္တယ္ ပိုက္ဆံေပးရင္ဘာမဆိုရတယ္ဆိုတဲ့လူမ်ိဳးကိုေႂကြမုန္းတယ္..."
ေဖေဖလက္မခံဘူးဆိုတာသိေပမဲ့ေႂကြ ေရစက္ေလးေတြနဲ႔စကားေျပာမိသည္ကအ႐ူးသဖြယ္
ေႂကြတကယ္ေတာင့္တမိတာကအခ်စ္စစ္ပဲျဖစ္သည္။
အေတြးေတြ မ်က္ရည္ေတြနဲ႔အေဖာ္ျပဳရင္းေရပန္းေအာက္ငုတ္တုတ္ထိုင္ေနတဲ့ေႂကြ နာရီေတာ္ေတာ္ၾကာသြားတာသတိမထားလိုက္မိေပ။
________
"ကြၽတ္ ကြၽတ္...."
ေဂဟာကျပန္ေရာက္ခ်ိန္ေလးနာရီထဲကေရပန္းေအာက္ထိုင္လိုက္တဲ့အထိုင္ကေျခာက္နာရီမွေႂကြအျပင္ျပန္ထြက္မိသည္။
ဒါေတာင္ရင္ဘတ္ထဲပူေလာင္ေနဆဲပင္
ပူေလာင္ေနတဲ့ရင္ဘတ္ကိုထပ္ၿပီးအပူျပင္းျပင္းနဲ႔ဟပ္ေနသလိုနာက်င္မူကအရွိန္မေသေပ။
ေရစိုေနတဲ့ေခါင္းကိုသဘတ္နဲ႔ေပါင္းရင္းအဝတ္ဗီဒိုနားကျပန္လွည့္လာေတာ့ေျခေထာက္တစ္စုံကမ်က္ခနဲျဖစ္သြားသည္။ထို႔အျပင္ေရထဲထိုင္တာၾကာတာေၾကာင့္က်ဥ္ခဲကာနာေန၏။
ေထာ့နဲ႔ေထာ့နဲ႔ျဖင့္မွန္တင္ခုံဆီေလွ်ာက္လာရင္းခုံမွာဝင္ထိုင္ကာမွန္ထဲျမင္ေနရတဲ့ကိုယ့္မ်က္ႏွာကိုျပန္ၾကည့္ရင္းစိတ္ပ်က္စြာက်စ္သပ္မိသည္။
သူမဒီေလာက္ပဲအပူေတြယူမိေနၿပီလား။မ်က္ႏွာတစ္ျပင္ကအညိဳဘက္သမ္းရင္းငိုထားတဲ့မ်က္ဝန္းတစ္စုံကလဲနီရဲကာမို႔အစ္ေနသည္။အကဲခတ္ေတာ္တဲ့ကိုလွ်ံကမနက္ျဖန္ေႂကြ႕ကိုျမင္ရင္ေမးခြန္းေတြထူတ္ေတာ့မွာေသခ်ာသည္။
ေႂကြဘယ္လိုေျဖရွင္းခ်က္ေပးရမလဲ??
သဘတ္ကိုေျဖရင္းေခါင္းကိုေစာင္းကာစိုေနတဲ့ဆံပင္ေတြကိုခပ္ဖြဖြသုပ္လိုက္သည္။မထူမပါးဆံပင္ေတြကေရေတြႏွင့္မို႔ကပ္ေနတာေၾကာင့္ေႂကြ ေတာ္ေတာ္နဲ႔ေရသုတ္တာမၿပီးေပ။
"ဟပ္ခ်ိဳး ဟပ္ခ်ိဳး...."
ႏွာေခ်ရင္းေရထဲအေနၾကာရင္ဖ်ားတတ္တာေၾကာင့္အဖ်ားဝင္လားဆိုသည့္အေတြးႏွင့္ေႂကြ ႏွဖူးေလးစမ္းၾကည့္မိေတာ့ေႏြးေတးေတးႀကီးျဖစ္ေန၏။
စာအုပ္အိတ္ထဲကေဆးကဒ္ေလးကိုထုတ္ယူရင္းေႂကြ မ်က္ရည္ဝဲမိျပန္သည္။
ေမေမ ရွိစဥ္တုန္းကေႂကြေနေမကာင္းရင္ထိုေဆးေလးတစ္လုံးကိုအၿမဲတိုက္၏။
ေမေမတိုက္တိုင္းလဲတစ္နာရီေလာက္ေနရင္ေခြၽးေတြထြက္ရင္းေနလို႔ေကာင္းသြားတာကေဆးေၾကာင့္မဟုတ္ပဲ ေမေမ့ေၾကာင့္ဆို ပိုမွန္မည္ျဖစ္၏။
တစ္လုံးတည္းရွိတဲ့ေဆးကိုေဖာက္ယူရင္းေရခြက္ထယူေတာ့ ေဆးလုံးေသးေသးေလးကေလွ်ာကာေအာက္ကိုျပဳတ္က်သြားသည္။
ဟင္ ခနဲျဖစ္သြားရင္းေႂကြ ေအာက္ကိုငုံ႔ၾကည့္ေတာ့မိုက္ခနဲျဖစ္သြားတာေၾကာင့္မ်က္လုံးကိုအသာမွိတ္ရင္းေအာက္ကိုခပ္ေျဖးေျဖးထိုင္ခ်လိုက္သည္။
ၿပီးမွမ်က္စိျပန္ဖြင့္ရင္းေဆးကိုျပန္ရွာၾကည့္ေတာ့ေဆးကပဲေသးလို႔လား။ ေႂကြ႕ မ်က္စိတို႔ကပဲေဝဝါးေန၍လားမသိေပ။ေဆးကဘယ္လိုမွကိုရွာမေတြ႕ေတာ့။
တစ္လုံးတည္းက်န္ေတာ့ေသာေဆးႏွင့္အတူအပိုဝယ္မထားမိတဲ့ေႂကြ အက်ပ္႐ိုက္သြားရ၏။
စိတ္ညစ္သလိုဟင္းခနဲသက္ျပင္းခ်ရင္းမွေႂကြ မူးေနာက္စြာျဖင့္ကုတင္ေပၚကိုကန႔္လန႔္ျပတ္လွဲခ်လိုက္သည္။
ေနမေကာင္းတာထက္ရင္ဘတ္ထဲမေကာင္းတာကပိုဆိုး၏။
ေႂကြ မ်က္စိေတြပိတ္လိုက္ၿပီးကာမွအႀကံတစ္ခုရကာဆတ္ခနဲထထိုင္မိသည္။
ေဖေဖ့ကိုေတာင္းပန္ၾကည့္ရင္ေကာင္းမည္။
ေႂကြ ေျပာရင္ဘယ္ေတာ့မွမရမွာသိေပမဲ့လဲေရနစ္တုန္းေကာက္႐ိုးတစ္မွ်င္ကလဲအကူအညီျဖစ္သလိုေဖေဖ့စကားေလးတစ္ခြန္းကလဲေႂကြ႕ဘဝကိုေျပာင္းလဲသြားေစႏိုင္မည္။
ထို႔ေၾကာင့္စိတ္ကိုတင္းရင္းေႂကြ ေဖေဖ့အခန္းဆီေလွ်ာက္လာမိသည္။
"ေဖေဖ...."
ထုံးစံအတိုင္းလွဲေနတဲ့ေဖေဖကေႂကြ႕ အသံၾကားေပမဲ့မ်က္စိဖြင့္ၾကည့္မလာေပ။
ေထြေထြထူးထူးအမူအရာမဟုတ္တာေၾကာင့္ ေႂကြ ေဖေဖ့ကုတင္နားထိုင္ခ်ကာအိပ္ေပ်ာ္ေနေသာေဖေဖ့မ်က္ႏွာကိုစိုက္စိုက္ၾကည့္၍
"ေဖေဖမအိပ္ေသးဘူးဆိုတာေႂကြသိတယ္ ေႂကြအဲ့လူနဲ႔လိုက္သြားဖို႔ကိစၥကိုျငင္းလိုက္လို႔မရဘူးလားေဖေဖ...."
ေႂကြ႕စကားေၾကာင့္ေဖေဖ့မ်က္လုံးေတြကခက္ထန္စြာပြင့္လာေပမဲ့ေႂကြ မ်က္ႏွာမပ်က္ရွိရင္းမူးရီေနတဲ့ေခါင္းကိုထိန္းေနရသည္။
"နင္ဘာေျပာလိုက္တယ္ေႂကြ သူေဌးေလးကိုျငင္းခ်င္တယ္ဟုတ္လား နင္ကဘာအရည္အခ်င္းေတြရွိလို႔သူ႔ကိုျငင္းခ်င္ရတာလဲ..."
ေဖေဖ့ရဲ႕ခ်ိဳးႏွိမ္ေသာအေျပာေတြေအာက္မွာေႂကြ႕ ခံႏိုင္မူကုန္ဆုံးကာမ်က္ရည္ေတြေဝ့သီလာခဲ့သည္။ေဖေဖ့ေရွ႕မွာမ်က္ရည္မက်ေအာင္ေႂကြ ထိန္းမွရမည္။
ထို႔ေၾကာင့္မ်က္ေတာင္ရွည္ေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ရင္းျဖင့္မ်က္ရည္ေတြကိုသိမ္းဆည္းလိုက္သည္။
"ေႂကြလဲေႂကြတတ္ႏိုင္တဲ့ဘက္ကကူညီၿပီးအိမ္ကိုေထာက္ပံ့ေပးေနတာပဲေလ ေဖေဖ ဘာေၾကာင့္ေႂကြ႕က်မွႏွိမ္ေနရတာလဲ မမကိုက်ေတာ့ေဖေဖဘာလို႔ဘာမွမေျပာတာလဲ....
မမဘာအလုပ္လုပ္လို႔လဲ ဒီတိုင္းပဲထိုင္စားေနတာမဟုတ္လား"
အနည္းငယ္စိတ္ကသိကေအာက္ျဖစ္ရင္းေႂကြ
ခပ္က်ယ္က်ယ္ျဖင့္ငိုသံေရာယွက္ကာျပန္ေအာ္လိုက္မိ၏။
ေႂကြ႕အေျပာေၾကာင့္ေဖေဖကေၾကာက္စရာေကာင္းစြာကုတင္ေပၚမွထလာရင္းေႂကြ႕ပါးျပင္ကိုလက္ဝါးျပင္းျပင္းနဲ႔ပိတ္႐ိုက္ျပစ္သည္။
႐ုတ္တရက္မို႔လည္ထြက္သြားတဲ့ေခါင္းနဲ႔အတူေႂကြ မ်က္ရည္ပူေတြလဲတလိမ့္လိမ့္ဆင္းသက္လာခဲ့၏
"နင္သစ္ကိုဘာမွေျပာစရာမလိုဘူး နင့္အေမနင့္ေၾကာင့္ေသသြားခဲ့တယ္ဆိုတာနင္မေမ့နဲ႔ ငါတို႔မိသားစုကိုေသကြဲကြဲေအာင္လုပ္တဲ့မိန္းမ နင္ကေရာဘာေတြအသုံးက်ေနလို႔လဲ မျဖစ္စေလာက္စာေလးသင္ေနရတာကိုမ႑ပ္တိုင္တပ္ျပေနတယ္ နင့္လစာဘယ္ေလာက္ရွိလဲ ငါ့ကိုဘယ္ေလာက္ေထာက္ပံ့ေပးႏိုင္လဲ ေျပာစမ္း...."
ပါး႐ိုက္တာထက္ဆိုးတဲ့စကားလုံးေတြကိုေဖေဖေျပာတာေၾကာင့္ေႂကြ ေခါင္းေလးခါယမ္းမိတာကအ႐ူးပမာ
မဟုတ္ဘူး ေႂကြ ေမေမ့ကိုမသတ္ဘူး...
ေျဖရွင္းခ်င္ေပမဲ့ဝမ္းနည္းမူေၾကာင့္ရင္ဘတ္ထဲစို႔နင့္ရင္းေျပာမထြက္ေတာ့ေပ။
မ်က္ရည္မ်ားသာစကားလုံးအျဖစ္ေျပာင္းရင္ေႂကြ ေဖေဖ့ကိုအမ်ားႀကီးေျဖရွင္းခ်က္ေပးၿပီးၿပီ။ယခုေတာ့ေႂကြကေပ်ာ့ညံ့သူတစ္ေယာက္ပမာ ငိုဖို႔ပဲတတ္ႏိုင္ခဲ့ရင္း
"နင့္ေၾကာင့္ နင္ေမြးၿပီးထဲကကိုငါတို႔မိသားစုကေမာက္ကမျဖစ္ကုန္တာ နင္ကၿဂိဳလ္ဆိုးမ ကုမၸဏီအ႐ူံးေပၚတာလဲနင့္ေၾကာင့္ ငါ့မိန္းမေသတာလဲနင့္ေၾကာင့္ နင္သာအသိညဏ္မဲ့ၿပီးေလွ်ာက္မသြားေနခဲ့ရင္နင့္အေမေသမွာမဟုတ္ဘူး နင့္နာမည္ကိုငါဘာလို႔႐ြက္ေဟာင္းေႂကြလို႔ေပးတာလဲသိလား နင္ကသစ္႐ြက္ေဟာင္းတစ္႐ြက္လိုပဲမၾကာခင္ေျမျပင္ေပၚကိုေႂကြက်ၿပီးအမႈိက္ရႈပ္ေစမွာ
ငါ့အတြက္နင့္လိုသမီးမ်ိဳးမလိုဘူး ငါ့အိမ္မွာအမိူက္႐ူပ္ေစမဲ့သစ္႐ြက္ေဟာင္းေတြမလိုခ်င္ဘူး ရွိလာရင္လဲေျမျပင္ေပၚမေႂကြက်ခင္ငါကိုယ္တိုင္႐ြက္ေဟာင္းရွိတဲ့အကိုင္းေတြကိုလိုက္ခုတ္ျပစ္မွာ...."
ရွည္လွ်ားတဲ့ေဖေဖ့စကားအဆုံးေႂကြ႕ရင္ဘတ္ေလးနိမ့္လိုက္ျမင့္လိုက္ႏွင့္မ်က္ရည္ေတြက်လာရသည္။အ႐ူးတစ္ပိုင္းႏွင့္
နားကနားက်ပ္ေလးကိုဆြဲျဖဳတ္လိုက္ကာမွေလဟာနယ္ထဲေရာက္သြားသလိုဘာမွ
မၾကားရေတာ့ေပမဲ့ေႂကြ႕အတြက္အနည္းငယ္အဆင္ေျပသည္။
သို႔ေပမဲ့ေဖေဖကေတာ့ေႂကြ႕ကိုလက္ညိဳးေငါက္ေငါက္ထိုးကာ ေႂကြ႕ရင္ကိုထိုးႏွက္မယ့္စကားလုံးေတြေ႐ြးေျပာေနဆဲ
ဒါဆိုမမနာမည္ကေႂကြနဲ႔ဆန႔္က်င္ဘက္ေပါ့
႐ြက္သစ္ေတြေဝေနတဲ့အပင္တစ္ပင္က
စိမ္းလမ္းစိုေျပၿပီးလွပေနမယ္ဆိုတဲ့အဓိပၸါယ္
ေႂကြကေတာ့မၾကာခင္ေႂကြက်ေတာ့မယ့္သစ္႐ြက္ေဟာင္းတဲ့လား??
ေဖေဖအရမ္းတစ္ယူသန္တယ္
သမီးခ်င္းတူတာေတာင္ေဖေဖေႂကြ႕ကို
ရန္သူလိုသေဘာထားတယ္
မခံမရပ္ႏိုင္ျဖစ္ကာရင္ဘတ္ထဲကထိုးေအာင့္ရင္းေႂကြ ေဖေဖ့အခန္းထဲကေျပးထြက္လာမိသည္။
မူးရီေနတဲ့ေခါင္းကလဲတစ္ရိပ္ရိပ္ျဖစ္ေနတာေၾကာင့္ေႂကြ အခန္းေဘာင္ကိုမွီရင္းရပ္ေနမိသည္။
"ေမေမ့ကိုေႂကြမသတ္ပါဘူး...."
တိုးသဲ့စြာဝန္ခံသံေလးအဆုံးေႂကြေအာက္ကိုပုံခနဲလဲက်သြားရသည္။သတိမလစ္ေအာင္ထိန္းကာထရပ္ဖို႔ျပင္လိုက္ေပမဲ့အားေတြယုတ္ေလ်ာ့ရင္းေႂကြျပန္ျပစ္လဲက်ကာသတိလစ္သြားေတာ့၏။
အလိုက္မသိတဲ့ျခင္ေတြဟာလဲဘုမသိဘမသိေႂကြ႕ အနားတဝဲလည္လည္ျဖင့္>>>>
🍂🍂🍂🍂🍂
"ရတယ္ေဖေဖ ေဖေဖကိုယ္တိုင္ကေႂကြ႕ကိုအမိူက္႐ူပ္တဲ့သစ္႐ြက္ေတြလို႔ျမင္ရင္ေဖေဖကိုယ္တိုငိအပင္ပန္းခံၿပီးမရွင္းေစရပဲ
ေႂကြကိုယ္တိုင္ေလဟုန္စီးၿပီးအေဝးကို
ေလနဲ႔အတူထြက္သြားပါ့မယ္
ဘယ္ေတာ့မွျပနိမလာေတာ့ဘူး..."
တိုးသဲ့သဲ့အသံေတြ ဒါေႂကြကိုယ္တိုင္ေျပာေနတာမွန္းေႂကြသိသည္။
ဒါေပမဲ့အျပင္မွာမဟုတ္ပဲအိမ္မက္ထဲမွာျဖစ္၏။
ေႂကြကအိပ္မက္ထဲမွာတကယ့္ကိုသစ္႐ြက္ေလးတစ္႐ြက္ပင္။ေဖေဖကဓားမကိုင္ကာသစ္႐ြက္ေဟာင္းေလးရွိတဲ့အကိုင္းလိုက္ကိုခုတ္ရန္ျပင္ေနတာေၾကာင့္သစ္႐ြက္ေလးျဖစ္တဲ့ေႂကြက ထိုအကိုင္းမွေႂကြက်ရင္းေလဟုန္စီးကာထိုသစ္ပင္မွအေဝးဆုံးကိုထြက္သြားေလသည္။
အိပ္မက္ကပဲေႂကြ႕ကိုတကယ္ေျခာက္လွန႔္ေနသလား။လူပ္လိလူပ္လဲ့မ်က္စိေလးေတြပြင့္လာရတဲ့ေႂကြ ၾကည့္လိုက္ေတာ့ၾကမ္းျပင္ေပၚမွာညကအတိုင္းပဲသတိလစ္ကာအိပ္ေနမိ၏။
တစ္ေစာင္းႀကီးျဖစ္ေနတာမို႔လက္ကခါးေအာက္ေရာက္ကာခါးကလဲတစ္ေစာင္းႀကီးျဖစ္ေနျပန္သည္။ထို႔ေၾကာင့္တစ္ကိုယ္လုံးကိုကိုင္႐ိုက္ထားသလိုနာက်င္ေနရ၏။
ေႂကြ ညည္းညဴရင္းထထိုင္လိုက္ေတာ့ေခါင္းက ညကေလာက္မမူးေတာ့ေပမဲ့အနည္းငယ္ရီေဝေဝျဖစ္ေနေသး၏။
အိပ္မက္ထဲကအေၾကာင္းကိုျပန္ေတြးရင္းေႂကြ ငိုင္က်သြားမိသည္။
တစ္ကယ္ပဲထြက္သြားရင္ေကာင္းမလား ေဖေဖကေႂကြ႕ကိုဒီအေၾကာင္းေတြ
ဘယ္အခ်ိန္ထဲကေျပာခ်င္ေနတာလဲ
အရင္ကေျပာဖို႔အခြင့္မသာခဲ့လို႔လား....
ဝမ္းနည္းစြာေတြးရင္းေႂကြထရပ္လိုက္ေတာ့အားမရွိတဲ့ကိုယ္ေလးကယိုင္နဲ႔နဲ႔ျဖစ္သြားတာေၾကာင့္မွန္တင္ခုံအစြန္းကိုလွမ္းေထာက္လိုက္ရသည္။
သူမမေန႔ကဗိုက္မဆာ၍ေန႔လည္စာမစားထားသလိုအိမ္ေရာက္ေတာ့လဲစိတ္ညစ္စရာေတြနဲ႔ညစာပါမစားထားတာေၾကာင့္ဗိုက္ကလစ္ဟာေနကာအားလဲျပတ္ေနၿပီျဖစ္သည္။
သက္ျပင္းရွည္ႀကီးတစ္ခ်က္ကိုခ်ရင္းေႂကြ ေနမေကာင္းေပမဲ့ေရခ်ိဳးလိုက္ကာအက်ႌထူထူတစ္ထည္ဝတ္ရင္း
ကုတင္ေပၚျပန္ထိုင္မိျပန္သည္။
ေႂကြေအာက္ဆင္းလို႔ေဖေဖရွိရင္ ေႂကြနဲ႔အတူမနက္စာစားဖို႔ေဖေဖသတီပါ့မလား....
စိုးရိမ္စြာေတြးရင္းေႂကြ ဒီေန႔ေဂဟာမသြားရန္ဆုံးျဖတ္လိုက္သည္။
စိတ္အေျခအေနမေကာင္းရင္ကေလးေတြကိုၿပဳံး႐ႊင္စြာစာသင္ႏိုင္မည္မဟုတ္ေတာ့ေပ။
"တီ..."
ေတြးေနတုန္းအိမ္ေရွ႕ကဟြန္းသံက်ယ္က်ယ္ကိုၾကားလိုက္ရတာေၾကာင့္ေႂကြ ျပတင္းေပါက္အေျပးသြားကာၾကည့္မိသည္။
"ဟင္..."
ေႂကြ မေန႔ကသတိထားမိလိုက္တဲ့ထိုကားကေႂကြ႕ကိုဝယ္မယ္ဆိုတဲ့လူရဲ႕ကားျဖစ္သည္။
ေႂကြဘယ္လိုလုပ္ရမလဲ သူလာေခၚေနၿပီ!!...
႐ုတ္တရက္ေျခဖ်ား လက္ဖ်ားေတြ
ေအးစက္လာတဲ့ေႂကြကအျပစ္သား
တစ္ေယာက္နဲ႔တူေန၏။
🍂🍂🍂🍂🍂
#သွ်င္ေႏွာင္း
#ဦးေပးေသာအမုန္း