Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း~~၁၅~~
ဓာတ်ပုံအကွဲကိုကောက်ကိုင်ကာ
ရန် အောက်မှာလဲကျနေတဲ့ကြွေ့ကို
စူးစူးကြီးစိုက်ကြည့်ရင်းမှ
“သူမှန်းသိလို့မင်းလုပ်တာမလား
မင်းကလူကိုယ်တိုင်ရှိစဉ်တုန်းက
နှိပ်စက်ရတာအားမရလို့ အခု
သေပြီးသားလူကိုတောင်နှိပ်စက်ချင်နေသေးတာ......”
သူ့မှာညီရှိတယ်ဆိုတာ အခုမှသိရတဲ့အဖြစ်
ကြွေ တစ်ခါမှတောင်မမြင်ဖူးတာ
ဘယ်လိုဖြစ်ပြီးသူ့ညီကိုနှိပ်စက်ရမည်လဲ??
ပြီးတော့ မသေခင်နှိပ်စက်တယ်ဆိုတာကရော??
သူ့ညီကသေသွားပြီးပြီလား??
ဝမ်းနည်းခြင်း စိတ်မကောင်းခြင်းတွေ
ရောပြွန်းလာကာ ကြွေ ထိုင်ရာကမထပဲ
အတွေးတွေစုံပြုံရင်းမျက်ရည်တောင်ဝဲ၏။
သူ့ကိုစိတ်မကောင်းတာလဲပါမည် ....>
သူကတော့ ဓာတ်ပုံကိုကောက်ကိုင်ရင်း
အပြင်ပြန်ထွက်သွားတာက
ခပ်ကြမ်းကြမ်းနှင့်ဖြစ်သည်။
ကြွေ ခံပြင်းတာရောနာကျင်တာပါပေါင်းကာ
ဒီတိုင်းလေးမလှုပ်မယှက်ငြိမ်ထိုင်နေမိ၏။
“ဟွန့် တွေ့လား နင်ကသူ့ဇနီးဆိုရင်တောင်
သူ့ရဲ့ချက်ကောင်းကိုငါသိတာမို့ အခုလိုနင့်ကို
ဒုက္ခရောက်အောက်လုပ်လို့ရတယ်
နင်ကြည့်နေကြည့်စားပေါ့...”
ကျေနပ်သောအသံနှင့်သူမထွက်သွားကာမှ
ကြွေ ဖြစ်ပျက်သွားသောလုပ်ရပ်တွေကို
ပြန်လည်သုံးသပ်ကြည့်မိသည်။
မေနေ့စွဲရဲ့လှည့်ကွက်ထဲမှာ
သူကျရှုံးသွားတာပဲ!!!!
ကြွေ့ကိုတကယ်လုပ်တယ်လို့ထင်သွားပြီး
ကြွေကအပြစ်သားတစ်ယောက်ပေါ့!!!
ကိုယ့်အခြေအနေကိုနားလည်ကာ
သက်ပြင်းတစ်ချက်ချလိုက်မိ၏။
ဇာတ်ကားတွေထဲမှာသာကြားခဲ့ဖူးတဲ့
ဗီလိန်ဆိုတဲ့အဓိပ္ပါယ်ကိုကြွေအခုတော့
နားလည်ခဲ့သည်။
မေနေ့စွဲကကြွေ့ကိုဘာကြောင့်
ဒိလောက်ကြီးအထိမုန်းနေတာလဲ??
ကြွေကကိုယ်မသိတဲ့အခြေအနေထဲမှာ
ကြားညှပ်နေတာပဲ!!
သန့်ရှင်းရေးလုပ်ရအုံးမှာမို့ ကြွေ
ထရပ်လိုက်တော့ ဖန်ကွဲစလေးကအထဲကို
ပိုမိုနစ်ဝင်သွားကာ ကြွေ နာကျင်အောင့်သက်သွား၏။
မျက်ရည်ပါဝဲလာရင်းနောက်ကကုတင်ပေါ်
ထိုင်ချမိကာ ခြေထောက်ယူကြည့်ရင်းမှ
ဖန်ကွဲစကိုဆတ်ခနဲဆွဲထုတ်ရန်တွေးပေမဲ့
လက်တွေကမရဲပေ.....။
ဖန်ကွဲစကိုထိရင်းနည်းနည်းလေး
လှုပ်ကြည့်ရုံနဲ့တင် အသည်းထဲက
ခိုက်အောင်နာသွားသည်။
ကြွေ ဘာလုပ်ရမလဲစဉ်းစားမရဖြစ်နေတုန်း
အခန်းထဲကိုတစ်ယောက်ယောက်
ဝင်လာတာမို့ ခေါင်းလေးထောင်ကြည့်တဲ့အခါ ထင်မထားစွာနဲ့ဦးဖြစ်နေ၏။
“စူးသွားတယ်မလား??...."
ကြိုသိနေပုံနဲ့တပ်အပ်ပြောရင်း
ကြွေ မမြင်လိုက်မိသောဆေးသေတ္တာကို
ဘေးနားချကာ ကုတင်အောက်မှာဒူးထောက်ထိုင်လိုက်သည်။
နီးကပ်စွာရလိုက်တဲ့ကိုယ်သင်းနံ့ကြောင့်
ကြွေ ရင်ထဲဒိန်းခနဲဖြစ်သွားကာ
ရထားခုတ်မောင်းသလိုခံစားရ၏။
ကြွေ ကြွေရင်ခုန်နေတာတအားပဲ!!!
“ငြိမ်ငြိမ်နေ.....”
တစ်ခွန်းထဲအမိန့်ထုတ်ရင်း သူက
လက်အိတ်စွပ်ကာ ကြွေ့ခြေထောက်က
ဖန်ကွဲစကို မရည်ရွယ်ပဲဆတ်ခနဲ
ဆွဲနှုတ်ချလိုက်သည်။
အသားထဲထိထိုးခွဲထားတာမို့
ကြွေ သေပြီလားအောင့်မေ့ကာ
နှုတ်ခမ်းကိုပြက်ထွက်နေအောင်
ကိုက်ထားမိ၏။
သူက ကြွေနာလားမနာလားမသိချင်စွာ
မော့မကြည့်လာကာ ဖန်ကွဲစကိုဆွဲထုတ်ရင်း
ပိုးသေအောင်အရက်ပြန်
လောင်းချလိုက်တာမို့ လူကဆတ်ခနဲဖြစ်သွားကာ သူ့လက်တွေထဲကရုန်းထွက်လိုက်သည်။
သို့ပေမဲ့ ပြန်လည်ဆွဲယူသွားတဲ့သူက
ကြွေ့ကိုခပ်စူးစူးကြည့်လာရင်းမှ
“မင်းဒီလိုမထည့်ရင်တော့ တစ်သက်လုံး
ပျောက်မှာတောင်မဟုတ်ဘူး.....'
ကြွေ ဘာမှပြန်မပြောနိုင်ခင်
သူက ဂွမ်းစမှာဆေးရည်တို့ကာ
ဒဏ်ရာကိုထပ်သိပ်တာမို့ လူကဘယ်လိုမှ
မခံနိုင်ပဲ မျက်ရည်တွေပိုးပိုးပေါက်ပေါက်
ကျလာရ၏။
“မငိုနဲ့ပြီးတော့မှာ....."
သုကချော့သလိုပြောရင်း ဆေးနီမှုန့်သိပ်ကာ
ခြေထောက်ကိုပတ်တီးစည်းလိုက်သည်။
နာကျင်စပ်ဖျဉ်းနေတာက ဘာနဲ့မှ
လဲလို့မရပဲ ရှိနေ၏။
ကြွေ လက်လေးကိုမသိမသာငုံ့ကြည့်တော့
သတိထားမိတဲ့သူက ကြွေ့လက်လေးကို
ဆွဲယူကာ နီးနီးကပ်ကပ်ယူကြည့်သည်။
နာကျင်တာတွေခေတ္တမေ့ပျောက်ရင်း
ကြွေ နှုတ်ခမ်းလေးခပ်ဖွဖွကိုက်ကာ
ရင်ခုန်တာကိုတားမြစ်နေ၏။
ဘာကြောင့်အဲ့လောက်ခုန်နေတာလဲ??
အစောကပဲအော်ကြီးဟစ်ကျယ်နဲ့
စိတ်တွေတိုနေတဲ့ဦးက အခုတော့သူမဟုတ်သလိုပဲ ကြွေ့ကိုဆေးထည့်ပေးနေတာမို့
ရင်ထဲကြည်နူးမိပြန်သည်။
“ဦး ကြွေ့ကိုစိတ်မဆိုးဘူးမလား??....”
ကြားလိုက်ရတဲ့နာမ်စားကြောင့် ရန့်လက်တွေ
ရပ်တန့်သွား၏။
ဘာမှပြန်ဖြေရန်မစီစဉ်ထားတာမို့
သူတိတ်နေတဲ့အခါ သူမဘက်က
စကားသံလေးတွေရပ်တန့်သွားသည်။
ကြွေ ပြန်မဖြေတဲ့သူ့ကြောင့် ရင်ထဲ
တစ်မျိုးတော့ခံစားလိုက်ရ၏။
သူစိတ်ဆိုးမပြေသေးတာလား??
ဒါပေမဲ့ ကြွေ့ကိုဘာကြောင့်ဆေးတွေ
လာထည့်ပေးနေရတာလဲ??
အဖြေရှာမရတဲ့ပုစ္ဆာလို ကြွေတစ်ယောက်
ငြိမ်ငြိမ်လေးစဉ်းစားနေရင်း လက်ထဲက
ဖန်စလေးဆွဲထုတ်သွားတာ သူဆေးထည့်ပေးနေတာ ဂရုမစိုက်မိအောင်အထိ
ဖြစ်သွားရသည်။
ဆေးသေတ္တာကိုင်ရင်း ထလိုက်တော့မှ
လူကဆတ်ခနဲဖြစ်သွား၏။
“ရေမစိုစေနဲ့ .....""
ထိုမျှလောက်သာပြောရင်း အခန်းထဲက
ပြန်ထွက်သွားတာမို့ အဆုံးစွန်ထိ
မပျော်ပေမဲ့ နည်းနည်းလေးတော့
ရွှင်ပျမိသည်။
ဘာပဲဖြစ်ဖြစ် ဦးကကြွေ့ကိုနူးနူးညံ့ညံ့
ဆက်ဆံတယ်မလား??
ဒါပေမဲ့ ကြွေမှအဲ့ပုံကိုခွဲတာမဟုတ်တာကို
ကြွေကဘာလို့အပြစ်ရှိသလိုနေရမှာလဲ??
အခုမှ သတိချပ်ရင်းကိုယ့်ကိုကိုယ်
အားမလိုအားမရဖြစ်မိ၏။
“သမီးရယ် ဘာဖြစ်တာလဲကွယ် သခင်လေး
တက်သွားလို့မေတိုးလိုက်မလာတာ
ကွဲသံကြားပြီး စိတ်ပူလိုက်ရတာ
ဘာဖြစ်တာလဲ??.....”
ကြွေ ဖြေရန်တွန့်ဆုတ်နေပေမဲ့ မေတိုးကတော့ကြွေ့ကိုယုံပေးမယ်ဆိုတာ
သိတာမို့ နားနားကပ်ရင်းမှ
“မေနေ့စွဲက ဦးရဲ့ညီဆိုတဲ့သူရဲ့
ဓာတ်ပုံကိုရိုက်ခွဲပြီး ကြွေ့ကိုအပြစ်ပုံချတာ
ဦးကလဲတကယ်ဆိုပြီး ကြွေ့ကိုစိတ်ဆိုးသွားသေးတယ် ဒါပါပဲမေတိုးရယ်....”
ဒေါ်တိုးကအစပိုင်းမှာမျက်နှာလေး
နွမ်းသွားပေမဲ့ တဖြည်းဖြည်းမျက်နှာက
တည်သွားရင်းမှ တအံ့တဩဖြစ်ကာ
“ဘယ် ဘယ်လိုခေါ်လိုက်တာ သခင်လေးကို
ဘယ်လိုခေါ်လိုက်တာ....."
မျက်နှာလေးရဲသွားတဲ့ကြွေ မေတိုးကို
မသိချင်ယောင်ဆောင်ရင်းမှ
လည်ပင်းလေးမသိမသာပွတ်သပ်ကာ
“ဟို လင်မယားကြားသုံးနှုန်းမှု
တစ်ခုလောက်ရှိသင့်တယ်ထင်လို့.....”
“အေးပါကွယ် သမီးတို့အဆင်ပြေရင်
မေတိုးလဲဝမ်းသာပါတယ် ဘာပဲဖြစ်ဖြစ်
လင်မယားဆိုတာ တစ်ဦးနဲ့တစ်ဦး
နားလည်မှုရှိကြရင်ကောင်းတာပဲကွယ်
ကြားထဲခလောက်ဆန်တဲ့လူမရှိရင်ပေါ့....”
ဘာကိုပြောတာမှန်းသိတာမို့ ကြွေ
ငြိမ်ငြိမ်လေးနေမိတဲ့အခါ မေတိုးက
အောက်မှာကျနေတဲ့ဖန်ကွဲစတွေကို
သေသေသပ်သပ်သိမ်းဆည်းရင်း
အခန်းထဲကပြန်ထွက်သွားသည်။
ရေမကိုင်ရဘူးဆိုကာမှ ခြေလက်မဆေးရသေးတာသတိရကာ ကြွေအကြံအိုက်သွား၏။
ဘယ်လိုလုပ်ရပါ့မလဲ??
ဘာမှတော့မဖြစ်လောက်ပါဘူး!!
အတွေးဖြင့် ထလိုက်တော့ ခြေဖဝါးတစ်ဝိုက်
နာကျင်နေတာမို့ ခြေဖော့ရင်းရေချိုးခန်းထဲ
ရောက်အောင်လျှောက်လာခဲ့သည်။
လက်ကိုရေစိုလဲမတတ်နိုင်တော့တာမို့
ခြေလက်ဆေးကြောကာ အပြင်ပြန်ထွက်လာခဲ့၏။
အဝတ်အိတ်ကအောက်မှာမို့ ခြေထောက်
ထောက်မယူနိုင်ကာ ကြွေ ခြေပြစ်လက်ပြစ်
ထိုင်ချရင်းမှ အဝတ်ယူကာ ရေချိုးခန်းထဲ
ပြန်ဝင်လာခဲ့သည်။
လဲဝတ်ရင်း ပြီးစီးချိန် အဝတ်ဟောင်းတွေ
အဆင်ပြေသလိုခေါက်ရင်းမှ
ကြွေ အခင်းစကိုအောက်မှာခင်းလိုက်၏။
လက်ရောခြေထောက်ရောနာနေတာမို့
ကြွေ အခက်တွေ့လှကာ အိပ်ယာပေါ်ကို
တစ်ချက်ကြည့်ရင်းသက်ပြင်းချသည်။
သူနဲ့အတူမနေရဲပေမဲ့ အခုလိုမလာသေးတော့လဲ မျှော်မိတာအမှန်!!!
ကြွေ့ကိုများသူ့စိတ်ထဲအထင်မှားနေပြီလား?
အဲ့တာများ အစောကကြွေလုပ်တာမဟုတ်ကြောင်းပြောလိုက်ရမှာ မေ့သွားတာ!!
အတွေးဖြင့်လှဲရန်ပြင်တုန်း တံခါးဖွင့်သံ
ကြားတာမို့ ဦးမှန်းသိကာ ကျောပြင်လေး
တောင့်သွား၏။
“ကုတင်ပေါ်တက်အိပ်.....”
လှဲရန်ပြင်တုန်းသူပြောတာကြောင့်
ကြွေ ဟင်ခနဲဖြစ်ကာ နည်းနည်းတော့
တွန့်မိသည်။
သူက ကြွေ့ကိုသေချာစူးစိုက်ကြည့်နေရင်း
သူ့ဘေးနေရာကို မျက်စပြစ်ပြကာ
“လာအိပ် အေးလာတယ် အောက်မှာအိပ်ရင်
မင်းအနာတွေပိုဆိုးလိမ့်မယ်.....”
“ရပါတယ် ကြွေအိပ်တတ်တယ်.....”
“အဲ့တာကတော့မင်းမပြောရင်တောင်
သိတယ် မင်းအနာရက်တွေရှည်မှာဆိုးလို့
သက်သာမဲ့နည်းလမ်းကိုလုပ် အခုပဲ
ကုတင်ပေါ်တကိခဲ့....."
ကြွေ ငြင်းရန်ခက်ခဲသွားတဲ့အခါ
ဦးက လှဲအိပ်ရင်းခေါင်းရင်းက
ခလုတ်လေးကိုနှိပ်ကာမီးပိတ်လိုက်၏။
ကြွေ အောက်ကအခင်းစကို အနာမရှိတဲ့လက်နဲ့ယူရင်းမှ တစ်ခုချင်းစီကုတင်ပေါ်တင်ကာ သေသပ်အောင်ခင်းလိုက်သည်။
သူကတော့အိပ်နေပြီမို့ အသံမထွက်အောင်
သိုသိုသိပ်သိပ်လေးလုပ်ရင်းမှ ကြွေ
ကုတင်ပေါ်မှာလှဲအိပ်လိုက်တော့
သု့ဆီကအသက်ရှုသံသဲ့သဲ့ကိုကြားနေ၏။
ကြွေ ရင်ခုန်နှုန်းတွေမူမမှန်လာရင်းမှ
သူ့ကိုကျောပေးကာ နာကျင်မှုဖြေဖျောက်ရင်း အိပ်ရန်တွေးလိုက်သည်။
သေချာပြန်တွေးရင်တောင် သူနဲ့တွေ့ကထဲက
ကြွေကအနာတရတွေဖြစ်နေတာချည်းပါပဲလား??
🍂🍂🍂🍂🍂
ကြွေ နိုးတဲ့အချိန်သူကမရှိတော့တာမို့
ကုတင်ပေါ်ကထရင်းမှ ရေမိုးချိုးကာ
အောက်ဆင်းလာခဲ့၏။
မေနေ့စွဲနဲ့အတူ ဦးကမနက်စာဝိုင်းမှာ
စားသောက်နေကြသည်။
မေတိုးကဘေးနားမှာနေရင်း လိုတာကို
ယူပေးကာ သူတို့နှစ်ယောက်က
စားတာမပျက်
ကြွေ စားပွဲဆီလျှောက်လာကာဝင်ထိုင်တော့
မေတိုးက ကော်ဖီတစ်ခွက်ယူရင်းမှ
ရှေ့လာချပေး၏။
ကြွေ အရှေ့ကပေါင်မုန့်နဲ့တို့စားရင်း
ဗိုက်ဝချိန်ထရန်ပြင်တော့ သူကပါ
လိုက်ထလာရင်းမှ
“ဂေဟာလိုက်ပို့ပေးမယ်.....”
ထိုမျှသာပြောရင်းထွက်သွားတဲ့သူနဲ့အတူ
ညိမ်သက်နေတဲ့မေနေ့စွဲကြောင့် အခြေအနေကို နည်းနည်းတောင်သံသယဝင်မိသည်။
သူတို့နှစ်ယောက်လုံးနေမကောင်းဘူးလား??
ကြွေတွေးရင်းမှ အပေါ်ကို
ခြေဖွပြန်တက်တော့ အနောက်ကနေသူကပါလိုက်တက်လာရင်းမှ ခြေထောက်နာနေတဲ့ကြွေ့ထက်အရင်အခန်းထဲဝင်သွား၏။
အပေါ်ထပ်ကုတ်အင်္ကျီကိုဝတ်ရင်း
နာရီပတ်ကာ သူကဆံပင်ကို
သေချာဖြီးသင်ရင်း အောက်ပြန်ဆင်းသွားသည်။
ကြွေ ဒီနေ့ဂေဟာမသွားရန်ဆုံးဖြတ်ထားကာမှ သူကဘာတွေသဘောကောင်းပြီး
လိုက်ပို့မယ်ပြောမှန်းမသိ!!
ကြွေ ခြေထောက်ကနာနေတာမို့ခြေဖော့ရင်း
အောက်ကိုပြန်ဆင်းလာကာ သူ့ကိုလိုက်ရှာတော့ မတွေ့ဝောာ့....>
အရှေ့မှာကားစက်နှိုးသံကြားတာမို့
ကြွေ အရှေ့ကိုခပ်ဖြည်းဖြည်းလျှောက်လာတဲ့အခါ သုကကားထဲကနေကြည့်နေ၏။
“ကြွေ ခြေထောက်နာနေလို့
မသွားနိုင်တော့ဘူး.....”
“ဟုတ်လား??.....”
ညကကိစ္စကိုမေ့သွားပုံနှင့် သူကပြောတာမို့
ကြွေ နည်းနည်းတော့ကြောင်သွားမိသည်။
“မင်းကအရင်င်ဆိုဘာပဲဲဖြစ်ဖြစ်
ဂေဟာသွားနေကျမို့လို့လေ.....”
ချီးကျူးတာလား??ရွဲ့တာလား??
မသဲကွဲတဲ့သု့စကားကြောင့် ကြွေ
မှင်သက်သွားတော့ အိမ်ထဲကနေ
လှမ်းထွက်သွား၏။
သူဘာကြောင့်ဒီလိုဖြစ်သွားတာမှန်းမသိ....,.
ကြွေ့ကိုဘာကြောင့်ဒီလိုဆက်ဆံတာလား??
အရင်တုန်းကမနူးညံ့ရင်တောင် အခုအခြေအနေကပိုဆိုးတယ်ထင်မိသည်။
ညတုန်းကဓာတ်ပုံကိစ္စကြောင့်လား??
ကြွေ မလုပ်ပဲဘာကြောင့်သူ့ရဲ့
အပြစ်တင်မှုကိုခံရမှာလဲ??
အတွေးတို့ဖြင့်အိမ်ထဲပြန်ဝင်ခဲ့တော့
မေနေ့စွဲက ကြွေ့ရှေ့လာရပ်ရင်းမှ
“ကိုကိုကနင့်ကိုစိတ်ဆိုးနေတုန်းပဲ
မဟုတ်လဲသူပြန်လာရင် အဲ့ဓာတ်ပုံက
ငါခွဲတာပါဆိုပြီးပြောလိုက်လေ
သူယုံမလားဆိုတာပေါ့.....”
ခြိမ်းခြောက်တာလား အကြံပေးတာလား
မသဲကွဲတဲ့စကားတွေကြောင့်
ကြွေမျက်မှောင်လေးကြုတ်ကာ စိတ်ထဲ
တစ်မျိုးတော့ခံစားလိုက်ရ၏။
မေနေ့စွဲကဘာပြောချင်ဝာာလဲ??
ကြွေ့ပုခုံးကိုတိုးတိုက်ရင်းသူမရဲ့ကားနဲ့
ထွက်သွားပြန်တာကြောင့် ကြွေ
ငူတူတူလေးကျန်ခဲ့ပြန်သည်။
သူတို့နှစ်ယောက်လုံးဘာဖြစ်နေကြတာလဲ??
🍂🍂🍂🍂🍂
တစ်နေကုန်အောက်မှာနေရင်းမှ ပျင်းတာမို့
အပေါ်တက်ကာ အိပ်ယာထဲလှဲမိ၏။
ဖန်ကွဲစကျန်သေးသလားတောင်ထင်ရတဲ့
ခြေထောက်က အခုထက်ထိ
နာနေဆဲဖြစ်တာမို့ ကြွေ ညည်းညူမိသည်။
လက်ကလဲနာပြန်တယ်!!!
ကုတင်ပေါ်မှာတက်လှဲရင်း
မေတိုးတိုက်ထားတဲ့ဆေးအရှိန်ကြောင့်
ကြွေ မှိန်းခနဲအိပ်ပျော်သွား၏။
“ဟင်......”
အိပ်နေတုန်းဖျက်ခနဲလန့်နိုးချိန်
ကြွေ့ဘေးမှာထိုင်နေတဲ့သူ့ကြောင့်
လူကရင်တုန်သွားသည်။
ခဏလို့ထင်လိုက်မိပေမဲ့
အပြင်ကိုလှမ်းကြည့်ချိန် မှောင်နေတာမို့
နောက်ကျနေပြီမှန်းသိလိုက်ရ၏။
ကြွေ အဲ့လောက်ထိအိပ်ပျော်သွားတာပဲ!!
“မင်း လူတစ်ယောက်ကိုအသဲခွဲဖူးလား??.....”
အစအဆုံးမရှိတဲ့မေးခွန်းကြီးကို
မေးလိုက်တာမို့ ကြွေ ဘာပြန်ဖြေရမှန်းမသိ!!
“ဦးကဘာလို့မေးတာလဲ??.....”
“ဒီလိုပါပဲမင်းအကြောင်းသိချင်လို့.....”
ကြွေ အိပ်မက်ထဲမှာများ
စကားပြောနေတာလားထင်မိရအောင်အထိ
လူကရီဝေသွားသည်။
“ဦး....."
“ဖြေပါ....”
ကြွေ ခေတ္တတိတ်ဆိတ်သွားရင်း
ဝမ်းနည်းနေတဲ့ကိုလျှံ့မျက်နှာကိုပြန်တွေးကာ
မသိမသာခေါင်းညိမ့်လိုက်၏။
ဒါဟာကြွေ့ ဘဝမှာပထမဆုံးအကြိမ်
သူများအသည်းကိုခွဲခဲ့ဖူးတာပဲ!!
ရန့်မျက်နှာမဲခနဲဖြစ်သွားရင်းမှ
ကြွေ့ကိုမဲ့ပြုံးနဲ့ကြည့်ကာ
“မင်းသူ့ကိုချစ်လား.....”
“ဟင့်အင်း.....”
မဆိုင်းမတွပြန်ဖြေသံကြောင့်
မှန်ရခက်သောအရိပ်တစ်ချို့
ရန့်မျက်နှာထက်ဖြတ်ပြေးသွားသည်။
“အခုရောမင်းင်းသူများအသည်းကို
ခွဲအုံးမှာလား??....”
“ဟင် ဘာကိုလဲ?.....”
ကြွေ အသံတုန်တုန်နဲ့ပြန်မေးလိုက်တော့
သူက ကြွေ့ကိုကြည့်လာကာ လက်ကို
ထပ်လျက်အုပ်ကိုင်ရင်းမှ
“ငါမင်းကိုချစ်တယ်လို့ပြောရင်ရော
မင်းဘက်ကငြင်းမှာလား??.....”
“အို.....”
လူကဘာပြန်ဖြေရမလဲမသိချိန်
ကြွေ့လက်ကိုဆုပ်ကိုင်ခြင်းခံလိုက်ရကာ
“မင်းကိုချစ်တယ်.....”
အခြေအနေတွေကဘာဖြစ်ကုန်မှန်းမသိ!!
ညကမုန်းတယ်
အခုချစ်တယ်....>
အဲ့ပုံစံမျိုးဖြစ်နေတာမို့ ကြွေ
တံတွေးလေးမြိုချရင်းသာ သူ့ကို
မရဲတရဲစိုက်ကြည့်လိုက်မိ၏။
ကြွေကအဆက်အစပ်မရှိတဲ့ဇာတ်လမ်းထဲကို
ရောက်သွားရတာလား??
🍂🍂🍂🍂🍂
#သျှင်နှောင်း
#ဦးပေးသောအမုန်း
ရှေ့ရက်တွေတုန်းက လိုင်းတွေကျနေလို့
မတင်ဖြစ်တာပါနော်
ဒီနေ့ညတစ်ပိုင်းထပ်တင်ပေးပါမယ်
Zawgyi
~~ဦးေပးေသာအမုန္း~~
အပိုင္း~~၁၅~~
ဓာတ္ပုံအကြဲကိုေကာက္ကိုင္ကာ
ရန္ ေအာက္မွာလဲက်ေနတဲ့ေႂကြ႕ကို
စူးစူးႀကီးစိုက္ၾကည့္ရင္းမွ
“သူမွန္းသိလို႔မင္းလုပ္တာမလား
မင္းကလူကိုယ္တိုင္ရွိစဥ္တုန္းက
ႏွိပ္စက္ရတာအားမရလို႔ အခု
ေသၿပီးသားလူကိုေတာင္ႏွိပ္စက္ခ်င္ေနေသးတာ......”
သူ႔မွာညီရွိတယ္ဆိုတာ အခုမွသိရတဲ့အျဖစ္
ေႂကြ တစ္ခါမွေတာင္မျမင္ဖူးတာ
ဘယ္လိုျဖစ္ၿပီးသူ႔ညီကိုႏွိပ္စက္ရမည္လဲ??
ၿပီးေတာ့ မေသခင္ႏွိပ္စက္တယ္ဆိုတာကေရာ??
သူ႔ညီကေသသြားၿပီးၿပီလား??
ဝမ္းနည္းျခင္း စိတ္မေကာင္းျခင္းေတြ
ေရာႁပြန္းလာကာ ေႂကြ ထိုင္ရာကမထပဲ
အေတြးေတြစုံၿပဳံရင္းမ်က္ရည္ေတာင္ဝဲ၏။
သူ႔ကိုစိတ္မေကာင္းတာလဲပါမည္ ....>
သူကေတာ့ ဓာတ္ပုံကိုေကာက္ကိုင္ရင္း
အျပင္ျပန္ထြက္သြားတာက
ခပ္ၾကမ္းၾကမ္းႏွင့္ျဖစ္သည္။
ေႂကြ ခံျပင္းတာေရာနာက်င္တာပါေပါင္းကာ
ဒီတိုင္းေလးမလႈပ္မယွက္ၿငိမ္ထိုင္ေနမိ၏။
“ဟြန႔္ ေတြ႕လား နင္ကသူ႔ဇနီးဆိုရင္ေတာင္
သူ႔ရဲ႕ခ်က္ေကာင္းကိုငါသိတာမို႔ အခုလိုနင့္ကို
ဒုကၡေရာက္ေအာက္လုပ္လို႔ရတယ္
နင္ၾကည့္ေနၾကည့္စားေပါ့...”
ေက်နပ္ေသာအသံႏွင့္သူမထြက္သြားကာမွ
ေႂကြ ျဖစ္ပ်က္သြားေသာလုပ္ရပ္ေတြကို
ျပန္လည္သုံးသပ္ၾကည့္မိသည္။
ေမေန႔စြဲရဲ႕လွည့္ကြက္ထဲမွာ
သူက်ရႈံးသြားတာပဲ!!!!
ေႂကြ႕ကိုတကယ္လုပ္တယ္လို႔ထင္သြားၿပီး
ေႂကြကအျပစ္သားတစ္ေယာက္ေပါ့!!!
ကိုယ့္အေျခအေနကိုနားလည္ကာ
သက္ျပင္းတစ္ခ်က္ခ်လိုက္မိ၏။
ဇာတ္ကားေတြထဲမွာသာၾကားခဲ့ဖူးတဲ့
ဗီလိန္ဆိုတဲ့အဓိပၸါယ္ကိုေႂကြအခုေတာ့
နားလည္ခဲ့သည္။
ေမေန႔စြဲကေႂကြ႕ကိုဘာေၾကာင့္
ဒိေလာက္ႀကီးအထိမုန္းေနတာလဲ??
ေႂကြကကိုယ္မသိတဲ့အေျခအေနထဲမွာ
ၾကားညႇပ္ေနတာပဲ!!
သန႔္ရွင္းေရးလုပ္ရအုံးမွာမို႔ ေႂကြ
ထရပ္လိုက္ေတာ့ ဖန္ကြဲစေလးကအထဲကို
ပိုမိုနစ္ဝင္သြားကာ ေႂကြ နာက်င္ေအာင့္သက္သြား၏။
မ်က္ရည္ပါဝဲလာရင္းေနာက္ကကုတင္ေပၚ
ထိုင္ခ်မိကာ ေျခေထာက္ယူၾကည့္ရင္းမွ
ဖန္ကြဲစကိုဆတ္ခနဲဆြဲထုတ္ရန္ေတြးေပမဲ့
လက္ေတြကမရဲေပ.....။
ဖန္ကြဲစကိုထိရင္းနည္းနည္းေလး
လႈပ္ၾကည့္႐ုံနဲ႔တင္ အသည္းထဲက
ခိုက္ေအာင္နာသြားသည္။
ေႂကြ ဘာလုပ္ရမလဲစဥ္းစားမရျဖစ္ေနတုန္း
အခန္းထဲကိုတစ္ေယာက္ေယာက္
ဝင္လာတာမို႔ ေခါင္းေလးေထာင္ၾကည့္တဲ့အခါ ထင္မထားစြာနဲ႔ဦးျဖစ္ေန၏။
“စူးသြားတယ္မလား??...."
ႀကိဳသိေနပုံနဲ႔တပ္အပ္ေျပာရင္း
ေႂကြ မျမင္လိုက္မိေသာေဆးေသတၱာကို
ေဘးနားခ်ကာ ကုတင္ေအာက္မွာဒူးေထာက္ထိုင္လိုက္သည္။
နီးကပ္စြာရလိုက္တဲ့ကိုယ္သင္းနံ႔ေၾကာင့္
ေႂကြ ရင္ထဲဒိန္းခနဲျဖစ္သြားကာ
ရထားခုတ္ေမာင္းသလိုခံစားရ၏။
ေႂကြ ေႂကြရင္ခုန္ေနတာတအားပဲ!!!
“ၿငိမ္ၿငိမ္ေန.....”
တစ္ခြန္းထဲအမိန႔္ထုတ္ရင္း သူက
လက္အိတ္စြပ္ကာ ေႂကြ႕ေျခေထာက္က
ဖန္ကြဲစကို မရည္႐ြယ္ပဲဆတ္ခနဲ
ဆြဲႏႈတ္ခ်လိုက္သည္။
အသားထဲထိထိုးခြဲထားတာမို႔
ေႂကြ ေသၿပီလားေအာင့္ေမ့ကာ
ႏႈတ္ခမ္းကိုျပက္ထြက္ေနေအာင္
ကိုက္ထားမိ၏။
သူက ေႂကြနာလားမနာလားမသိခ်င္စြာ
ေမာ့မၾကည့္လာကာ ဖန္ကြဲစကိုဆြဲထုတ္ရင္း
ပိုးေသေအာင္အရက္ျပန္
ေလာင္းခ်လိုက္တာမို႔ လူကဆတ္ခနဲျဖစ္သြားကာ သူ႔လက္ေတြထဲက႐ုန္းထြက္လိုက္သည္။
သို႔ေပမဲ့ ျပန္လည္ဆြဲယူသြားတဲ့သူက
ေႂကြ႕ကိုခပ္စူးစူးၾကည့္လာရင္းမွ
“မင္းဒီလိုမထည့္ရင္ေတာ့ တစ္သက္လုံး
ေပ်ာက္မွာေတာင္မဟုတ္ဘူး.....'
ေႂကြ ဘာမွျပန္မေျပာႏိုင္ခင္
သူက ဂြမ္းစမွာေဆးရည္တို႔ကာ
ဒဏ္ရာကိုထပ္သိပ္တာမို႔ လူကဘယ္လိုမွ
မခံႏိုင္ပဲ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္
က်လာရ၏။
“မငိုနဲ႔ၿပီးေတာ့မွာ....."
သုကေခ်ာ့သလိုေျပာရင္း ေဆးနီမႈန႔္သိပ္ကာ
ေျခေထာက္ကိုပတ္တီးစည္းလိုက္သည္။
နာက်င္စပ္ဖ်ဥ္းေနတာက ဘာနဲ႔မွ
လဲလို႔မရပဲ ရွိေန၏။
ေႂကြ လက္ေလးကိုမသိမသာငုံ႔ၾကည့္ေတာ့
သတိထားမိတဲ့သူက ေႂကြ႕လက္ေလးကို
ဆြဲယူကာ နီးနီးကပ္ကပ္ယူၾကည့္သည္။
နာက်င္တာေတြေခတၱေမ့ေပ်ာက္ရင္း
ေႂကြ ႏႈတ္ခမ္းေလးခပ္ဖြဖြကိုက္ကာ
ရင္ခုန္တာကိုတားျမစ္ေန၏။
ဘာေၾကာင့္အဲ့ေလာက္ခုန္ေနတာလဲ??
အေစာကပဲေအာ္ႀကီးဟစ္က်ယ္နဲ႔
စိတ္ေတြတိုေနတဲ့ဦးက အခုေတာ့သူမဟုတ္သလိုပဲ ေႂကြ႕ကိုေဆးထည့္ေပးေနတာမို႔
ရင္ထဲၾကည္ႏူးမိျပန္သည္။
“ဦး ေႂကြ႕ကိုစိတ္မဆိုးဘူးမလား??....”
ၾကားလိုက္ရတဲ့နာမ္စားေၾကာင့္ ရန႔္လက္ေတြ
ရပ္တန႔္သြား၏။
ဘာမွျပန္ေျဖရန္မစီစဥ္ထားတာမို႔
သူတိတ္ေနတဲ့အခါ သူမဘက္က
စကားသံေလးေတြရပ္တန႔္သြားသည္။
ေႂကြ ျပန္မေျဖတဲ့သူ႔ေၾကာင့္ ရင္ထဲ
တစ္မ်ိဳးေတာ့ခံစားလိုက္ရ၏။
သူစိတ္ဆိုးမေျပေသးတာလား??
ဒါေပမဲ့ ေႂကြ႕ကိုဘာေၾကာင့္ေဆးေတြ
လာထည့္ေပးေနရတာလဲ??
အေျဖရွာမရတဲ့ပုစာၦလို ေႂကြတစ္ေယာက္
ၿငိမ္ၿငိမ္ေလးစဥ္းစားေနရင္း လက္ထဲက
ဖန္စေလးဆြဲထုတ္သြားတာ သူေဆးထည့္ေပးေနတာ ဂ႐ုမစိုက္မိေအာင္အထိ
ျဖစ္သြားရသည္။
ေဆးေသတၱာကိုင္ရင္း ထလိုက္ေတာ့မွ
လူကဆတ္ခနဲျဖစ္သြား၏။
“ေရမစိုေစနဲ႔ .....""
ထိုမွ်ေလာက္သာေျပာရင္း အခန္းထဲက
ျပန္ထြက္သြားတာမို႔ အဆုံးစြန္ထိ
မေပ်ာ္ေပမဲ့ နည္းနည္းေလးေတာ့
႐ႊင္ပ်မိသည္။
ဘာပဲျဖစ္ျဖစ္ ဦးကေႂကြ႕ကိုႏူးႏူးညံ့ညံ့
ဆက္ဆံတယ္မလား??
ဒါေပမဲ့ ေႂကြမွအဲ့ပုံကိုခြဲတာမဟုတ္တာကို
ေႂကြကဘာလို႔အျပစ္ရွိသလိုေနရမွာလဲ??
အခုမွ သတိခ်ပ္ရင္းကိုယ့္ကိုကိုယ္
အားမလိုအားမရျဖစ္မိ၏။
“သမီးရယ္ ဘာျဖစ္တာလဲကြယ္ သခင္ေလး
တက္သြားလို႔ေမတိုးလိုက္မလာတာ
ကြဲသံၾကားၿပီး စိတ္ပူလိုက္ရတာ
ဘာျဖစ္တာလဲ??.....”
ေႂကြ ေျဖရန္တြန႔္ဆုတ္ေနေပမဲ့ ေမတိုးကေတာ့ေႂကြ႕ကိုယုံေပးမယ္ဆိုတာ
သိတာမို႔ နားနားကပ္ရင္းမွ
“ေမေန႔စြဲက ဦးရဲ႕ညီဆိုတဲ့သူရဲ႕
ဓာတ္ပုံကို႐ိုက္ခြဲၿပီး ေႂကြ႕ကိုအျပစ္ပုံခ်တာ
ဦးကလဲတကယ္ဆိုၿပီး ေႂကြ႕ကိုစိတ္ဆိုးသြားေသးတယ္ ဒါပါပဲေမတိုးရယ္....”
ေဒၚတိုးကအစပိုင္းမွာမ်က္ႏွာေလး
ႏြမ္းသြားေပမဲ့ တျဖည္းျဖည္းမ်က္ႏွာက
တည္သြားရင္းမွ တအံ့တဩျဖစ္ကာ
“ဘယ္ ဘယ္လိုေခၚလိုက္တာ သခင္ေလးကို
ဘယ္လိုေခၚလိုက္တာ....."
မ်က္ႏွာေလးရဲသြားတဲ့ေႂကြ ေမတိုးကို
မသိခ်င္ေယာင္ေဆာင္ရင္းမွ
လည္ပင္းေလးမသိမသာပြတ္သပ္ကာ
“ဟို လင္မယားၾကားသုံးႏႈန္းမႈ
တစ္ခုေလာက္ရွိသင့္တယ္ထင္လို႔.....”
“ေအးပါကြယ္ သမီးတို႔အဆင္ေျပရင္
ေမတိုးလဲဝမ္းသာပါတယ္ ဘာပဲျဖစ္ျဖစ္
လင္မယားဆိုတာ တစ္ဦးနဲ႔တစ္ဦး
နားလည္မႈရွိၾကရင္ေကာင္းတာပဲကြယ္
ၾကားထဲခေလာက္ဆန္တဲ့လူမရွိရင္ေပါ့....”
ဘာကိုေျပာတာမွန္းသိတာမို႔ ေႂကြ
ၿငိမ္ၿငိမ္ေလးေနမိတဲ့အခါ ေမတိုးက
ေအာက္မွာက်ေနတဲ့ဖန္ကြဲစေတြကို
ေသေသသပ္သပ္သိမ္းဆည္းရင္း
အခန္းထဲကျပန္ထြက္သြားသည္။
ေရမကိုင္ရဘူးဆိုကာမွ ေျခလက္မေဆးရေသးတာသတိရကာ ေႂကြအႀကံအိုက္သြား၏။
ဘယ္လိုလုပ္ရပါ့မလဲ??
ဘာမွေတာ့မျဖစ္ေလာက္ပါဘူး!!
အေတြးျဖင့္ ထလိုက္ေတာ့ ေျခဖဝါးတစ္ဝိုက္
နာက်င္ေနတာမို႔ ေျခေဖာ့ရင္းေရခ်ိဳးခန္းထဲ
ေရာက္ေအာင္ေလွ်ာက္လာခဲ့သည္။
လက္ကိုေရစိုလဲမတတ္ႏိုင္ေတာ့တာမို႔
ေျခလက္ေဆးေၾကာကာ အျပင္ျပန္ထြက္လာခဲ့၏။
အဝတ္အိတ္ကေအာက္မွာမို႔ ေျခေထာက္
ေထာက္မယူႏိုင္ကာ ေႂကြ ေျချပစ္လက္ျပစ္
ထိုင္ခ်ရင္းမွ အဝတ္ယူကာ ေရခ်ိဳးခန္းထဲ
ျပန္ဝင္လာခဲ့သည္။
လဲဝတ္ရင္း ၿပီးစီးခ်ိန္ အဝတ္ေဟာင္းေတြ
အဆင္ေျပသလိုေခါက္ရင္းမွ
ေႂကြ အခင္းစကိုေအာက္မွာခင္းလိုက္၏။
လက္ေရာေျခေထာက္ေရာနာေနတာမို႔
ေႂကြ အခက္ေတြ႕လွကာ အိပ္ယာေပၚကို
တစ္ခ်က္ၾကည့္ရင္းသက္ျပင္းခ်သည္။
သူနဲ႔အတူမေနရဲေပမဲ့ အခုလိုမလာေသးေတာ့လဲ ေမွ်ာ္မိတာအမွန္!!!
ေႂကြ႕ကိုမ်ားသူ႔စိတ္ထဲအထင္မွားေနၿပီလား?
အဲ့တာမ်ား အေစာကေႂကြလုပ္တာမဟုတ္ေၾကာင္းေျပာလိုက္ရမွာ ေမ့သြားတာ!!
အေတြးျဖင့္လွဲရန္ျပင္တုန္း တံခါးဖြင့္သံ
ၾကားတာမို႔ ဦးမွန္းသိကာ ေက်ာျပင္ေလး
ေတာင့္သြား၏။
“ကုတင္ေပၚတက္အိပ္.....”
လွဲရန္ျပင္တုန္းသူေျပာတာေၾကာင့္
ေႂကြ ဟင္ခနဲျဖစ္ကာ နည္းနည္းေတာ့
တြန႔္မိသည္။
သူက ေႂကြ႕ကိုေသခ်ာစူးစိုက္ၾကည့္ေနရင္း
သူ႔ေဘးေနရာကို မ်က္စျပစ္ျပကာ
“လာအိပ္ ေအးလာတယ္ ေအာက္မွာအိပ္ရင္
မင္းအနာေတြပိုဆိုးလိမ့္မယ္.....”
“ရပါတယ္ ေႂကြအိပ္တတ္တယ္.....”
“အဲ့တာကေတာ့မင္းမေျပာရင္ေတာင္
သိတယ္ မင္းအနာရက္ေတြရွည္မွာဆိုးလို႔
သက္သာမဲ့နည္းလမ္းကိုလုပ္ အခုပဲ
ကုတင္ေပၚတကိခဲ့....."
ေႂကြ ျငင္းရန္ခက္ခဲသြားတဲ့အခါ
ဦးက လွဲအိပ္ရင္းေခါင္းရင္းက
ခလုတ္ေလးကိုႏွိပ္ကာမီးပိတ္လိုက္၏။
ေႂကြ ေအာက္ကအခင္းစကို အနာမရွိတဲ့လက္နဲ႔ယူရင္းမွ တစ္ခုခ်င္းစီကုတင္ေပၚတင္ကာ ေသသပ္ေအာင္ခင္းလိုက္သည္။
သူကေတာ့အိပ္ေနၿပီမို႔ အသံမထြက္ေအာင္
သိုသိုသိပ္သိပ္ေလးလုပ္ရင္းမွ ေႂကြ
ကုတင္ေပၚမွာလွဲအိပ္လိုက္ေတာ့
သု႔ဆီကအသက္ရႈသံသဲ့သဲ့ကိုၾကားေန၏။
ေႂကြ ရင္ခုန္ႏႈန္းေတြမူမမွန္လာရင္းမွ
သူ႔ကိုေက်ာေပးကာ နာက်င္မႈေျဖေဖ်ာက္ရင္း အိပ္ရန္ေတြးလိုက္သည္။
ေသခ်ာျပန္ေတြးရင္ေတာင္ သူနဲ႔ေတြ႕ကထဲက
ေႂကြကအနာတရေတြျဖစ္ေနတာခ်ည္းပါပဲလား??
🍂🍂🍂🍂🍂
ေႂကြ ႏိုးတဲ့အခ်ိန္သူကမရွိေတာ့တာမို႔
ကုတင္ေပၚကထရင္းမွ ေရမိုးခ်ိဳးကာ
ေအာက္ဆင္းလာခဲ့၏။
ေမေန႔စြဲနဲ႔အတူ ဦးကမနက္စာဝိုင္းမွာ
စားေသာက္ေနၾကသည္။
ေမတိုးကေဘးနားမွာေနရင္း လိုတာကို
ယူေပးကာ သူတို႔ႏွစ္ေယာက္က
စားတာမပ်က္
ေႂကြ စားပြဲဆီေလွ်ာက္လာကာဝင္ထိုင္ေတာ့
ေမတိုးက ေကာ္ဖီတစ္ခြက္ယူရင္းမွ
ေရွ႕လာခ်ေပး၏။
ေႂကြ အေရွ႕ကေပါင္မုန႔္နဲ႔တို႔စားရင္း
ဗိုက္ဝခ်ိန္ထရန္ျပင္ေတာ့ သူကပါ
လိုက္ထလာရင္းမွ
“ေဂဟာလိုက္ပို႔ေပးမယ္.....”
ထိုမွ်သာေျပာရင္းထြက္သြားတဲ့သူနဲ႔အတူ
ညိမ္သက္ေနတဲ့ေမေန႔စြဲေၾကာင့္ အေျခအေနကို နည္းနည္းေတာင္သံသယဝင္မိသည္။
သူတို႔ႏွစ္ေယာက္လုံးေနမေကာင္းဘူးလား??
ေႂကြေတြးရင္းမွ အေပၚကို
ေျခဖြျပန္တက္ေတာ့ အေနာက္ကေနသူကပါလိုက္တက္လာရင္းမွ ေျခေထာက္နာေနတဲ့ေႂကြ႕ထက္အရင္အခန္းထဲဝင္သြား၏။
အေပၚထပ္ကုတ္အက်ႌကိုဝတ္ရင္း
နာရီပတ္ကာ သူကဆံပင္ကို
ေသခ်ာၿဖီးသင္ရင္း ေအာက္ျပန္ဆင္းသြားသည္။
ေႂကြ ဒီေန႔ေဂဟာမသြားရန္ဆုံးျဖတ္ထားကာမွ သူကဘာေတြသေဘာေကာင္းၿပီး
လိုက္ပို႔မယ္ေျပာမွန္းမသိ!!
ေႂကြ ေျခေထာက္ကနာေနတာမို႔ေျခေဖာ့ရင္း
ေအာက္ကိုျပန္ဆင္းလာကာ သူ႔ကိုလိုက္ရွာေတာ့ မေတြ႕ေဝာာ့....>
အေရွ႕မွာကားစက္ႏႈိးသံၾကားတာမို႔
ေႂကြ အေရွ႕ကိုခပ္ျဖည္းျဖည္းေလွ်ာက္လာတဲ့အခါ သုကကားထဲကေနၾကည့္ေန၏။
“ေႂကြ ေျခေထာက္နာေနလို႔
မသြားႏိုင္ေတာ့ဘူး.....”
“ဟုတ္လား??.....”
ညကကိစၥကိုေမ့သြားပုံႏွင့္ သူကေျပာတာမို႔
ေႂကြ နည္းနည္းေတာ့ေၾကာင္သြားမိသည္။
“မင္းကအရင္င္ဆိုဘာပဲဲျဖစ္ျဖစ္
ေဂဟာသြားေနက်မို႔လို႔ေလ.....”
ခ်ီးက်ဴးတာလား??႐ြဲ႕တာလား??
မသဲကြဲတဲ့သု႔စကားေၾကာင့္ ေႂကြ
မွင္သက္သြားေတာ့ အိမ္ထဲကေန
လွမ္းထြက္သြား၏။
သူဘာေၾကာင့္ဒီလိုျဖစ္သြားတာမွန္းမသိ....,.
ေႂကြ႕ကိုဘာေၾကာင့္ဒီလိုဆက္ဆံတာလား??
အရင္တုန္းကမႏူးညံ့ရင္ေတာင္ အခုအေျခအေနကပိုဆိုးတယ္ထင္မိသည္။
ညတုန္းကဓာတ္ပုံကိစၥေၾကာင့္လား??
ေႂကြ မလုပ္ပဲဘာေၾကာင့္သူ႔ရဲ႕
အျပစ္တင္မႈကိုခံရမွာလဲ??
အေတြးတို႔ျဖင့္အိမ္ထဲျပန္ဝင္ခဲ့ေတာ့
ေမေန႔စြဲက ေႂကြ႕ေရွ႕လာရပ္ရင္းမွ
“ကိုကိုကနင့္ကိုစိတ္ဆိုးေနတုန္းပဲ
မဟုတ္လဲသူျပန္လာရင္ အဲ့ဓာတ္ပုံက
ငါခြဲတာပါဆိုၿပီးေျပာလိုက္ေလ
သူယုံမလားဆိုတာေပါ့.....”
ၿခိမ္းေျခာက္တာလား အႀကံေပးတာလား
မသဲကြဲတဲ့စကားေတြေၾကာင့္
ေႂကြမ်က္ေမွာင္ေလးၾကဳတ္ကာ စိတ္ထဲ
တစ္မ်ိဳးေတာ့ခံစားလိုက္ရ၏။
ေမေန႔စြဲကဘာေျပာခ်င္ဝာာလဲ??
ေႂကြ႕ပုခုံးကိုတိုးတိုက္ရင္းသူမရဲ႕ကားနဲ႔
ထြက္သြားျပန္တာေၾကာင့္ ေႂကြ
ငူတူတူေလးက်န္ခဲ့ျပန္သည္။
သူတို႔ႏွစ္ေယာက္လုံးဘာျဖစ္ေနၾကတာလဲ??
🍂🍂🍂🍂🍂
တစ္ေနကုန္ေအာက္မွာေနရင္းမွ ပ်င္းတာမို႔
အေပၚတက္ကာ အိပ္ယာထဲလွဲမိ၏။
ဖန္ကြဲစက်န္ေသးသလားေတာင္ထင္ရတဲ့
ေျခေထာက္က အခုထက္ထိ
နာေနဆဲျဖစ္တာမို႔ ေႂကြ ညည္းညဴမိသည္။
လက္ကလဲနာျပန္တယ္!!!
ကုတင္ေပၚမွာတက္လွဲရင္း
ေမတိုးတိုက္ထားတဲ့ေဆးအရွိန္ေၾကာင့္
ေႂကြ မွိန္းခနဲအိပ္ေပ်ာ္သြား၏။
“ဟင္......”
အိပ္ေနတုန္းဖ်က္ခနဲလန႔္ႏိုးခ်ိန္
ေႂကြ႕ေဘးမွာထိုင္ေနတဲ့သူ႔ေၾကာင့္
လူကရင္တုန္သြားသည္။
ခဏလို႔ထင္လိုက္မိေပမဲ့
အျပင္ကိုလွမ္းၾကည့္ခ်ိန္ ေမွာင္ေနတာမို႔
ေနာက္က်ေနၿပီမွန္းသိလိုက္ရ၏။
ေႂကြ အဲ့ေလာက္ထိအိပ္ေပ်ာ္သြားတာပဲ!!
“မင္း လူတစ္ေယာက္ကိုအသဲခြဲဖူးလား??.....”
အစအဆုံးမရွိတဲ့ေမးခြန္းႀကီးကို
ေမးလိုက္တာမို႔ ေႂကြ ဘာျပန္ေျဖရမွန္းမသိ!!
“ဦးကဘာလို႔ေမးတာလဲ??.....”
“ဒီလိုပါပဲမင္းအေၾကာင္းသိခ်င္လို႔.....”
ေႂကြ အိပ္မက္ထဲမွာမ်ား
စကားေျပာေနတာလားထင္မိရေအာင္အထိ
လူကရီေဝသြားသည္။
“ဦး....."
“ေျဖပါ....”
ေႂကြ ေခတၱတိတ္ဆိတ္သြားရင္း
ဝမ္းနည္းေနတဲ့ကိုလွ်ံ႕မ်က္ႏွာကိုျပန္ေတြးကာ
မသိမသာေခါင္းညိမ့္လိုက္၏။
ဒါဟာေႂကြ႕ ဘဝမွာပထမဆုံးအႀကိမ္
သူမ်ားအသည္းကိုခြဲခဲ့ဖူးတာပဲ!!
ရန႔္မ်က္ႏွာမဲခနဲျဖစ္သြားရင္းမွ
ေႂကြ႕ကိုမဲ့ၿပဳံးနဲ႔ၾကည့္ကာ
“မင္းသူ႔ကိုခ်စ္လား.....”
“ဟင့္အင္း.....”
မဆိုင္းမတြျပန္ေျဖသံေၾကာင့္
မွန္ရခက္ေသာအရိပ္တစ္ခ်ိဳ႕
ရန႔္မ်က္ႏွာထက္ျဖတ္ေျပးသြားသည္။
“အခုေရာမင္းင္းသူမ်ားအသည္းကို
ခြဲအုံးမွာလား??....”
“ဟင္ ဘာကိုလဲ?.....”
ေႂကြ အသံတုန္တုန္နဲ႔ျပန္ေမးလိုက္ေတာ့
သူက ေႂကြ႕ကိုၾကည့္လာကာ လက္ကို
ထပ္လ်က္အုပ္ကိုင္ရင္းမွ
“ငါမင္းကိုခ်စ္တယ္လို႔ေျပာရင္ေရာ
မင္းဘက္ကျငင္းမွာလား??.....”
“အို.....”
လူကဘာျပန္ေျဖရမလဲမသိခ်ိန္
ေႂကြ႕လက္ကိုဆုပ္ကိုင္ျခင္းခံလိုက္ရကာ
“မင္းကိုခ်စ္တယ္.....”
အေျခအေနေတြကဘာျဖစ္ကုန္မွန္းမသိ!!
ညကမုန္းတယ္
အခုခ်စ္တယ္....>
အဲ့ပုံစံမ်ိဳးျဖစ္ေနတာမို႔ ေႂကြ
တံေတြးေလးၿမိဳခ်ရင္းသာ သူ႔ကို
မရဲတရဲစိုက္ၾကည့္လိုက္မိ၏။
ေႂကြကအဆက္အစပ္မရွိတဲ့ဇာတ္လမ္းထဲကို
ေရာက္သြားရတာလား??
🍂🍂🍂🍂🍂
#သွ်င္ေႏွာင္း
#ဦးေပးေသာအမုန္း
ေရွ႕ရက္ေတြတုန္းက လိုင္းေတြက်ေနလို႔
မတင္ျဖစ္တာပါေနာ္
ဒီေန႔ညတစ္ပိုင္းထပ္တင္ေပးပါမယ္