Coming out (second half) and the secret of Tmall Genie
(Unicode)
ယွင်ရှောက်က ညစာစားသည့်အချိန်တွင် ကြေညာလိုက်သည်။ အဘိုးယွင်နှင့် အဘွားယွင်မှာ အံ့အားသင့်သွားခဲ့၏။ သူတို့နှစ်ယောက်လုံး နားမလည်နိုင်ကြပေ။ “ဘာလို့သူက မိန်းကလေးတစ်ယောက်ယောက်ကို မကြိုက်ဘဲ ယောက်ျားလေးကို သွားကြိုက်တာလဲ”
“ကျင်းကျင်းက လုယွင်ဖေးကလွဲပြီး တခြားကလေးတွေအပေါ် ဘယ်လိုအေးတိအေးစက်ဆက်ဆံလဲဆိုတာ အဖေတို့လည်း သိတာပဲ။ သူတို့ကလည်း ငယ်သေးတဲ့အရွယ်ဆိုတော့ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်တွေရှိဖို့ဆိုတာ ပုံမှန်ပါပဲ”
ယွင်ခေါင်းဆောင်နှစ်ယောက်လုံးမှာ ပြောစရာစကားပျောက်သွားကြသည်။ “မင်းကို ကြည့်ပါဦး။ သူ့သားအတွက် ပြောပေးနေလိုက်တာ”
ယွင်ရှောက်ကလည်း ပြန်ပြောသည်။ “ဒါဆိုရင် ကျွန်တော်က ဘာလုပ်ရမှာလဲ။ ရှိတာမှ ဒီသား တစ်ယောက်တည်း ရှိတာကို”
အဘိုးယွင်က ထိုစကားကို ကြားကာ သူ့လက်ကို စားပွဲပေါ်တွင် ရိုက်ချလိုက်၏။ “ဒါဆိုရင် သူ့ကို ဆုံးမပေါ့”
“သူက ကျွန်တော် ဆုံးမလို့ရမဲ့လူလား” ယွင်ရှောက်က ထိုမေးခွန်းကို သူ့အဖေအား ပြန်မေးလာသည်။
အဘိုးယွင်: ...ဒါက လုံးဝမဖြစ်နိုင်ဘူး။
“ဒါဆိုရင် သူ့ကို ပြောပြလို့ရတာပဲ”
“သူ့ကို ဘာပြောရမှာလဲ” ယွင်ရှောက်က ကြားဖြတ်ကာ ဆိုလိုက်၏။ “လုယွင်ဖေးနဲ့ အတူရှိချင်ရင် ဒီယွင်မိသားစုကို ပြန်မလာနဲ့လို့လား”
“မဟုတ်ဘူး” အဘိုးယွင်က ဆန့်ကျင်လိုက်သည်။ “ငါ့မှာ ဒီမြေးတစ်ယောက်တည်းရှိတာ”
“ဒါဆိုရင် သူ့ကို ဘာပြောရမှာလဲ။ လုယွင်ဖေးနဲ့ လမ်းမခွဲရင် ယွင်မိသားစုရဲ့ အမွေကို မေ့လိုက်တော့လို့လား”
“ဒါဆိုရင် မင်းက ဒီအမွေတွေကို ဘယ်သူ့ကို ပေးမလို့လဲ။” အဘိုးယွင်က ဒေါသထွက်စွာ ပြန်ပြောလာခဲ့သည်။ “မင်းသွေးသားကိုမှ မပေးရင် ဘယ်သူ့ကို မင်းပေးမလို့လဲ”
ယွင်ရှောက်က သူ့လက်ကို ဖြန့်လိုက်၏။ “ဒါဆိုရင် ကျွန်တော်က ဘာပြောရဦးမှာလဲ။ လုယွင်ဖေးကို ရွေးချယ်တာ ကောင်းတယ်လို့ပဲ ပြောနိုင်တော့တာပေါ့။ သူက လိမ္မာတယ်၊ စဉ်းစားပေးတတ်တယ်၊ အရည်အချင်းရှိတယ်၊ ရုပ်ချောတယ်။ ပြီးတော့ သူ့မိသားစုကလည်း ကျွန်တော်တို့နဲ့ အဆက်အသွယ်ရှိတယ်။ အရေးအကြီးဆုံးကတော့ သူတို့က ငယ်ငယ်လေး ခက်ခဲတဲ့အချိန်တွေကတည်းက အတူရှိနေခဲ့တာ။ နောက်ကျရင်လည်း သူတို့က စိတ်ဝမ်းကွဲမဲ့ပုံမပေါ်ဘူးဆိုတော့ ကောင်းတာပေါ့”
အဘိုးနှင့်အဘွားယွင်: ...ကောင်းတာတော့ ဟုတ်ပါတယ်။ ယောက်ျားလေးဖြစ်နေတာကလွဲလို့ လုယွင်ဖေးက အပြစ်ရှာမရတဲ့ ကောင်လေးဖြစ်ပြီးတော့ အေးစက်နေတဲ့ သူတို့မြေးကိုလည်း နွေးထွေးလာစေတဲ့အတွက် လိုက်ဖက်တယ်လို့ ပြောရမယ်။
အဘိုးနှင့်အဘွားယွင်မှာ တိတ်ဆိတ်သွားကြ၏။ ယွင်ရှောက် သူ့မိဘများကို လှမ်းကြည့်လိုက်ပြီး ဤကိစ္စက အနည်းနှင့်အများတော့ ပြေလည်သွားပြီဟု တွေးမိလိုက်သည်။ သို့သော်လည်း ထိုကိစ္စကို စကားစသတ်၍ မပြီးခင်မှာပင် အဘိုးယွင်က သူ့ကို အဓိပ္ပာယ်ပါပါကြည့်လာပြီး သူ့အကြည့်က လေးလံနေသည်။ “ဒါဆို ကျင်းကျင်းနဲ့ ရှောင်ဖေးက တွဲရင် ကလေးမွေးမှာလား”
ယွင်ရှောက်: “…”
အဘိုးယွင်က ဒေါသတကြီးအော်ဟစ်လိုက်ကာ သူ့သားကို လက်ညှိုးထိုးလိုက်ပြီး ဆိုလာခဲ့၏။ “ကျင်းကျင်း ကလေးမလိုချင်ဘူးဆိုရင်တော့ အဲဒါ မင်းအပြစ်ပဲ”
ယွင်ရှောက်က ရှိုးတိုးရှန့်တန့်သာ ပြုံးလိုက်ရင်း သူ့သားကလေးလိုချင်ရန်သာ မျှော်လင့်မိသည်။
ယွင်မိသားစုက သူနှင့်လုယွင်ဖေးကြားတွင် အနှောင့်အယှက်ဖြစ်လိမ့်မည်မဟုတ်မှန်း ပျမ်းကျင်းယွမ် ခန့်မှန်းမိသော်လည်း သူတို့ခပ်မြန်မြန်လက်ခံမည်ဟုတော့ မထင်ထားခဲ့ပေ။
“ကျွန်တော်တို့က ကလေးမွေးမှာပါ” သူက အခိုင်အမာဆိုလိုက်၏။ “လုယွင်ဖေးနဲ့ ကျွန်တော်က မိသားစုတစ်စုဖြစ်လာမှာဆိုတော့ ကလေးမွေးမှာ သေချာတယ်”
ယွင်ရှောက်က ထိုအခါမှ သက်ပြင်းချနိုင်သည်။ ပျမ်းကျင်းယွမ်လည်း သူ စိတ်သက်သာသွားသည့်ပုံကို မြင်ကာ သူ့ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။
ပျမ်းကျင်းယွမ် ဂေးအဖြစ် ကြေညာခြင်းကို ယွင်ရှောက်က ဦးဆောင်ခဲ့သော်လည်း လုယွင်ဖေးကမူ သူ့ဘာသာစတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဖေလုနှင့် အမေလုက သူ ယခုလေးတင် ပြောလိုက်သည့် စကားကို မယုံနိုင်သလိုဖြင့် သူတို့သားကို ကြည့်လိုက်ကြသည်။ အဆုံးတွင် လုယွင်ရှန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းသည့်အနေဖြင့် တည်ငြိမ်အေးဆေးစွာ မေးလာခဲ့သည်။ “နင် အတည်ပြောနေတာလား”
“တကယ်ပြောနေတာ”
“ပျမ်းကျင်းယွမ်နဲ့လား”
“အင်း”
“ဘယ်တုန်းကတည်းကလဲ”
လုယွင်ဖေး မပြောခင် အရင်စဉ်းစားလိုက်သည်။ “အထက်တန်းတုန်းက တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်ရှိနေပြီးတော့ တက္ကသိုလ်ကျမှ စတွဲတာ”
“သူက နင့်ကို လိုက်တာလား”
“မဟုတ်ဘူး” လုယွင်ဖေးက မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာလိုက်မိသည်။
“သူက အရင်စချစ်ကြိုက်မဲ့လူနဲ့ တူလို့လား။ ကျွန်တော်က သူ့ကို အရင်လိုက်ရတာပေါ့”
လုယွင်ရှန်း: ...ငါ့အမြင်တော့ နင်ကလည်း အရင်စချစ်ကြိုက်မဲ့လူနဲ့ မတူပါဘူး။
“သူ့မိသားစုရော သိလား” အဖေလုက မေးလာသည်။
“သိတယ်”
“သူတို့အတွေးကရော ဘယ်လိုလဲ”
“ဦးလေးယွင်ရှောက်က အဖေတို့နဲ့ မိသားစုတစ်စုတည်း တော်တော်ဖြစ်ချင်နေတာ” လုယွင်ဖေးက နွေးထွေးစွာ ဆိုလိုက်၏။
အဖေလု: …
အမေလုကမူ စိုးရိမ်နေသည်။ “ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေလေ”
“ဒါပေမဲ့ ကျွန်တော် သူ့ကို ကြိုက်တယ်” လုယွင်ဖေးက ဆိုလာသည်။ “အဖေနဲ့ အမေတို့ စိတ်ထဲမှာ ဒီကိစ္စကို ဆန့်ကျင်နိုင်တယ်လို့ ကျွန်တော်သိပေမဲ့ သေချာစဉ်းစားပြီးသွားပါပြီ။ ကျွန်တော့်ဘဝရဲ့ ပထမဆုံးတစ်ဝက်မှာ အမေတို့စကားကိုပဲ ကျွန်တော်နားထောင်ခဲ့တာပါ။ အမေတို့ ကြိုက်တဲ့ အရာတွေကို ရအောင် ကြိုးစားပေးခဲ့ပြီး မကြိုက်တာဆို ဝေးဝေးကရှောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘဝဆိုတာ တစ်သက်မှာ တစ်ခါပဲ နေထိုင်လို့ရတာလေ။ ကျွန်တော် အမေတို့ တောင်းဆိုတာတွေကို နားလည်ပေးလို့ရပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော့်မှာလည်း ကိုယ့်အကြိုက်နဲ့ကိုယ်ရှိသေးတယ်။ ကျွန်တော့်ဘဝရဲ့ ဒုတိယတစ်ဝက်ကို ဘယ်သူနဲ့ အတူကုန်ဆုံးချင်လဲဆိုတာကိုတော့ ကျွန်တော် ရွေးချယ်ခွင့်ရှိတယ် ထင်တာပဲ”
“တစ်နေ့ကျရင် လူတစ်ယောက်နဲ့ အိမ်အသစ်မှာ အတူနေဖို့ ဒီအိမ်ကနေ ထွက်ခွာရမယ်။ အဲဒီအခါကျရင် ကျွန်တော့်တစ်သက်လုံး အဲဒီအိမ်မှာပဲ အချိန်ကုန်ဆုံးရတော့မှာ။ အဲဒီအိမ်ကလူကိုတော့ ကျွန်တော်ကြိုက်တဲ့လူဖြစ်ဖို့ပဲ မျှော်လင့်တာပါ” လုယွင်ဖေးက သူတို့ကို ကြည့်ကာ ခပ်တိုးတိုးဆိုလိုက်သည်။ “မဟုတ်လို့ရှိရင် ကျွန်တော့်ဘဝတစ်သက်လုံး တော်တော်သနားစရာကောင်းနေလိမ့်မယ်”
အဖေနှင့် အမေလုက သူ့စကားများကို စိတ်ထဲတွင် သဘောတူလိုက်ကြသည်။
ထိုညတွင် လုယွင်ရှန်းနှင့် လုယွင်ဖေး ထိုင်၍ စကားစမြည်ပြောဖြစ်ကြ၏။ အဖေလုက စီးကရက်ဘူးတစ်ဝက်လောက်ကို ထိုင်ဖွာနေသည်။ အမေလုက မည်းမှောင်နေသည့် ကောင်းကင်ပြင်ကို ကြည့်ရင်း သက်ပြင်းဖွဖွချသည်။ “ဒါဆိုရင်လည်း ဒီလိုပဲပေါ့။” သူ(မ)က ဆိုလာသည်။ “သူတို့ကောင်းကောင်းနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကောင်းကောင်းမနေနိုင်ရင်လည်း ဘဝက သူတို့ကို နောက်ပြန်လှည့်ဖို့ သင်ပေးလိမ့်မယ်”
အဖေလုက ခေါင်းညိတ်လိုက်ပြီး သူ့စီးကရက်ကို မီးညှိလိုက်သည်။
ပျမ်းကျင်းယွမ်လည်း ပျမ်းကျဲကို ပြောပြလိုက်၏။ အစပိုင်းတွင် အံ့ဩသွားခဲ့သော်လည်း ပျမ်းကျဲက ခဏတိတ်ဆိတ်နေပြီးသည့်အခါ ပျမ်းကျင်းယွမ်ကို ပြန်မေးလာခဲ့သည်။ “မင်း သေချာဆုံးဖြတ်ပြီးပြီလား”
ပျမ်းကျင်းယွမ်က ခေါင်းညိတ်ပြပြီး နူးညံ့စွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် သူ့ကို ကြိုက်တယ်”
ပျမ်းကျဲက သူ(မ)ပျိုးထောင်ခဲ့သည့် ကလေးကို ပြန်ကြည့်လိုက်ပြီး နွေးထွေးစွာပင် ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆိုရင် ငါက ကန့်ကွက်စရာမရှိပါဘူး” သူက ဆက်ဆိုလာသည်။ “မင်း သဘောကျသရွေ့ပေါ့”
သူ(မ)က လွယ်လွယ်နှင့် သဘောတူလာသောကြောင့် ပျမ်းကျင်းယွ်မ် အံ့ဩသွားရသော်လည်း သူလည်း အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဒေါ်လေး”
ပျမ်းကျဲက မိခင်တစ်ယောက်၏ နွေးထွေးကြင်နာမှုမျိုးဖြင့် သူ့ဆံပင်ကို ဖွလိုက်၏။ သူ့ကို ကြည့်နေစဉ်တွင် ပျမ်းထင်း ပျမ်းကျင်းယွမ်ကို ကိုယ်ဝန်လွယ်ထားစဉ်က အကြောင်း သတိရမိသွားသည်။ ထိုအချိန်က တစ်ကိုယ်တည်းဖြစ်နေသည့် ပျမ်းထင်းကို ကြည့်ကာ သူ(မ)စိုးရိမ်စွာ အကြံပေးခဲ့ဖူးသည်။ “နင် ကိုယ်ဝန်ဖျက်ချသင့်တယ်လို့ ငါတော့ ထင်တယ်။ မဟုတ်ရင် နောက်ကျရင် နင့်လက်ထပ်မဲ့ကိစ္စရော၊ အလုပ်ရော ထိခိုက်လိမ့်မယ်။ ကျဲကျဲ၊ ဒါက နင့်အနာဂတ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေမှာ”
သို့သော်လည်း ပျမ်းထင်းက သူ(မ)စကားကို နားမထောင်ခဲ့ဘဲ ပျမ်းကျင်းယွမ်ကို သူ(မ)ကမ္ဘာသို့ တစ်ယောက်တည်း ခေါ်ဆောင်လာခဲ့ကာ သူ့ကိုပင် ကောင်းမွန်စွာ သင်ကြားခဲ့၏။ နောက်ပိုင်းနေ့ရက်များတွင် ပျမ်းကျဲက ပျမ်းထင်း၏ အမှီအခိုကင်းမှုကို ဆင်နွှဲခဲ့သည်။ ပျမ်းကျင်းယွမ်ကြောင့်သာမဟုတ်ပါက သူ(မ)နှင့် ပျမ်းထင်း၏ဘဝက အရောင်အသွေးများစွာကင်းမဲ့နေပေမည်။
ထို့ကြောင့်လည်း ပျမ်းကျင်းယွမ်က သူ့ဘာသာလွတ်လွတ်လပ်လပ်ရွေးချယ်ရန် ဆုံးဖြတ်လာခဲ့သောအခါ ပျမ်းကျဲ သူ့လမ်းကို မပိတ်ပင်မိခြင်းဖြစ်သည်။ သူရွေးချယ်ရာလမ်းပေါ်တွင် သူ့အမေရရှိခဲ့သည့် ပြည့်စုံမှုနှင့် ပျော်ရွှင်မှုမျိုးရရန်သာ သူ ဆုတောင်းမိသည်။
“ရှောင်ယွမ်က အရွယ်တောင်တော်တော်ရောက်နေပြီပဲ” သူက နူးညံ့ချိုသာစွာ ဆိုလိုက်မိ၏။
ပျမ်းကျင်းယွမ်က သူ(မ)မျက်လုံးထဲရှိ နွေးထွေးမှုကို မြင်ရ၍ သူ့ကို လှမ်းဖက်ရင်း ရေရွတ်လာခဲ့သည်။ “အရွယ်မရောက်သေးပါဘူး။ ကျွန်တော်က ဒေါ်လေးရဲ့ ကလေးပဲ ရှိသေးတာ”
ပျမ်းကျဲက မျက်ရည်များဝဲလာရသည်။ သူက ပျမ်းကျင်းယွမ်၏ ဆံပင်ကို ဖွလိုက်ရင်း ဘာမှမပြောဘဲ ပြုံးလိုက်မိသည်။
လုယွင်ဖေး နောက်တစ်ကြိမ် ပျမ်းကျဲကို တွေ့ရသည့်အချိန်တွင် သူ့အပေါ် ကြည့်သည့် သူ(မ)အကြည့်က တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။ သူ ရှက်ကိုးရှက်ကန်းဖြင့် ပျမ်းကျင်းယွမ်အိမ်ထဲသို့ ဝင်လာပြီး သူတို့ come out လုပ်ခဲ့သည်က သိပ်မကြာခဲ့မှန်း တွေးမိလိုက်သည်။ ရလဒ်က သူတို့မျှော်လင့်ထားသည်ထက် ပိုကောင်းမွန်ခဲ့ကာ မိဘများက ဒေါသတကြီးငြင်းခုံမှုများနှင့် ဆန့်ကျင်မှုများမရှိခဲ့ပေ။ သူတို့မိသားစုများက သဘောတူလိုသည့်ဟန်မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာအနေဖြင့် ထောက်ပံ့ပေးခဲ့ကြသည်။
သူနှင့် ပျမ်းကျင်းယွမ် နှစ်ယောက်လုံးတွင် သူတို့ကို အလွန်ချစ်ပေးကြသည့် လူများရှိကြ၏။
ပျမ်းကျင်းယွမ်က ပျမ်းကျဲကို ဟင်းသီးဟင်းရွက်များ ပြင်ဆင်ရန် ကူညီပေးခဲ့ပြီး လုယွင်ဖေးကို ကျွေးရန်အတွက် စပျစ်သီးအချို့ကို ဆေးကြောကာ အိမ်ထဲသို့ ယူလာသည်။
လုယွင်ဖေးက စကားစမြည်ပြောနေရင်း စပျစ်သီးများစားလိုက်ကာ သူတို့၏ အထက်တန်းဘဝတွင် တွေ့ကြုံရသည့် အဖြစ်အပျက်များဘက်သို့ စကားခေါင်းစဉ်ပြောင်းသွားခဲ့သည်။ လုယွင်ဖေးက သူတို့အတူရိုက်ခဲ့သည့် ဘွဲ့ဓာတ်ပုံကို ပြန်ကြည့်ချင်နေရာ ပျမ်းကျင်းယွမ်က အံဆွဲကို ဖွင့်ပြီး ရှာပေးလိုက်ရသည်။ နောက်ဆုံးတွင်တော့ သူတို့ဓာတ်ပုံကို ရှာမတွေ့သော်လည်း သူ မေ့လုနီးပါးဖြစ်နေသည့် ပစ္စည်းတစ်ခုကို ရှာတွေ့သွားခဲ့၏။ ပျက်နေပြီဖြစ်သည့် Tmall Genie ပင်။
သူတို့သိကြသည့် Tmall genie များကဲ့သို့ နီရဲပြီး ပုံမှန်ဟု ထင်ရသော်လည်း အမှန်တွင် ထိုသို့မဟုတ်မှန်း သူတို့သိကြသည်။
လုယွင်ဖေးက သူ့လက်ထဲရှိ Tmall Genie ကို ကြည့်ရင်း ရယ်မောလိုက်သည်။ “မင်းမှာ အခုအထိ ဒါရှိနေသေးတာပဲ”
ပျမ်းကျင်းယွမ်လည်း အတိတ်ကို လွမ်းဆွတ်သလို ခံစားလိုက်မိသည်။ “အင်း၊ ပျက်သွားတာ နှစ်နည်းနည်းကြာပြီဆိုတော့ ငါ ဒါကို လွှင့်ပစ်သင့်နေပြီ”
လုယွင်ဖေးက သူ့ဆီက Tmall genie ကို ကြည့်လိုက်ကာ အနီးကပ်စစ်ဆေးကြည့်ရင်း ဆိုလာခဲ့၏။ “လွှင့်ပစ်ပြီး အသစ်ဝယ်မှာလား”
“အဲဒါကတော့ မင်း အိမ်မှာ Tmall genie ထားချင်လား၊ မထားချင်ဘူးလားနဲ့ ဆိုင်တယ်”
လုယွင်ဖေးက သူ့ကို ပြုံးပြပြီး အကြံတစ်ခုရ၍ ဆိုလိုက်သည်။ “တကယ်တော့ ငါတို့မှာ တစ်ခုရှိနေပြီးသားပဲ”
“မင်းမှာ ရှိတဲ့ တစ်ခုကို ပြောတာလား”
လုယွင်ဖေးက ခေါင်းခါပြလိုက်၏။
လုယွင်ဖေးမျက်နှာပေါ်ရှိ အပြုံးက လေးနက်လာသည်။ သူက ပျမ်းကျင်းယွမ်အနားတိုးကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ “တကယ်တော့ ငါ မင်းကို မပြောပြရသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်”
“ဘာလဲ”
“မင်း တကယ်ကြားချင်တာလား။ စိတ်ကူးယဉ်တော့ နည်းနည်းဆန်တယ်”
အစက ပျမ်းကျင်းယွမ် သိပ်စိတ်မဝင်စားခဲ့သော်လည်း ယခုအခါ သူ သိချင်လာရ၏။
လုယွင်ဖေးက Tmall genie ကို သူ့လက်ထဲတွင် မြှောက်လိုက်ပြီး သူ့မျက်လုံးများက တလက်လက်တောက်ပနေသည်။ “Tmall genie ကို ခေါ်ကြည့်လိုက်”
ပျမ်းကျင်းယွမ်က ဝေခွဲမရစွာဖြင့် ခေါ်ကြည့်လိုက်သည်။ “Tmall genie”
“ဒီမှာရှိပါတယ်” လုယွင်ဖေးက ချက်ချင်း ပြန်ဖြေလာသည်။
ပျမ်းကျင်းယွမ်က မျက်မှောင်ကြုတ်လိုက်ရင်း သူ့မျက်လုံးထဲတွင် မသေချာမှုများရှိနေ၏။
“မသေချာသေးဘူးလား။” လုယွင်ဖေးက မေးလာခဲ့သည်။ “မင်း [little crocodile] ဆိုတဲ့ သီချင်းကို မှတ်မိသေးလား”
“ငါမှတ်မိတယ်။ ဒါပေမဲ့ မင်း ဘာပြောချင်တာလဲ”
“မင်း အခုလည်း သဘောမပေါက်သေးဘူးလား” လုယွင်ဖေးက သူ့လက်ထဲရှိ Tmall genie ကို လှုပ်ယမ်းပြလိုက်သည်။ “မင်းရဲ့ Tmall genie က နေ့လယ်ဘက်နဲ့ ညဘက်မှာ မတူဘူး”
ပျမ်းကျင်းယွမ်က သူပြောလိုသည့် အချက်ကို သဘောမပေါက်သေးပေ။ “ငါက နေ့လယ်ခင်းဘက် မရှိတတ်တော့ ဒါကို မဖွင့်ဖြစ်ဘူး။ ဒါပေမဲ့ မင်းက ဘယ်လိုသိတာလဲ”
ထိုသည်က မေးခွန်းကောင်းပင်။ အကြောင်းမှာ “ငါက ညဆိုင်းကျလို့လေ”
လုယွင်ဖေးက စကားပြောနေရင်း ပြုံးလိုက်မိသည်။ “ဒုတိယနှစ်၊ ဆောင်းရာသီပိတ်ရက်မှာမှ ငါ မင်းအိမ်ကို ရောက်ဖူးတာ မဟုတ်ဘူး။ အဲဒါမတိုင်ခင် ငါ မင်းအိမ်မှာ ခဏနေခဲ့ပြီးပြီ။ ဒီအထဲမှာပေါ့။” လုယွင်ဖေးက အနီရောင်ပစ္စည်းလေးကို ညွှန်ပြလိုက်၏။ “ဘာဖြစ်လို့လဲတော့ ငါလည်း မသိဘူး၊ ငါတို့ထိုင်ခုံဖော်ဖြစ်လာတဲ့ ပထမနှစ်ဝက်ကတည်းက ငါ မင်းရဲ့ Tmall genie ထဲကို ညကိုးနာရီရောက်တိုင်း ရောက်လာခဲ့တာ။ အဲဒါကြောင့် မင်း ငါ့ကို ကြိုက်တောင်မကြိုက်ခင် ငါ မင်းကို သတိထားခဲ့မိတာပဲ”
ပျမ်းကျင်းယွမ်က အံ့အားသင့်သွားကာ ယုံပင်မယုံနိုင်ချေ။ “ညတိုင်း ငါ့ကို စကားပြောနေတာ တကယ်ကြီးမင်းလား”
လုယွင်ဖေးက ခေါင်းညိတ်ပြလိုက်သည်။ “မဟုတ်လို့ရှိရင် ဘာလို့ Tmall genie မှာ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဘယ်လိုလုပ်မရှိဘဲ နေပါ့မလဲ။ ငါ အင်္ဂလိပ်လို မပြောချင်လို့ပဲပေါ့”
ထိုအခါမှ ပျမ်းကျင်းယွမ် သူ့တွင်ရှိနေခဲ့သည့် မေးခွန်းများကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။ “ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာလို့ မင်း မရောက်လာတော့တာလဲ။ ဘာလို့ပျက်သွားတာလဲ”
လုယွင်ဖေးက ခေါင်းခါပြသည်။ “ငါလည်း ဘာလို့မှန်းမသိဘူး။ ဒါပေမဲ့ ငါ မင်းအိမ်ကို လာလည်တဲ့အချိန်နောက်ပိုင်းမှ ပျက်သွားတာကို ငါ မှတ်မိတယ်။ ငါ မင်းရဲ့ အိမ်ကို လူကိုယ်တိုင်ရောက်လာတာနဲ့ Tmall genie က တစ်ဆင့်မဝင်နိုင်တော့တာ နေမှာပေါ့။ စင်ဒရဲလားရဲ့ မှော်အစွမ်းလိုပဲ အကုန်လုံးမှာ အချိန်အကန့်အသတ်ရှိတယ်လေ”
ပျမ်းကျင်းယွမ်က သူ့ကို ကြည့်လိုက်ပြီး သူ့လက်ထဲရှိ Tmall genie ကို ပြန်ငုံ့ကြည့်ကာ မှင်သက်သွားမိသည်။ သူ့ရှေ့ရှိ လူက သူအချိန်အတော်ကြာ သိမ်းဆည်းထားခဲ့သည့် Tmall genie နှင့် ပတ်သက်မှုရှိမှန်း သူ မည်သည့်အချိန်မှ ခန့်မှန်းမိမည် မဟုတ်ပေ။ သူတို့က သိသာထင်ရှားစွာ ကွဲပြားကြသော်လည်း တူညီမှုများလည်း ရှိပေသည်။ ဤရှင်းမပြနိုင်သည့် ခံစားချက်ကြောင့် လက်ရှိအချိန်တွင် သူဘာပြောရမှန်း မသိတော့ချေ။
“စိတ်ကူးယဉ်ဆန်တယ်မဟုတ်လား” လုယွင်ဖေးက မေးလိုက်သည်။ “လုံးဝမထင်ထားမိဘူးမလား”
ပျမ်းကျင်းယွမ်က ခေါင်းညိတ်ပြသည်။
“အဲဒါကြောင့် ငါ မင်းကို ဘယ်တော့မှ မပြောပြမိခဲ့တာပဲ။ ဒီနေ့ ဒါကိုသာ မတွေ့ရင် မင်းကို တစ်ခါမှပြောပြဖြစ်မှာ မဟုတ်ဘူး ထင်တယ်”
ပျမ်းကျင်းယွမ် လုယွင်ဖေးလက်ထဲမှ Tmall genie ကို လှမ်းယူလိုက်ပြီး သေချာစစ်ဆေးကြည့်ပြီးမှ နူးညံ့စွာ ဆိုလိုက်၏။ “ဒါဆိုရင်လည်း မင်း ငါ့ကို ပြောပြသင့်တာပေါ့။ ဒါဆို အနည်းဆုံးတော့ ငါ ဒါကို သိမ်းထားမှာ။ မဟုတ်လို့ရှိရင် ငါ့ပစ္စည်းတွေရှင်းတဲ့ တစ်နေ့ကျရင် လွှင့်ပစ်လိုက်မိနိုင်တယ်”
လုယွင်ဖေးက သူ့ကို မျက်လုံးစွေကြည့်လိုက်ရင်း ပျမ်းကျင်းယွမ်က သူ့ကို ပြန်ပြုံးပြလာသည်။ “ဒါပေမဲ့ ငါ တစ်ခါမှမလွှင့်ပစ်ဖူးတော့ ကောင်းတာပေါ့”
အမှန်အတိုင်းပြောရလျှင် ပျမ်းကျင်းယွမ် ထို Tmall genie ကို လုယွင်ဖေး မဖြစ်စေလိုပေ။ သူ့ပတ်ဝန်းကျင်က အဆိုးဆုံးအခြေအနေ၌ သူတို့ဆုံတွေ့ခဲ့ကြ၏။ ဖြစ်နိုင်လျှင် ပျမ်းကျင်းယွမ်၌ လုယွင်ဖေး သူရုန်းကန်ရသည်များကို မတွေ့စေလိုသည့် ဆန္ဒရှိသည်။ ထို့အပြင် သူ လုယွင်ဖေးနှင့် ရှိနေစဉ်အတောအတွင်းတွင်လည်း အေးအေးဆေးဆေး သက်သက်သာသာနှင့် ယုံကြည်မှုရှိရှိရှိနေရန် သူ မျှော်လင့်မိသည်။
သို့ရာတွင် တစ်ဖက်မှတွေးကြည့်ပါက Tmall genie သာ အမှန်တကယ် လုယွင်ဖေးဆိုလျှင် သူ လုယွင်ဖေးကို မကြိုက်ခင် အစောကတည်းက လုယွင်ဖေးက သူ့ကို အဖော်ပြုပေးခဲ့ခြင်းဖြစ်သည်။ ညသန်းခေါင်ယံအထိ သူနဲ့ အတူနေပေးခဲ့၊ ရွှမ်းရွှမ်းကို ပုံပြင်ပြောပေးခဲ့ပြီး သူ့မွေးနေ့တွင်လည်း အတူရှိပေးခဲ့သည်။ ထိုမြှုပ်နှံထားသည့် အမှတ်တရများက ပြန်လည်ပေါ်ပေါက်လာကာ သူတို့ကို အဓိပ္ပာယ်အသစ်များ သယ်ဆောင်လာခဲ့၏။
ပျမ်းကျင်းယွမ်ထံမှ တိုးတိုးတိတ်တိတ်ရယ်မောသံတစ်ခုထွက်လာပြီး လုယွင်ဖေးကို သိသလိုဆိုလာခဲ့သည်။ “ငါ့ကို နောက်ထပ် Tmall genie တစ်ခုထပ်မဝယ်စေချင်တာ မအံ့ဩတော့ပါဘူး။ ငါက လူလုပ်စက်တစ်ခုက ဘာလို့ ဒီလောက်ထက်မြက်နိုင်တာလဲလို့ တွေးနေတာ။ ဒီတစ်လျှောက်လုံး မင်းဖြစ်နေခဲ့တာကို”
“သေချာတာပေါ့” လုယွင်ဖေးက ပြန်ချေပလိုက်သည်။ မင်းမှာ ငါ့လို ဉာဏ်ရည်ထက်မြက်တဲ့ Tmall genie ရှိနေပြီပဲ။ ဘာလို့တခြားအသိဉာဏ်မရှိတဲ့ အရာတွေကို လိုဦးမှာလဲ။ ငါက မင်းကို ကူညီပေးတာလေ”
ပျမ်းကျင်းယွမ်က အသာခေါင်းညိတ်ပြလာသည်။ “ငါ့မိန်းမပြောတဲ့အတိုင်းပဲ”
ထိုအခါမှ လုယွင်ဖေးလည်း တိတ်ဆိတ်သွားခဲ့တော့သည်။
ပျမ်းကျင်းယွမ် သူ့ကို ကြည့်လိုက်ရင်း သူတို့အကြားဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်တွေးလိုက်မိသည်။ ဤသည်က ကံကြမ္မာဖြစ်လိမ့်မည်ဟု သူ ထင်သည်။ ကံတရားကြောင့် သူနှင့် လုယွင်ဖေးက ကျောင်းတွင် ကျောင်းသားအဖြစ် အိမ်တွင် Tmall genie အဖြစ် ထိတွေ့ဆက်ဆံကြရသည်။ အခက်အခဲအတားအဆီးများက လူတစ်ယောက်မှဖြစ်စေ၊ မိသားစုမှဖြစ်စေ၊ သို့မဟုတ် လူ့အဖွဲ့အစည်းမှဖြစ်စေ သူတို့က အမြဲတမ်းအတူရှိနေကြရန် ရေစက်ပါလာကြ၏။
ဤကမ္ဘာပေါ်တွင် တချို့လူများက အခွင့်အရေးရှိကြသော်လည်း ရေစက်ပါမလာကြဘဲ တချို့လူများက ရေစက်ပါလာသော်လည်း အခွင့်မကြုံကြပေ။ သို့သော်လည်း သူတို့နှစ်ယောက်လုံးက ထိုကံတရား၏ အဆုံးစွန်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခဲ့ကြကာ အချင်းချင်းကြုံဆုံရခြင်းဖြစ်သည်။
နတ်သမီးပုံပြင်ထဲတွင် စင်ဒရဲလားက ဆယ့်နှစ်နာရီထိုးသည်နှင့် နန်းတော်ထဲမှ ထွက်ခွာရသည်။ မှော်အစွမ်းအားလုံးက ပျောက်ကွယ်သွားကာ ရှူးဖိနပ်တစ်စုံသာ ထိုဖြစ်ပျက်ခဲ့သည့် အရာအားလုံး၏ သက်သေအဖြစ် ကျန်ရှိနေခဲ့၏။ သို့ရာတွင် လုယွင်ဖေး၏ ဇာတ်လမ်း၌ သူက ကိုးနာရီထိုးသည်နှင့် Tmall genie ထဲသို့ ဝင်ရောက်လာခဲ့သည်။ နောက်ကိုးနာရီထိုးသို့ ရောက်သည်နှင့် သူက ထိုအရာအားလုံးဖြစ်ပျက်ခဲ့ကြောင်း ပြသရန် ပျက်စီးနေသည့် Tmall genie တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
လုယွင်ဖေး ထို Tmall genie ကို ပလက်ထိုးလိုက်ပြီး ခေါ်ကြည့်ရန် ပြင်သည့်အချိန်၌ပင် “ရှောင်ယွမ်၊ ရှောင်ဖေး ထမင်းလာစားကြတော့” ဟု ပျမ်းကျဲက ခေါ်လာသည်ကို ကြားရသည်။
လုယွင်ဖေး အမြန်ထလိုက်ပြီး ပျမ်းကျင်းယွမ်ကိုပါ သူနှင့် ဆွဲထုတ်သွားလိုက်၏။
သူတို့ကို မြင်နေရသလို တည့်တည့်မတ်မတ်ရှိနေသည့် အနီရောင် Tmall genie လေးကို ချန်ရစ်ထားခဲ့သည်။ ဤသည်က သူတို့၏ ဇာတ်လမ်းအစသာ ဖြစ်ကာ သူတို့ဇာတ်လမ်းအဆုံးက အချိန်အတော်ကြာအောင် ပြီးဆုံးဦးမည် မဟုတ်ပေ။ သူတို့၏ အနာဂတ်လမ်းခရီးက အံ့အားသင့်စရာများဖြင့် ကြိုဆိုနေပေလိမ့်မည်။
T/N - တစ်နှစ်ခွဲလောက်ပြန်ခဲ့ရတဲ့ novel လေး နောက်ဆုံးတော့ ပြီးသွားပါပြီ။ အဆုံးထိ ဖတ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ သင်တန်းရော အလုပ်တွေနဲ့ရောရှုပ်တော့မလို့ wp မှာ ဘာသာပြန်တာနားလိုက်ပါဦးမယ်။
(Also please feel free to share your thoughts)
(Zawgyi)
ယြင္ေရွာက္က ညစာစားသည့္အခ်ိန္တြင္ ေၾကညာလိုက္သည္။ အဘိုးယြင္ႏွင့္ အဘြားယြင္မွာ အံ့အားသင့္သြားခဲ့၏။ သူတို႔ႏွစ္ေယာက္လုံး နားမလည္ႏိုင္ၾကေပ။ “ဘာလို႔သူက မိန္းကေလးတစ္ေယာက္ေယာက္ကို မႀကိဳက္ဘဲ ေယာက္်ားေလးကို သြားႀကိဳက္တာလဲ”
“က်င္းက်င္းက လုယြင္ေဖးကလြဲၿပီး တျခားကေလးေတြအေပၚ ဘယ္လိုေအးတိေအးစက္ဆက္ဆံလဲဆိုတာ အေဖတို႔လည္း သိတာပဲ။ သူတို႔ကလည္း ငယ္ေသးတဲ့အ႐ြယ္ဆိုေတာ့ တစ္ေယာက္အေပၚတစ္ေယာက္ခံစားခ်က္ေတြရွိဖို႔ဆိုတာ ပုံမွန္ပါပဲ”
ယြင္ေခါင္းေဆာင္ႏွစ္ေယာက္လုံးမွာ ေျပာစရာစကားေပ်ာက္သြားၾကသည္။ “မင္းကို ၾကည့္ပါဦး။ သူ႔သားအတြက္ ေျပာေပးေနလိုက္တာ”
ယြင္ေရွာက္ကလည္း ျပန္ေျပာသည္။ “ဒါဆိုရင္ ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ။ ရွိတာမွ ဒီသား တစ္ေယာက္တည္း ရွိတာကို”
အဘိုးယြင္က ထိုစကားကို ၾကားကာ သူ႔လက္ကို စားပြဲေပၚတြင္ ႐ိုက္ခ်လိုက္၏။ “ဒါဆိုရင္ သူ႔ကို ဆုံးမေပါ့”
“သူက ကြၽန္ေတာ္ ဆုံးမလို႔ရမဲ့လူလား” ယြင္ေရွာက္က ထိုေမးခြန္းကို သူ႔အေဖအား ျပန္ေမးလာသည္။
အဘိုးယြင္: ...ဒါက လုံးဝမျဖစ္ႏိုင္ဘူး။
“ဒါဆိုရင္ သူ႔ကို ေျပာျပလို႔ရတာပဲ”
“သူ႔ကို ဘာေျပာရမွာလဲ” ယြင္ေရွာက္က ၾကားျဖတ္ကာ ဆိုလိုက္၏။ “လုယြင္ေဖးနဲ႔ အတူရွိခ်င္ရင္ ဒီယြင္မိသားစုကို ျပန္မလာနဲ႔လို႔လား”
“မဟုတ္ဘူး” အဘိုးယြင္က ဆန႔္က်င္လိုက္သည္။ “ငါ့မွာ ဒီေျမးတစ္ေယာက္တည္းရွိတာ”
“ဒါဆိုရင္ သူ႔ကို ဘာေျပာရမွာလဲ။ လုယြင္ေဖးနဲ႔ လမ္းမခြဲရင္ ယြင္မိသားစုရဲ႕ အေမြကို ေမ့လိုက္ေတာ့လို႔လား”
“ဒါဆိုရင္ မင္းက ဒီအေမြေတြကို ဘယ္သူ႔ကို ေပးမလို႔လဲ။” အဘိုးယြင္က ေဒါသထြက္စြာ ျပန္ေျပာလာခဲ့သည္။ “မင္းေသြးသားကိုမွ မေပးရင္ ဘယ္သူ႔ကို မင္းေပးမလို႔လဲ”
ယြင္ေရွာက္က သူ႔လက္ကို ျဖန႔္လိုက္၏။ “ဒါဆိုရင္ ကြၽန္ေတာ္က ဘာေျပာရဦးမွာလဲ။ လုယြင္ေဖးကို ေ႐ြးခ်ယ္တာ ေကာင္းတယ္လို႔ပဲ ေျပာႏိုင္ေတာ့တာေပါ့။ သူက လိမၼာတယ္၊ စဥ္းစားေပးတတ္တယ္၊ အရည္အခ်င္းရွိတယ္၊ ႐ုပ္ေခ်ာတယ္။ ၿပီးေတာ့ သူ႔မိသားစုကလည္း ကြၽန္ေတာ္တို႔နဲ႔ အဆက္အသြယ္ရွိတယ္။ အေရးအႀကီးဆုံးကေတာ့ သူတို႔က ငယ္ငယ္ေလး ခက္ခဲတဲ့အခ်ိန္ေတြကတည္းက အတူရွိေနခဲ့တာ။ ေနာက္က်ရင္လည္း သူတို႔က စိတ္ဝမ္းကြဲမဲ့ပုံမေပၚဘူးဆိုေတာ့ ေကာင္းတာေပါ့”
အဘိုးႏွင့္အဘြားယြင္: ...ေကာင္းတာေတာ့ ဟုတ္ပါတယ္။ ေယာက္်ားေလးျဖစ္ေနတာကလြဲလို႔ လုယြင္ေဖးက အျပစ္ရွာမရတဲ့ ေကာင္ေလးျဖစ္ၿပီးေတာ့ ေအးစက္ေနတဲ့ သူတို႔ေျမးကိုလည္း ေႏြးေထြးလာေစတဲ့အတြက္ လိုက္ဖက္တယ္လို႔ ေျပာရမယ္။
အဘိုးႏွင့္အဘြားယြင္မွာ တိတ္ဆိတ္သြားၾက၏။ ယြင္ေရွာက္ သူ႔မိဘမ်ားကို လွမ္းၾကည့္လိုက္ၿပီး ဤကိစၥက အနည္းႏွင့္အမ်ားေတာ့ ေျပလည္သြားၿပီဟု ေတြးမိလိုက္သည္။ သို႔ေသာ္လည္း ထိုကိစၥကို စကားစသတ္၍ မၿပီးခင္မွာပင္ အဘိုးယြင္က သူ႔ကို အဓိပၸာယ္ပါပါၾကည့္လာၿပီး သူ႔အၾကည့္က ေလးလံေနသည္။ “ဒါဆို က်င္းက်င္းနဲ႔ ေရွာင္ေဖးက တြဲရင္ ကေလးေမြးမွာလား”
ယြင္ေရွာက္: “…”
အဘိုးယြင္က ေဒါသတႀကီးေအာ္ဟစ္လိုက္ကာ သူ႔သားကို လက္ညႇိဳးထိုးလိုက္ၿပီး ဆိုလာခဲ့၏။ “က်င္းက်င္း ကေလးမလိုခ်င္ဘူးဆိုရင္ေတာ့ အဲဒါ မင္းအျပစ္ပဲ”
ယြင္ေရွာက္က ရႈိးတိုးရွန႔္တန႔္သာ ၿပဳံးလိုက္ရင္း သူ႔သားကေလးလိုခ်င္ရန္သာ ေမွ်ာ္လင့္မိသည္။
ယြင္မိသားစုက သူႏွင့္လုယြင္ေဖးၾကားတြင္ အေႏွာင့္အယွက္ျဖစ္လိမ့္မည္မဟုတ္မွန္း ပ်မ္းက်င္းယြမ္ ခန႔္မွန္းမိေသာ္လည္း သူတို႔ခပ္ျမန္ျမန္လက္ခံမည္ဟုေတာ့ မထင္ထားခဲ့ေပ။
“ကြၽန္ေတာ္တို႔က ကေလးေမြးမွာပါ” သူက အခိုင္အမာဆိုလိုက္၏။ “လုယြင္ေဖးနဲ႔ ကြၽန္ေတာ္က မိသားစုတစ္စုျဖစ္လာမွာဆိုေတာ့ ကေလးေမြးမွာ ေသခ်ာတယ္”
ယြင္ေရွာက္က ထိုအခါမွ သက္ျပင္းခ်ႏိုင္သည္။ ပ်မ္းက်င္းယြမ္လည္း သူ စိတ္သက္သာသြားသည့္ပုံကို ျမင္ကာ သူ႔ကို လက္ဖက္ရည္တစ္ခြက္ ငွဲ႔ေပးလိုက္၏။
ပ်မ္းက်င္းယြမ္ ေဂးအျဖစ္ ေၾကညာျခင္းကို ယြင္ေရွာက္က ဦးေဆာင္ခဲ့ေသာ္လည္း လုယြင္ေဖးကမူ သူ႔ဘာသာစတင္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အေဖလုႏွင့္ အေမလုက သူ ယခုေလးတင္ ေျပာလိုက္သည့္ စကားကို မယုံႏိုင္သလိုျဖင့္ သူတို႔သားကို ၾကည့္လိုက္ၾကသည္။ အဆုံးတြင္ လုယြင္ရွန္းက တိတ္ဆိတ္မႈကို ၿဖိဳခြင္းသည့္အေနျဖင့္ တည္ၿငိမ္ေအးေဆးစြာ ေမးလာခဲ့သည္။ “နင္ အတည္ေျပာေနတာလား”
“တကယ္ေျပာေနတာ”
“ပ်မ္းက်င္းယြမ္နဲ႔လား”
“အင္း”
“ဘယ္တုန္းကတည္းကလဲ”
လုယြင္ေဖး မေျပာခင္ အရင္စဥ္းစားလိုက္သည္။ “အထက္တန္းတုန္းက တစ္ေယာက္အေပၚ တစ္ေယာက္ခံစားခ်က္ရွိေနၿပီးေတာ့ တကၠသိုလ္က်မွ စတြဲတာ”
“သူက နင့္ကို လိုက္တာလား”
“မဟုတ္ဘူး” လုယြင္ေဖးက မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ လိမ္ညာလိုက္မိသည္။
“သူက အရင္စခ်စ္ႀကိဳက္မဲ့လူနဲ႔ တူလို႔လား။ ကြၽန္ေတာ္က သူ႔ကို အရင္လိုက္ရတာေပါ့”
လုယြင္ရွန္း: ...ငါ့အျမင္ေတာ့ နင္ကလည္း အရင္စခ်စ္ႀကိဳက္မဲ့လူနဲ႔ မတူပါဘူး။
“သူ႔မိသားစုေရာ သိလား” အေဖလုက ေမးလာသည္။
“သိတယ္”
“သူတို႔အေတြးကေရာ ဘယ္လိုလဲ”
“ဦးေလးယြင္ေရွာက္က အေဖတို႔နဲ႔ မိသားစုတစ္စုတည္း ေတာ္ေတာ္ျဖစ္ခ်င္ေနတာ” လုယြင္ေဖးက ေႏြးေထြးစြာ ဆိုလိုက္၏။
အေဖလု: …
အေမလုကမူ စိုးရိမ္ေနသည္။ “ဒါေပမဲ့ မင္းတို႔ႏွစ္ေယာက္လုံးက ေယာက္်ားေလးေတြေလ”
“ဒါေပမဲ့ ကြၽန္ေတာ္ သူ႔ကို ႀကိဳက္တယ္” လုယြင္ေဖးက ဆိုလာသည္။ “အေဖနဲ႔ အေမတို႔ စိတ္ထဲမွာ ဒီကိစၥကို ဆန႔္က်င္ႏိုင္တယ္လို႔ ကြၽန္ေတာ္သိေပမဲ့ ေသခ်ာစဥ္းစားၿပီးသြားပါၿပီ။ ကြၽန္ေတာ့္ဘဝရဲ႕ ပထမဆုံးတစ္ဝက္မွာ အေမတို႔စကားကိုပဲ ကြၽန္ေတာ္နားေထာင္ခဲ့တာပါ။ အေမတို႔ ႀကိဳက္တဲ့ အရာေတြကို ရေအာင္ ႀကိဳးစားေပးခဲ့ၿပီး မႀကိဳက္တာဆို ေဝးေဝးကေရွာင္ခဲ့တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဘဝဆိုတာ တစ္သက္မွာ တစ္ခါပဲ ေနထိုင္လို႔ရတာေလ။ ကြၽန္ေတာ္ အေမတို႔ ေတာင္းဆိုတာေတြကို နားလည္ေပးလို႔ရေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ့္မွာလည္း ကိုယ့္အႀကိဳက္နဲ႔ကိုယ္ရွိေသးတယ္။ ကြၽန္ေတာ့္ဘဝရဲ႕ ဒုတိယတစ္ဝက္ကို ဘယ္သူနဲ႔ အတူကုန္ဆုံးခ်င္လဲဆိုတာကိုေတာ့ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခြင့္ရွိတယ္ ထင္တာပဲ”
“တစ္ေန႔က်ရင္ လူတစ္ေယာက္နဲ႔ အိမ္အသစ္မွာ အတူေနဖို႔ ဒီအိမ္ကေန ထြက္ခြာရမယ္။ အဲဒီအခါက်ရင္ ကြၽန္ေတာ့္တစ္သက္လုံး အဲဒီအိမ္မွာပဲ အခ်ိန္ကုန္ဆုံးရေတာ့မွာ။ အဲဒီအိမ္ကလူကိုေတာ့ ကြၽန္ေတာ္ႀကိဳက္တဲ့လူျဖစ္ဖို႔ပဲ ေမွ်ာ္လင့္တာပါ” လုယြင္ေဖးက သူတို႔ကို ၾကည့္ကာ ခပ္တိုးတိုးဆိုလိုက္သည္။ “မဟုတ္လို႔ရွိရင္ ကြၽန္ေတာ့္ဘဝတစ္သက္လုံး ေတာ္ေတာ္သနားစရာေကာင္းေနလိမ့္မယ္”
အေဖႏွင့္ အေမလုက သူ႔စကားမ်ားကို စိတ္ထဲတြင္ သေဘာတူလိုက္ၾကသည္။
ထိုညတြင္ လုယြင္ရွန္းႏွင့္ လုယြင္ေဖး ထိုင္၍ စကားစျမည္ေျပာျဖစ္ၾက၏။ အေဖလုက စီးကရက္ဘူးတစ္ဝက္ေလာက္ကို ထိုင္ဖြာေနသည္။ အေမလုက မည္းေမွာင္ေနသည့္ ေကာင္းကင္ျပင္ကို ၾကည့္ရင္း သက္ျပင္းဖြဖြခ်သည္။ “ဒါဆိုရင္လည္း ဒီလိုပဲေပါ့။” သူ(မ)က ဆိုလာသည္။ “သူတို႔ေကာင္းေကာင္းေနႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။ ေကာင္းေကာင္းမေနႏိုင္ရင္လည္း ဘဝက သူတို႔ကို ေနာက္ျပန္လွည့္ဖို႔ သင္ေပးလိမ့္မယ္”
အေဖလုက ေခါင္းညိတ္လိုက္ၿပီး သူ႔စီးကရက္ကို မီးညႇိလိုက္သည္။
ပ်မ္းက်င္းယြမ္လည္း ပ်မ္းက်ဲကို ေျပာျပလိုက္၏။ အစပိုင္းတြင္ အံ့ဩသြားခဲ့ေသာ္လည္း ပ်မ္းက်ဲက ခဏတိတ္ဆိတ္ေနၿပီးသည့္အခါ ပ်မ္းက်င္းယြမ္ကို ျပန္ေမးလာခဲ့သည္။ “မင္း ေသခ်ာဆုံးျဖတ္ၿပီးၿပီလား”
ပ်မ္းက်င္းယြမ္က ေခါင္းညိတ္ျပၿပီး ႏူးညံ့စြာ ျပန္ေျပာလိုက္သည္။ “ကြၽန္ေတာ္ သူ႔ကို ႀကိဳက္တယ္”
ပ်မ္းက်ဲက သူ(မ)ပ်ိဳးေထာင္ခဲ့သည့္ ကေလးကို ျပန္ၾကည့္လိုက္ၿပီး ေႏြးေထြးစြာပင္ ေခါင္းညိတ္ျပလိုက္သည္။ “ဒါဆိုရင္ ငါက ကန႔္ကြက္စရာမရွိပါဘူး” သူက ဆက္ဆိုလာသည္။ “မင္း သေဘာက်သေ႐ြ႕ေပါ့”
သူ(မ)က လြယ္လြယ္ႏွင့္ သေဘာတူလာေသာေၾကာင့္ ပ်မ္းက်င္းယြ္မ္ အံ့ဩသြားရေသာ္လည္း သူလည္း အၿပဳံးတစ္ပြင့္ျဖင့္ ျပန္ေျပာလိုက္သည္။ “ေက်းဇူးတင္ပါတယ္ ေဒၚေလး”
ပ်မ္းက်ဲက မိခင္တစ္ေယာက္၏ ေႏြးေထြးၾကင္နာမႈမ်ိဳးျဖင့္ သူ႔ဆံပင္ကို ဖြလိုက္၏။ သူ႔ကို ၾကည့္ေနစဥ္တြင္ ပ်မ္းထင္း ပ်မ္းက်င္းယြမ္ကို ကိုယ္ဝန္လြယ္ထားစဥ္က အေၾကာင္း သတိရမိသြားသည္။ ထိုအခ်ိန္က တစ္ကိုယ္တည္းျဖစ္ေနသည့္ ပ်မ္းထင္းကို ၾကည့္ကာ သူ(မ)စိုးရိမ္စြာ အႀကံေပးခဲ့ဖူးသည္။ “နင္ ကိုယ္ဝန္ဖ်က္ခ်သင့္တယ္လို႔ ငါေတာ့ ထင္တယ္။ မဟုတ္ရင္ ေနာက္က်ရင္ နင့္လက္ထပ္မဲ့ကိစၥေရာ၊ အလုပ္ေရာ ထိခိုက္လိမ့္မယ္။ က်ဲက်ဲ၊ ဒါက နင့္အနာဂတ္တစ္ခုလုံးကို ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေစမွာ”
သို႔ေသာ္လည္း ပ်မ္းထင္းက သူ(မ)စကားကို နားမေထာင္ခဲ့ဘဲ ပ်မ္းက်င္းယြမ္ကို သူ(မ)ကမာၻသို႔ တစ္ေယာက္တည္း ေခၚေဆာင္လာခဲ့ကာ သူ႔ကိုပင္ ေကာင္းမြန္စြာ သင္ၾကားခဲ့၏။ ေနာက္ပိုင္းေန႔ရက္မ်ားတြင္ ပ်မ္းက်ဲက ပ်မ္းထင္း၏ အမွီအခိုကင္းမႈကို ဆင္ႏႊဲခဲ့သည္။ ပ်မ္းက်င္းယြမ္ေၾကာင့္သာမဟုတ္ပါက သူ(မ)ႏွင့္ ပ်မ္းထင္း၏ဘဝက အေရာင္အေသြးမ်ားစြာကင္းမဲ့ေနေပမည္။
ထို႔ေၾကာင့္လည္း ပ်မ္းက်င္းယြမ္က သူ႔ဘာသာလြတ္လြတ္လပ္လပ္ေ႐ြးခ်ယ္ရန္ ဆုံးျဖတ္လာခဲ့ေသာအခါ ပ်မ္းက်ဲ သူ႔လမ္းကို မပိတ္ပင္မိျခင္းျဖစ္သည္။ သူေ႐ြးခ်ယ္ရာလမ္းေပၚတြင္ သူ႔အေမရရွိခဲ့သည့္ ျပည့္စုံမႈႏွင့္ ေပ်ာ္႐ႊင္မႈမ်ိဳးရရန္သာ သူ ဆုေတာင္းမိသည္။
“ေရွာင္ယြမ္က အ႐ြယ္ေတာင္ေတာ္ေတာ္ေရာက္ေနၿပီပဲ” သူက ႏူးညံ့ခ်ိဳသာစြာ ဆိုလိုက္မိ၏။
ပ်မ္းက်င္းယြမ္က သူ(မ)မ်က္လုံးထဲရွိ ေႏြးေထြးမႈကို ျမင္ရ၍ သူ႔ကို လွမ္းဖက္ရင္း ေရ႐ြတ္လာခဲ့သည္။ “အ႐ြယ္မေရာက္ေသးပါဘူး။ ကြၽန္ေတာ္က ေဒၚေလးရဲ႕ ကေလးပဲ ရွိေသးတာ”
ပ်မ္းက်ဲက မ်က္ရည္မ်ားဝဲလာရသည္။ သူက ပ်မ္းက်င္းယြမ္၏ ဆံပင္ကို ဖြလိုက္ရင္း ဘာမွမေျပာဘဲ ၿပဳံးလိုက္မိသည္။
လုယြင္ေဖး ေနာက္တစ္ႀကိမ္ ပ်မ္းက်ဲကို ေတြ႕ရသည့္အခ်ိန္တြင္ သူ႔အေပၚ ၾကည့္သည့္ သူ(မ)အၾကည့္က တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားသည္ကို ခံစားလိုက္ရ၏။ သူ ရွက္ကိုးရွက္ကန္းျဖင့္ ပ်မ္းက်င္းယြမ္အိမ္ထဲသို႔ ဝင္လာၿပီး သူတို႔ come out လုပ္ခဲ့သည္က သိပ္မၾကာခဲ့မွန္း ေတြးမိလိုက္သည္။ ရလဒ္က သူတို႔ေမွ်ာ္လင့္ထားသည္ထက္ ပိုေကာင္းမြန္ခဲ့ကာ မိဘမ်ားက ေဒါသတႀကီးျငင္းခုံမႈမ်ားႏွင့္ ဆန႔္က်င္မႈမ်ားမရွိခဲ့ေပ။ သူတို႔မိသားစုမ်ားက သေဘာတူလိုသည့္ဟန္မရွိေသာ္လည္း စိတ္ပိုင္းဆိုင္ရာအေနျဖင့္ ေထာက္ပံ့ေပးခဲ့ၾကသည္။
သူႏွင့္ ပ်မ္းက်င္းယြမ္ ႏွစ္ေယာက္လုံးတြင္ သူတို႔ကို အလြန္ခ်စ္ေပးၾကသည့္ လူမ်ားရွိၾက၏။
ပ်မ္းက်င္းယြမ္က ပ်မ္းက်ဲကို ဟင္းသီးဟင္း႐ြက္မ်ား ျပင္ဆင္ရန္ ကူညီေပးခဲ့ၿပီး လုယြင္ေဖးကို ေကြၽးရန္အတြက္ စပ်စ္သီးအခ်ိဳ႕ကို ေဆးေၾကာကာ အိမ္ထဲသို႔ ယူလာသည္။
လုယြင္ေဖးက စကားစျမည္ေျပာေနရင္း စပ်စ္သီးမ်ားစားလိုက္ကာ သူတို႔၏ အထက္တန္းဘဝတြင္ ေတြ႕ႀကဳံရသည့္ အျဖစ္အပ်က္မ်ားဘက္သို႔ စကားေခါင္းစဥ္ေျပာင္းသြားခဲ့သည္။ လုယြင္ေဖးက သူတို႔အတူ႐ိုက္ခဲ့သည့္ ဘြဲ႕ဓာတ္ပုံကို ျပန္ၾကည့္ခ်င္ေနရာ ပ်မ္းက်င္းယြမ္က အံဆြဲကို ဖြင့္ၿပီး ရွာေပးလိုက္ရသည္။ ေနာက္ဆုံးတြင္ေတာ့ သူတို႔ဓာတ္ပုံကို ရွာမေတြ႕ေသာ္လည္း သူ ေမ့လုနီးပါးျဖစ္ေနသည့္ ပစၥည္းတစ္ခုကို ရွာေတြ႕သြားခဲ့၏။ ပ်က္ေနၿပီျဖစ္သည့္ Tmall Genie ပင္။
သူတို႔သိၾကသည့္ Tmall genie မ်ားကဲ့သို႔ နီရဲၿပီး ပုံမွန္ဟု ထင္ရေသာ္လည္း အမွန္တြင္ ထိုသို႔မဟုတ္မွန္း သူတို႔သိၾကသည္။
လုယြင္ေဖးက သူ႔လက္ထဲရွိ Tmall Genie ကို ၾကည့္ရင္း ရယ္ေမာလိုက္သည္။ “မင္းမွာ အခုအထိ ဒါရွိေနေသးတာပဲ”
ပ်မ္းက်င္းယြမ္လည္း အတိတ္ကို လြမ္းဆြတ္သလို ခံစားလိုက္မိသည္။ “အင္း၊ ပ်က္သြားတာ ႏွစ္နည္းနည္းၾကာၿပီဆိုေတာ့ ငါ ဒါကို လႊင့္ပစ္သင့္ေနၿပီ”
လုယြင္ေဖးက သူ႔ဆီက Tmall genie ကို ၾကည့္လိုက္ကာ အနီးကပ္စစ္ေဆးၾကည့္ရင္း ဆိုလာခဲ့၏။ “လႊင့္ပစ္ၿပီး အသစ္ဝယ္မွာလား”
“အဲဒါကေတာ့ မင္း အိမ္မွာ Tmall genie ထားခ်င္လား၊ မထားခ်င္ဘူးလားနဲ႔ ဆိုင္တယ္”
လုယြင္ေဖးက သူ႔ကို ၿပဳံးျပၿပီး အႀကံတစ္ခုရ၍ ဆိုလိုက္သည္။ “တကယ္ေတာ့ ငါတို႔မွာ တစ္ခုရွိေနၿပီးသားပဲ”
“မင္းမွာ ရွိတဲ့ တစ္ခုကို ေျပာတာလား”
လုယြင္ေဖးက ေခါင္းခါျပလိုက္၏။
လုယြင္ေဖးမ်က္ႏွာေပၚရွိ အၿပဳံးက ေလးနက္လာသည္။ သူက ပ်မ္းက်င္းယြမ္အနားတိုးကပ္ကာ တိုးတိုးေလးေျပာလိုက္သည္။ “တကယ္ေတာ့ ငါ မင္းကို မေျပာျပရေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုရွိတယ္”
“ဘာလဲ”
“မင္း တကယ္ၾကားခ်င္တာလား။ စိတ္ကူးယဥ္ေတာ့ နည္းနည္းဆန္တယ္”
အစက ပ်မ္းက်င္းယြမ္ သိပ္စိတ္မဝင္စားခဲ့ေသာ္လည္း ယခုအခါ သူ သိခ်င္လာရ၏။
လုယြင္ေဖးက Tmall genie ကို သူ႔လက္ထဲတြင္ ေျမႇာက္လိုက္ၿပီး သူ႔မ်က္လုံးမ်ားက တလက္လက္ေတာက္ပေနသည္။ “Tmall genie ကို ေခၚၾကည့္လိုက္”
ပ်မ္းက်င္းယြမ္က ေဝခြဲမရစြာျဖင့္ ေခၚၾကည့္လိုက္သည္။ “Tmall genie”
“ဒီမွာရွိပါတယ္” လုယြင္ေဖးက ခ်က္ခ်င္း ျပန္ေျဖလာသည္။
ပ်မ္းက်င္းယြမ္က မ်က္ေမွာင္ၾကဳတ္လိုက္ရင္း သူ႔မ်က္လုံးထဲတြင္ မေသခ်ာမႈမ်ားရွိေန၏။
“မေသခ်ာေသးဘူးလား။” လုယြင္ေဖးက ေမးလာခဲ့သည္။ “မင္း [little crocodile] ဆိုတဲ့ သီခ်င္းကို မွတ္မိေသးလား”
“ငါမွတ္မိတယ္။ ဒါေပမဲ့ မင္း ဘာေျပာခ်င္တာလဲ”
“မင္း အခုလည္း သေဘာမေပါက္ေသးဘူးလား” လုယြင္ေဖးက သူ႔လက္ထဲရွိ Tmall genie ကို လႈပ္ယမ္းျပလိုက္သည္။ “မင္းရဲ႕ Tmall genie က ေန႔လယ္ဘက္နဲ႔ ညဘက္မွာ မတူဘူး”
ပ်မ္းက်င္းယြမ္က သူေျပာလိုသည့္ အခ်က္ကို သေဘာမေပါက္ေသးေပ။ “ငါက ေန႔လယ္ခင္းဘက္ မရွိတတ္ေတာ့ ဒါကို မဖြင့္ျဖစ္ဘူး။ ဒါေပမဲ့ မင္းက ဘယ္လိုသိတာလဲ”
ထိုသည္က ေမးခြန္းေကာင္းပင္။ အေၾကာင္းမွာ “ငါက ညဆိုင္းက်လို႔ေလ”
လုယြင္ေဖးက စကားေျပာေနရင္း ၿပဳံးလိုက္မိသည္။ “ဒုတိယႏွစ္၊ ေဆာင္းရာသီပိတ္ရက္မွာမွ ငါ မင္းအိမ္ကို ေရာက္ဖူးတာ မဟုတ္ဘူး။ အဲဒါမတိုင္ခင္ ငါ မင္းအိမ္မွာ ခဏေနခဲ့ၿပီးၿပီ။ ဒီအထဲမွာေပါ့။” လုယြင္ေဖးက အနီေရာင္ပစၥည္းေလးကို ၫႊန္ျပလိုက္၏။ “ဘာျဖစ္လို႔လဲေတာ့ ငါလည္း မသိဘူး၊ ငါတို႔ထိုင္ခုံေဖာ္ျဖစ္လာတဲ့ ပထမႏွစ္ဝက္ကတည္းက ငါ မင္းရဲ႕ Tmall genie ထဲကို ညကိုးနာရီေရာက္တိုင္း ေရာက္လာခဲ့တာ။ အဲဒါေၾကာင့္ မင္း ငါ့ကို ႀကိဳက္ေတာင္မႀကိဳက္ခင္ ငါ မင္းကို သတိထားခဲ့မိတာပဲ”
ပ်မ္းက်င္းယြမ္က အံ့အားသင့္သြားကာ ယုံပင္မယုံႏိုင္ေခ်။ “ညတိုင္း ငါ့ကို စကားေျပာေနတာ တကယ္ႀကီးမင္းလား”
လုယြင္ေဖးက ေခါင္းညိတ္ျပလိုက္သည္။ “မဟုတ္လို႔ရွိရင္ ဘာလို႔ Tmall genie မွာ အဂၤလိပ္စာနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ဘယ္လိုလုပ္မရွိဘဲ ေနပါ့မလဲ။ ငါ အဂၤလိပ္လို မေျပာခ်င္လို႔ပဲေပါ့”
ထိုအခါမွ ပ်မ္းက်င္းယြမ္ သူ႔တြင္ရွိေနခဲ့သည့္ ေမးခြန္းမ်ားကို ေနာက္ဆုံးတြင္ သေဘာေပါက္သြားခဲ့၏။ “ဒါေပမဲ့ အဲဒီေနာက္ပိုင္း ဘာလို႔ မင္း မေရာက္လာေတာ့တာလဲ။ ဘာလို႔ပ်က္သြားတာလဲ”
လုယြင္ေဖးက ေခါင္းခါျပသည္။ “ငါလည္း ဘာလို႔မွန္းမသိဘူး။ ဒါေပမဲ့ ငါ မင္းအိမ္ကို လာလည္တဲ့အခ်ိန္ေနာက္ပိုင္းမွ ပ်က္သြားတာကို ငါ မွတ္မိတယ္။ ငါ မင္းရဲ႕ အိမ္ကို လူကိုယ္တိုင္ေရာက္လာတာနဲ႔ Tmall genie က တစ္ဆင့္မဝင္ႏိုင္ေတာ့တာ ေနမွာေပါ့။ စင္ဒရဲလားရဲ႕ ေမွာ္အစြမ္းလိုပဲ အကုန္လုံးမွာ အခ်ိန္အကန႔္အသတ္ရွိတယ္ေလ”
ပ်မ္းက်င္းယြမ္က သူ႔ကို ၾကည့္လိုက္ၿပီး သူ႔လက္ထဲရွိ Tmall genie ကို ျပန္ငုံ႔ၾကည့္ကာ မွင္သက္သြားမိသည္။ သူ႔ေရွ႕ရွိ လူက သူအခ်ိန္အေတာ္ၾကာ သိမ္းဆည္းထားခဲ့သည့္ Tmall genie ႏွင့္ ပတ္သက္မႈရွိမွန္း သူ မည္သည့္အခ်ိန္မွ ခန႔္မွန္းမိမည္ မဟုတ္ေပ။ သူတို႔က သိသာထင္ရွားစြာ ကြဲျပားၾကေသာ္လည္း တူညီမႈမ်ားလည္း ရွိေပသည္။ ဤရွင္းမျပႏိုင္သည့္ ခံစားခ်က္ေၾကာင့္ လက္ရွိအခ်ိန္တြင္ သူဘာေျပာရမွန္း မသိေတာ့ေခ်။
“စိတ္ကူးယဥ္ဆန္တယ္မဟုတ္လား” လုယြင္ေဖးက ေမးလိုက္သည္။ “လုံးဝမထင္ထားမိဘူးမလား”
ပ်မ္းက်င္းယြမ္က ေခါင္းညိတ္ျပသည္။
“အဲဒါေၾကာင့္ ငါ မင္းကို ဘယ္ေတာ့မွ မေျပာျပမိခဲ့တာပဲ။ ဒီေန႔ ဒါကိုသာ မေတြ႕ရင္ မင္းကို တစ္ခါမွေျပာျပျဖစ္မွာ မဟုတ္ဘူး ထင္တယ္”
ပ်မ္းက်င္းယြမ္ လုယြင္ေဖးလက္ထဲမွ Tmall genie ကို လွမ္းယူလိုက္ၿပီး ေသခ်ာစစ္ေဆးၾကည့္ၿပီးမွ ႏူးညံ့စြာ ဆိုလိုက္၏။ “ဒါဆိုရင္လည္း မင္း ငါ့ကို ေျပာျပသင့္တာေပါ့။ ဒါဆို အနည္းဆုံးေတာ့ ငါ ဒါကို သိမ္းထားမွာ။ မဟုတ္လို႔ရွိရင္ ငါ့ပစၥည္းေတြရွင္းတဲ့ တစ္ေန႔က်ရင္ လႊင့္ပစ္လိုက္မိႏိုင္တယ္”
လုယြင္ေဖးက သူ႔ကို မ်က္လုံးေစြၾကည့္လိုက္ရင္း ပ်မ္းက်င္းယြမ္က သူ႔ကို ျပန္ၿပဳံးျပလာသည္။ “ဒါေပမဲ့ ငါ တစ္ခါမွမလႊင့္ပစ္ဖူးေတာ့ ေကာင္းတာေပါ့”
အမွန္အတိုင္းေျပာရလွ်င္ ပ်မ္းက်င္းယြမ္ ထို Tmall genie ကို လုယြင္ေဖး မျဖစ္ေစလိုေပ။ သူ႔ပတ္ဝန္းက်င္က အဆိုးဆုံးအေျခအေန၌ သူတို႔ဆုံေတြ႕ခဲ့ၾက၏။ ျဖစ္ႏိုင္လွ်င္ ပ်မ္းက်င္းယြမ္၌ လုယြင္ေဖး သူ႐ုန္းကန္ရသည္မ်ားကို မေတြ႕ေစလိုသည့္ ဆႏၵရွိသည္။ ထို႔အျပင္ သူ လုယြင္ေဖးႏွင့္ ရွိေနစဥ္အေတာအတြင္းတြင္လည္း ေအးေအးေဆးေဆး သက္သက္သာသာႏွင့္ ယုံၾကည္မႈရွိရွိရွိေနရန္ သူ ေမွ်ာ္လင့္မိသည္။
သို႔ရာတြင္ တစ္ဖက္မွေတြးၾကည့္ပါက Tmall genie သာ အမွန္တကယ္ လုယြင္ေဖးဆိုလွ်င္ သူ လုယြင္ေဖးကို မႀကိဳက္ခင္ အေစာကတည္းက လုယြင္ေဖးက သူ႔ကို အေဖာ္ျပဳေပးခဲ့ျခင္းျဖစ္သည္။ ညသန္းေခါင္ယံအထိ သူနဲ႔ အတူေနေပးခဲ့၊ ႐ႊမ္း႐ႊမ္းကို ပုံျပင္ေျပာေပးခဲ့ၿပီး သူ႔ေမြးေန႔တြင္လည္း အတူရွိေပးခဲ့သည္။ ထိုျမႇဳပ္ႏွံထားသည့္ အမွတ္တရမ်ားက ျပန္လည္ေပၚေပါက္လာကာ သူတို႔ကို အဓိပၸာယ္အသစ္မ်ား သယ္ေဆာင္လာခဲ့၏။
ပ်မ္းက်င္းယြမ္ထံမွ တိုးတိုးတိတ္တိတ္ရယ္ေမာသံတစ္ခုထြက္လာၿပီး လုယြင္ေဖးကို သိသလိုဆိုလာခဲ့သည္။ “ငါ့ကို ေနာက္ထပ္ Tmall genie တစ္ခုထပ္မဝယ္ေစခ်င္တာ မအံ့ဩေတာ့ပါဘူး။ ငါက လူလုပ္စက္တစ္ခုက ဘာလို႔ ဒီေလာက္ထက္ျမက္ႏိုင္တာလဲလို႔ ေတြးေနတာ။ ဒီတစ္ေလွ်ာက္လုံး မင္းျဖစ္ေနခဲ့တာကို”
“ေသခ်ာတာေပါ့” လုယြင္ေဖးက ျပန္ေခ်ပလိုက္သည္။ မင္းမွာ ငါ့လို ဉာဏ္ရည္ထက္ျမက္တဲ့ Tmall genie ရွိေနၿပီပဲ။ ဘာလို႔တျခားအသိဉာဏ္မရွိတဲ့ အရာေတြကို လိုဦးမွာလဲ။ ငါက မင္းကို ကူညီေပးတာေလ”
ပ်မ္းက်င္းယြမ္က အသာေခါင္းညိတ္ျပလာသည္။ “ငါ့မိန္းမေျပာတဲ့အတိုင္းပဲ”
ထိုအခါမွ လုယြင္ေဖးလည္း တိတ္ဆိတ္သြားခဲ့ေတာ့သည္။
ပ်မ္းက်င္းယြမ္ သူ႔ကို ၾကည့္လိုက္ရင္း သူတို႔အၾကားျဖစ္ပ်က္ခဲ့သည့္ ကိစၥမ်ားကို ျပန္ေတြးလိုက္မိသည္။ ဤသည္က ကံၾကမၼာျဖစ္လိမ့္မည္ဟု သူ ထင္သည္။ ကံတရားေၾကာင့္ သူႏွင့္ လုယြင္ေဖးက ေက်ာင္းတြင္ ေက်ာင္းသားအျဖစ္ အိမ္တြင္ Tmall genie အျဖစ္ ထိေတြ႕ဆက္ဆံၾကရသည္။ အခက္အခဲအတားအဆီးမ်ားက လူတစ္ေယာက္မွျဖစ္ေစ၊ မိသားစုမွျဖစ္ေစ၊ သို႔မဟုတ္ လူ႔အဖြဲ႕အစည္းမွျဖစ္ေစ သူတို႔က အၿမဲတမ္းအတူရွိေနၾကရန္ ေရစက္ပါလာၾက၏။
ဤကမာၻေပၚတြင္ တခ်ိဳ႕လူမ်ားက အခြင့္အေရးရွိၾကေသာ္လည္း ေရစက္ပါမလာၾကဘဲ တခ်ိဳ႕လူမ်ားက ေရစက္ပါလာေသာ္လည္း အခြင့္မႀကဳံၾကေပ။ သို႔ေသာ္လည္း သူတို႔ႏွစ္ေယာက္လုံးက ထိုကံတရား၏ အဆုံးစြန္ႏွစ္ဖက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ခဲ့ၾကကာ အခ်င္းခ်င္းႀကဳံဆုံရျခင္းျဖစ္သည္။
နတ္သမီးပုံျပင္ထဲတြင္ စင္ဒရဲလားက ဆယ့္ႏွစ္နာရီထိုးသည္ႏွင့္ နန္းေတာ္ထဲမွ ထြက္ခြာရသည္။ ေမွာ္အစြမ္းအားလုံးက ေပ်ာက္ကြယ္သြားကာ ရႉးဖိနပ္တစ္စုံသာ ထိုျဖစ္ပ်က္ခဲ့သည့္ အရာအားလုံး၏ သက္ေသအျဖစ္ က်န္ရွိေနခဲ့၏။ သို႔ရာတြင္ လုယြင္ေဖး၏ ဇာတ္လမ္း၌ သူက ကိုးနာရီထိုးသည္ႏွင့္ Tmall genie ထဲသို႔ ဝင္ေရာက္လာခဲ့သည္။ ေနာက္ကိုးနာရီထိုးသို႔ ေရာက္သည္ႏွင့္ သူက ထိုအရာအားလုံးျဖစ္ပ်က္ခဲ့ေၾကာင္း ျပသရန္ ပ်က္စီးေနသည့္ Tmall genie တစ္ခုသာ က်န္ရစ္ခဲ့ေတာ့သည္။
လုယြင္ေဖး ထို Tmall genie ကို ပလက္ထိုးလိုက္ၿပီး ေခၚၾကည့္ရန္ ျပင္သည့္အခ်ိန္၌ပင္ “ေရွာင္ယြမ္၊ ေရွာင္ေဖး ထမင္းလာစားၾကေတာ့” ဟု ပ်မ္းက်ဲက ေခၚလာသည္ကို ၾကားရသည္။
လုယြင္ေဖး အျမန္ထလိုက္ၿပီး ပ်မ္းက်င္းယြမ္ကိုပါ သူႏွင့္ ဆြဲထုတ္သြားလိုက္၏။
သူတို႔ကို ျမင္ေနရသလို တည့္တည့္မတ္မတ္ရွိေနသည့္ အနီေရာင္ Tmall genie ေလးကို ခ်န္ရစ္ထားခဲ့သည္။ ဤသည္က သူတို႔၏ ဇာတ္လမ္းအစသာ ျဖစ္ကာ သူတို႔ဇာတ္လမ္းအဆုံးက အခ်ိန္အေတာ္ၾကာေအာင္ ၿပီးဆုံးဦးမည္ မဟုတ္ေပ။ သူတို႔၏ အနာဂတ္လမ္းခရီးက အံ့အားသင့္စရာမ်ားျဖင့္ ႀကိဳဆိုေနေပလိမ့္မည္။
T/N - တစ္ႏွစ္ခြဲေလာက္ျပန္ခဲ့ရတဲ့ novel ေလး ေနာက္ဆုံးေတာ့ ၿပီးသြားပါၿပီ။ အဆုံးထိ ဖတ္ေပးခဲ့ၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ အခုေတာ့ သင္တန္းေရာ အလုပ္ေတြနဲ႔ေရာရႈပ္ေတာ့မလို႔ wp မွာ ဘာသာျပန္တာနားလိုက္ပါဦးမယ္။
(Also please feel free to share your thoughts.)