သąĹąĬĞĊĺĞĬĶိįĸĶွĚĺěĬ

By Maychuethwe

95.8K 1.2K 50

ဘာမှမရှိတဲ့ သုညဘဝကနေ ဇနီးမıĬĄĺနှံနှစ်ယောက် အတူကြိုးစားခဲ့လို့ နာမည်ကြီး ရုပ်ရှင်မင်သားဖြစ်သွားတဲ့အခါ ဇနီးအပေါ... More

1 U/Z
2 U/Z
3 U/Z
4 U/Z
5 U/Z
6 U/Z
7 U/Z
8 U/Z
9 U/Z
10 U/Z
11 U/Z
12 U/Z
13 U/Z
15 U/Z
16 U/Z
17 U/Z
18 U/Z
19 U/Z
20 U/Z
21 U/Z
22 U/Z
23(end) U/Z

14 U/Z

3.6K 50 1
By Maychuethwe

Uni

Ⓜ️သစ္စာသည့်သာကိုးကွယ်ရာⓂ️

Ⓜ️အပိုင်း ၁၄Ⓜ️

ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို နာကျင်ခံစားလိုက်ရသည့် ခံစားချက်ကြီးက မိုး ရင်ကို မီးစနှင့် ထိုးနေသည့်နှယ် လောင်မြိုက်လာရလေသည်။

ဘာမှ နားမလည်သည့် သမီးကိုက အစ  ထိပါးလာသည့်ကိုတော့ သူမ ငြိမ်မနေချင်ခဲ့ပေ။ ဇိုင်းအဏ္ဏဝါ မွှေသည့် မီးကို ဇိုင်းအဏ္ဏဝါသာ ဖြေရှင်းရမည်မို့ မိုး စိတ်ရှိတိုင်း ပေါက်ကွဲပစ်လိုက်ချင်မိလေသည်။   

"ကျွီ"

"ဟင်"

တံခါးတွန်းဖွင့်သံ ကြားသည့်နှင့်  တံခါးဝကို သူမ ကြည့်မိတော့ ညှင်းသိုးသိုး ပုံစံနှင့် အခန်းထဲဝင်လာသော ဇိုင်းအဏ္ဏဝါကို တွေ့လိုက်ရလေသည်။

"ရှင် ရှင် ဘာလာလုပ်တာလဲ"

အခန်းထဲရောက်သည့်နှင့်  ဒေါသတကြီး သူ့ကို အော်ငေါက်ရန် ပြင်နေသော မျက်နှာလေးကို တွေ့လိုက်ရလေသည်။

"မောင်"

"လာခဲ့ ရှင်"

"ဟာ"

အခန်းထဲကနေ သူ့ကို အကြမ်းပတမ်း ဆွဲခေါ်သွားသော သူမ။ ဆေးရုံ၏ လူအမြင်ကွယ်ရာ ရောက်သည့်နှင့်

"ရှင် ဘာလာလုပ်တာလဲ"

စူးရဲနေသော သူမ မျက်ဝန်းရဲ့ အကြည့်တွေအောက်မှာတော့ သိမ်ငယ်နေသူက ဇိုင်းအဏ္ဏဝါ ဖြစ်သည်။

"ရှင်တို့ နှစ်ယောက် ကျွန်မတို့သားမိကို ဘယ်လောက်တောင် ဒုက္ခပေးချင်နေတာလဲဟင်၊ မနေ့ကလည်း ရှင့် ဟာမ ရောက်လာပြီး စော်စော်ကားကားတွေပြော၊ အခု အခုလည်း ရှင်က ထပ်လာပြီး ဘာတွေ စော်ကားဖို့ စဥ်းစားနေသေးတာလဲဟမ်"

"မိုး တို့ဆီ ဆောင်းဧကရီရောက်လာတာလား"

ဇိုင်း တအံ့တသြမေးမိတော့ မိုး နှုတ်ခမ်းတစ်စုံကို မဲ့လိုက်ပြီး

"ရှင့် ဟာမဆိုမှ ဒီဟာမပဲ ရှိတာမဟုတ်လား၊ ရှင့်ရဲ့ နောက်မယားငယ်မက လာပြီး ကျွန်မ သမီးကို မာမီလေး ဘာညာ လာလုပ်နေတာ အရှက်မရှိ၊ ပြီးတော့ပြောသေး သူ့မှာ ရှင့်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပါပြီတဲ့ အဟက်"

"ဘာ ကိုယ်ဝန် ဟုတ်လား"

ဇိုင်း တုန်လှုပ်ခြောက်ခြားစွာ မေးလိုက်လေလျှင် မိုးက မရယ်မပြုံး မျက်နှာထားဖြင့်  အေးစက်စက်ပုံစံဖြင့် သူ့ကို ကြည့်လိုက်ပြီး

"ရှင့် မယားကိုယ်ဝန်ကိုပဲ ဂရုစိုက်လိုက်၊ ကျွန်မတို့ သားမိဆီ ရှင် နောက်တစ်ခါ မလာနဲ့ ၊ ရှင့် မျက်နှာ ကျွန်မ မမြင်ချင်ဘူး"

စကားအဆုံးတွင်  လှည့်ထွက်သွားသော မိုး ကျောပြင်လေးမှာ တသိမ့်သိမ့်တုန်ရင်း ငိုနေသည့်က သိသာလွန်းလေသည်။

မောင် တောင်းပန်ပါတယ် မိုးရယ်၊ မောင် မိုးကို ဒဏ်ရာတွေ ပေးခဲ့မိပြန်ပြီ။

သူ့ ကိုယ်တိုင်လည်း ရင်ထဲမှာ အတော်မောလျှစွာ ပင်ပန်းနေခဲ့ပါပြီ။  ချစ်ရသူ၏ မျက်ရည်တွေကို မြင်ရလေတိုင်း သူ့ နှလုံးသားမှာ အတော်ပူလောင်ရသလို  သူ့ အမှားတွေအတွက်လည်း နောင်တရမိလေသည်။

အခုချိန်မှာ သူမကို ထွေးပွေ့နှစ်သိမ့်ပေးချင်နေမိသော်လည်း သူ့ ၏ လက်ရှိအခြေအနေက နှစ်သိမ့်ဖို့ရာမှ မဖြစ်နိုင်သေးသည့် အခြေအနေမဟုတ်ပါလား။
                   Ⓜ️Ⓜ️Ⓜ️

"အခုဘယ်လိုလုပ်ကြမလဲ ဆောင်းဧကရီ၊ မင်းနဲ့ ငါ့ အတူနေကတည်းက ကလေးရလို့ မဖြစ်ပါဘူး ပြောခဲ့တယ် မဟုတ်လား"

ဆောင်း မျက်နှာပျက်ယွင်းစွာပင် ဦးဇေ အနားကို ချည်းကပ်ပြီး မျက်နှာငယ်လေးဖြင့်

"ဆောင်းလည်း အခုလိုဖြစ်လာမယ်လို့ ထင်မလား ဦးရယ်၊ အဟင့် ဆောင်း အခု ဘယ်လိုလုပ်ရမလဲ ဦးရယ်၊ ဆောင်း ဆောင်းမှာ ဦးရင်သွေးလေး ရှိနေပြီလေ"

ဦးမင်းဇေ တစ်ယောက် ဆောင်းဧကရီကို စိတ်ပျက်ဖွယ်ရာ ကြည့်ပြီး

"အခု ငါ့က ဘယ်လိုလုပ်ရမှာလဲ နှင်းကို ကွာပြီး မင်းကို ယူရမှာလား၊ အဟား ဒါကြီးက မဖြစ်နိုင်တာ မင်းလည်း သိနေတာပဲ၊ မင်း ကိစ္စ မင်းကြည့်ရှင်းလိုက်၊ ကလေးကို မွေးမယ် ဆိုလည်း လစဥ် ငါ့ထောက်ပံ့ပေးမယ်၊ မမွေးဘူးဆိုလည်း ဖျက်ချပစ်လိုက်"

"ဟင်"

သူမ အားကိုးယုံကြည်ခဲ့ရသည့် ယောကျာ်းထံမှ မိမိရင်သွေးအား ဖျက်ချလိုက်ဟု ပြောလိုက်သည့် အခါတွင်တော့ ဆောင်းဧကရီတစ်ယောက် သွေးပျက်မတက်တုန်လှုပ်ခြောက်ခြားခဲ့ရလေသည်။ ထိုကြောင့်ပင် သူမသည် ဇိုင်းအဏ္ဏဝါ ကို လက်ထပ်နိုင်ဖို့ အရေး ကြိုးစားရပေမည်။ သို့မှသာ သူမ ရင်သွေး ကလေးငယ်သည့် ဖခင် မေတ္တာရရှိမှာမဟုတ်လား။

တစ်ခုပဲ။ ထိုတစ်ခုက ဇိုင်းအဏ္ဏဝါနှင့် သူမသည့် ချစ်ကြိုက်ခဲ့သည့်က လွှဲ၍ ကိုယ်ဝန်ရလောက်သည့် အထိ ငြိစွန်းခဲ့ခြင်း မရှိသည့်ကြောင့် ဇိုင်းအဏ္ဏဝါကို လက်ထပ်နိုင်ဖို့ အရေးက ထင်သလောက် မလွယ်ကူနေပေ။ 

ဟူး~~~။

စိတ်ရှုပ်စွာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေလျှင် သူမ ရင်သွေးလေးအတွက် ဘဝကို ဘယ်လိုရပ်တည်ရမည်နည်း။ တွေးတောကာ ရင်အစုံက လှိုက်မောလာရလေသည်။
                         Ⓜ️Ⓜ️Ⓜ️

Zawgyi

Ⓜ️သစၥာသည့္သာကိုးကြယ္ရာⓂ️

Ⓜ️အပိုင္း ၁၄Ⓜ️

ရင္ဝကို ေဆာင့္ကန္ခံလိုက္ရသလို နာက်င္ခံစားလိုက္ရသည့္ ခံစားခ်က္ႀကီးက မိုး ရင္ကို မီးစႏွင့္ ထိုးေနသည့္ႏွယ္ ေလာင္ၿမိဳက္လာရေလသည္။

ဘာမွ နားမလည္သည့္ သမီးကိုက အစ  ထိပါးလာသည့္ကိုေတာ့ သူမ ၿငိမ္မေနခ်င္ခဲ့ေပ။ ဇိုင္းအဏၰဝါ ေမႊသည့္ မီးကို ဇိုင္းအဏၰဝါသာ ေျဖရွင္းရမည္မို႔ မိုး စိတ္ရိွတိုင္း ေပါက္ကြဲပစ္လိုက္ခ်င္မိေလသည္။   

"ကြၽီ"

"ဟင္"

တံခါးတြန္းဖြင့္သံ ၾကားသည့္ႏွင့္  တံခါးဝကို သူမ ၾကည့္မိေတာ့ ၫွင္းသိုးသိုး ပံုစံႏွင့္ အခန္းထဲဝင္လာေသာ ဇိုင္းအဏၰဝါကို ေတြ့လိုက္ရေလသည္။

"ရွင္ ရွင္ ဘာလာလုပ္တာလဲ"

အခန္းထဲေရာက္သည့္ႏွင့္  ေဒါသတႀကီး သူ႔ကို ေအာ္ေငါက္ရန္ ျပင္ေနေသာ မ်က္ႏွာေလးကို ေတြ့လိုက္ရေလသည္။

"ေမာင္"

"လာခဲ့ ရွင္"

"ဟာ"

အခန္းထဲကေန သူ႔ကို အၾကမ္းပတမ္း ဆြဲေခၚသြားေသာ သူမ။ ေဆးရံု၏ လူအျမင္ကြယ္ရာ ေရာက္သည့္ႏွင့္

"ရွင္ ဘာလာလုပ္တာလဲ"

စူးရဲေနေသာ သူမ မ်က္ဝန္းရဲ့ အၾကည့္ေတြေအာက္မွာေတာ့ သိမ္ငယ္ေနသူက ဇိုင္းအဏၰဝါ ျဖစ္သည္။

"ရွင္တို႔ ႏွစ္ေယာက္ ကြၽန္မတို႔သားမိကို ဘယ္ေလာက္ေတာင္ ဒုကၡေပးခ်င္ေနတာလဲဟင္၊ မေန့ကလည္း ရွင့္ ဟာမ ေရာက္လာၿပီး ေစာ္ေစာ္ကားကားေတြေျပာ၊ အခု အခုလည္း ရွင္က ထပ္လာၿပီး ဘာေတြ ေစာ္ကားဖို႔ စဥ္းစားေနေသးတာလဲဟမ္"

"မိုး တို႔ဆီ ေဆာင္းဧကရီေရာက္လာတာလား"

ဇိုင္း တအံ့တၾသေမးမိေတာ့ မိုး ႏႈတ္ခမ္းတစ္စံုကို မဲ့လိုက္ၿပီး

"ရွင့္ ဟာမဆိုမွ ဒီဟာမပဲ ရိွတာမဟုတ္လား၊ ရွင့္ရဲ့ ေနာက္မယားငယ္မက လာၿပီး ကြၽန္မ သမီးကို မာမီေလး ဘာညာ လာလုပ္ေနတာ အရွက္မရိွ၊ ၿပီးေတာ့ေျပာေသး သူ႔မွာ ရွင့္နဲ႔ ရတဲ့ ကိုယ္ဝန္ရိွေနပါၿပီတဲ့ အဟက္"

"ဘာ ကိုယ္ဝန္ ဟုတ္လား"

ဇိုင္း တုန္လႈပ္ေျခာက္ျခားစြာ ေမးလိုက္ေလလ်ွင္ မိုးက မရယ္မၿပံဳး မ်က္ႏွာထားျဖင့္  ေအးစက္စက္ပံုစံျဖင့္ သူ႔ကို ၾကည့္လိုက္ၿပီး

"ရွင့္ မယားကိုယ္ဝန္ကိုပဲ ဂရုစိုက္လိုက္၊ ကြၽန္မတို႔ သားမိဆီ ရွင္ ေနာက္တစ္ခါ မလာနဲ႔ ၊ ရွင့္ မ်က္ႏွာ ကြၽန္မ မျမင္ခ်င္ဘူး"

စကားအဆံုးတြင္  လွည့္ထြက္သြားေသာ မိုး ေက်ာျပင္ေလးမွာ တသိမ့္သိမ့္တုန္ရင္း ငိုေနသည့္က သိသာလြန္းေလသည္။

ေမာင္ ေတာင္းပန္ပါတယ္ မိုးရယ္၊ ေမာင္ မိုးကို ဒဏ္ရာေတြ ေပးခဲ့မိျပန္ၿပီ။

သူ႔ ကိုယ္တိုင္လည္း ရင္ထဲမွာ အေတာ္ေမာလ်ွစြာ ပင္ပန္းေနခဲ့ပါၿပီ။  ခ်စ္ရသူ၏ မ်က္ရည္ေတြကို ျမင္ရေလတိုင္း သူ႔ ႏွလံုးသားမွာ အေတာ္ပူေလာင္ရသလို  သူ႔ အမွားေတြအတြက္လည္း ေနာင္တရမိေလသည္။

အခုခ်ိန္မွာ သူမကို ေထြးေပြ့ႏွစ္သိမ့္ေပးခ်င္ေနမိေသာ္လည္း သူ႔ ၏ လက္ရိွအေျခအေနက ႏွစ္သိမ့္ဖို႔ရာမွ မျဖစ္ႏိုင္ေသးသည့္ အေျခအေနမဟုတ္ပါလား။
                   Ⓜ️Ⓜ️Ⓜ️

"အခုဘယ္လိုလုပ္ၾကမလဲ ေဆာင္းဧကရီ၊ မင္းနဲ႔ ငါ့ အတူေနကတည္းက ကေလးရလို႔ မျဖစ္ပါဘူး ေျပာခဲ့တယ္ မဟုတ္လား"

ေဆာင္း မ်က္ႏွာပ်က္ယြင္းစြာပင္ ၪီးေဇ အနားကို ခ်ည္းကပ္ၿပီး မ်က္ႏွာငယ္ေလးျဖင့္

"ေဆာင္းလည္း အခုလိုျဖစ္လာမယ္လို႔ ထင္မလား ၪီးရယ္၊ အဟင့္ ေဆာင္း အခု ဘယ္လိုလုပ္ရမလဲ ၪီးရယ္၊ ေဆာင္း ေဆာင္းမွာ ၪီးရင္ေသြးေလး ရိွေနၿပီေလ"

ၪီးမင္းေဇ တစ္ေယာက္ ေဆာင္းဧကရီကို စိတ္ပ်က္ဖြယ္ရာ ၾကည့္ၿပီး

"အခု ငါ့က ဘယ္လိုလုပ္ရမွာလဲ ႏွင္းကို ကြာၿပီး မင္းကို ယူရမွာလား၊ အဟား ဒါႀကီးက မျဖစ္ႏိုင္တာ မင္းလည္း သိေနတာပဲ၊ မင္း ကိစၥ မင္းၾကည့္ရွင္းလိုက္၊ ကေလးကို ေမြးမယ္ ဆိုလည္း လစဥ္ ငါ့ေထာက္ပံ့ေပးမယ္၊ မေမြးဘူးဆိုလည္း ဖ်က္ခ်ပစ္လိုက္"

"ဟင္"

သူမ အားကိုးယံုၾကည္ခဲ့ရသည့္ ေယာက်ာ္းထံမွ မိမိရင္ေသြးအား ဖ်က္ခ်လိုက္ဟု ေျပာလိုက္သည့္ အခါတြင္ေတာ့ ေဆာင္းဧကရီတစ္ေယာက္ ေသြးပ်က္မတက္တုန္လႈပ္ေျခာက္ျခားခဲ့ရေလသည္။ ထိုေၾကာင့္ပင္ သူမသည္ ဇိုင္းအဏၰဝါ ကို လက္ထပ္ႏိုင္ဖို႔ အေရး ႀကိဳးစားရေပမည္။ သို႔မွသာ သူမ ရင္ေသြး ကေလးငယ္သည့္ ဖခင္ ေမတၲာရရိွမွာမဟုတ္လား။

တစ္ခုပဲ။ ထိုတစ္ခုက ဇိုင္းအဏၰဝါႏွင့္ သူမသည့္ ခ်စ္ႀကိဳက္ခဲ့သည့္က လႊဲ၍ ကိုယ္ဝန္ရေလာက္သည့္ အထိ ၿငိစြန္းခဲ့ျခင္း မရိွသည့္ေၾကာင့္ ဇိုင္းအဏၰဝါကို လက္ထပ္ႏိုင္ဖို႔ အေရးက ထင္သေလာက္ မလြယ္ကူေနေပ။ 

ဟူး~~~။

စိတ္ရႈပ္စြာ ေလပူတစ္ခ်က္ကို မႈတ္ထုတ္လိုက္ေလလ်ွင္ သူမ ရင္ေသြးေလးအတြက္ ဘဝကို ဘယ္လိုရပ္တည္ရမည္နည္း။ ေတြးေတာကာ ရင္အစံုက လိႈက္ေမာလာရေလသည္။
                         Ⓜ️Ⓜ️Ⓜ️

Continue Reading

You'll Also Like

46.7K 1.6K 35
ဒီလောက်ဖြစ်နေတဲ့ဟာ... ယူပြီး ကလေးတပြွတ်ပြွတ် မွေးခိုင်းပြီး မီးဖိုချောင်ထဲထည့်ထားပစ်မယ်... စေတနာနဲ့မတန်တဲ့မိန်းမ... _____ ခင်ဗျား အဲ့ဒီလူကိုခုချိန်ထိ...
1.2M 96.2K 73
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
815K 15.7K 48
"ကျုပ်နားမလည်ဘူးကျုပ်ကဘာလို့ခင်ဗျားကြီးရဲ့မိန်းမလုပ်ရမှာလဲ" ဆောင်းနိုးမေ "ဘာလို့လဲဆို‌ေတာ့မင်းကိုကိုယ်အပိုင်ဝယ်လိုက်ပြီမို့လို‌့လေ" မင်းထက်ရာဇာ( or)A...
324K 44K 53
Note: This book is a hard slap in the face of those who believe book girls only fall for rich and wealthy characters. YUG AHLAWAT Yug Ahlawat, a 22-y...