ရန်ဖြစ်ပြီးတဲ့ ညကတည်းက ကြယ်လေးဟာ ဆောင်းဉီးလေးကို ရှောင်နေခဲ့သည်။ ဆောင်းဉီးလေးက သူကြယ်လေးကို အော် လိုက်မိတာကြောင့် ချော့ရန်တွေးလိုက်ပေမယ့် ။ သူ့ရဲ့ကြယ်လေးက တော့ သူ့ကို မုန်းသွားပီထင် ။
သူ့ရှေ့တောင်ပေါ်မလာတော့သည်။ ဆောင်းဉီးလေးက ကြယ်လေးသူ့ကို မမြင်ချင်လောက်အောင် တောင်မုန်းသွားတာ လားဟု တွေးကာသာ ဝမ်းနည်းနေတော့သည်။
*""""
" ချိုးအာ~..... ကျန်းမာရေး ဂရုစိုက်နော်....
အစားပုံမှန်စား... ပီးရင် ရှန့်ကတော် စကားကိုလဲ ..နားထောင်နော်...."
" ဟုတ်ကဲ့ပါ....ချိုးချိုး ဖာသာကြီးဆီ ခနခန လာလို့ရတယ်မလားဟင်...."
" ရတာပေါ့ ...ကလေးရယ်....ကျောင်းပိတ်ရက်တွေတိုင်း မျှော်နေမယ် ..."
"....."
ခုဆို ချိုးတင်းကျယ် ဂေဟာလေးကို စွန့်ခွာကာ သူ့မိဘ တွေနေတဲ့ ရှန်ဟိုင်း မြို့ကို လိုက်သွာူရတော့မည် ။ သို့သော် သူ့ကို အားရှင်းက နှုတ်ဆက်ခွင့်တောင်မပေး ။ မနေ့က တနေ့လုံးလဲ အာူရှင်းကို လိုက်ရှာ နေသေးတာ။ ဒါပေမယ့် ကြယ်ကလေးက ဆောင်းဉီးလေး မမြင်အောင် လုံအောင် ပုန်းနေခဲ့တော့ .....။
ညဘက် အခန်းထဲ ထိလိုက်သွားကာ ကြယ်ကလေးကို သွားရှာတော့လဲ ။ သူ့ကြယ်လေးက အိပ်နှင့်နေပီ ။ အိပ်ရေးဆတ်တဲ့ ကြယ်ကလေးကြောင့် ဆောင်းဉီးလေးက အဝေးကနေ ပဲ ကြည့်ကာ သူ့အဆောင်သူ ပြန်ခဲ့သည်။
သို့သော် အက်နေ့ည သန်းခေါင် ဆောင်းဉီးလေးရဲ့ ဘေးကို ကြယ်လေးရောက်လာသည် ကိုတော့ ဆောင်းဉီးလေးက မသိခဲ့ပါ။ ကြယ်လေးဟာ
အိပ်ပျော်နေတဲ့ ဆောငိးဉီးလေးရဲ့ လက်ကလေးကို တယုတယ ဆုပ်ကိုင်ပီး သူ့ရဲ့ ပါးပြင်မှာ အသာ အယာကပ်ကာ ဆောင်းဉီးလေးရဲ့ မျက်တောင်လေးတွေ ဖျာ ကျနေတဲ့ မျက်ဝန်းလေးကနေ နှတ်ခမ်း ဖူးဖူးလေးအထိ နာ"ကျင်"
မော်ဖူးနေခဲ့သည်။ မျက်ဝန်းတစုံမှ စီးကျလာသော မျက်ရည်စ တွေ ကိုသုတ်ဖို့ ရန်လဲ သူမအားပါ။ ကြယ်ကလေးဟာ ထိုအချိန်က မျက်တောင် တောင်မခတ်ခဲ့ချေ။ သူမျက်တောင် ခတ်လိုက်တဲ့ တစ် စက္ကန့်ဟာ သူ့တွက် ဆောင်းဉီးလေးရဲ့ မျက်နှာလေးကို ဒီလို တစိမ့် စိမ့်ကြည့် ဖို့
ကျန်ရှိနေတဲ့ အချိန်မို့
အလွန်တန်ဖိုးရှိသည် မဟုတ်လား ။ ကြည့်နေရင်း ဆောင်းဉီးလေးရဲ့ မျက်ဝန်းထောင့်မှ စီးကျလာတဲ့ မျက်ရည် တစ်စက် ကြောင့် အိပ်နေရင်းတောင် ငိုနေရတဲ့ထိ မိဘ တွေ နဲ့ ပြန်လိုက်သွားရမှာ ပျော်နေတာပဲ ဟု ကြယ်လေးက ထင်မိကာ
သူ့ရဲ့ ဆောင်းဉီးလေးရဲ့ မျက်ရည်စလေးကို လက်မ လေးနဲ့ ဖိကာ သုပ်ပေးလိုက်သည်။
အက်ည က ကြယ်ကလေးက မိုးလင်းခါ နီးမှ ဆောင်းဉီးလေး နား ထွက်သွားခဲ့သည်။
ကြယ်လေးက ဆောင်းဉီးလေးကိုဝမ်းမနည်းစေချင်ပါ။ သူသိတာပေါ့ သူ့ရဲ့ ဆောင်းဉီးလေးက နူး"ညံ့" နဲ့ သန်မာ ချင်ယောင်ဆောင် တတ်တဲ့ သူတယောက်ဆိုတာ ။ ဆောင်းဉီူလေးဘလောက်ထိ မိဘ မေတ္တာ တွေကို တခြားကလေးတွေ လို လိုချင်နေတာလဲ ဆိုတာ ကြယ်ကလေးထက်ဘသူ ပို ခံစားမိ မလဲ။
**
ကြယ်ကလေးဟာ ဆောင်းဉီးလေးကို သွားနှုတ်ဆက်ချင်ပါသော်လည်း သူမတတ်နိုင်
သူ့ကိုထားသွားတဲ့ ကိုကို့ ကို နည်း"တော့ စိတ်ဆိုးခွင့်ရှိတယ်မလား ။
ကားလေးဟာ မြင်ကွင်းထဲကနေ တဖြည်း"ပျောက်ကွယ် လို့နေလေ သည်။
ထိုမြင်ကွင်းကို မေဘယ် ပင်ကြီးရဲ့ နောက်မှာ ပုန်းပြီး ဟွမ်ရှင်းဟာ မျက်ရည်ရွဲလဲ နဲ့ တဆုံးကြည့်နေခဲ့သည်။ သူ့ရင်ထဲ ဘာတွေ ခံစားနေရလဲ
ဘလိုဖစ်နေလဲ ဆိုတာ သူကိုယ်တိုင်ပဲသိလိမ့်မည်။
" နာတယ်....................
...............
.ကျွန်တော့ရင်ဘယ်ဘက်ခြမ်းက..အရမ်းနာ တာပဲ ကိုကိုရယ်........"
_______________________________________
" ဟွားး..ရုံ?......ရုပ်ရည်ကတော့လျှောက်လွှာထဲက အတိုင်းပါပဲကော....အင်းး
ပညာအရည်အချင်း...............မဆိုးပါဘူး.."
"........"
ရှန့်ဖန်းဇီဝ နည်းပညာcompany !
ရှန်ဟိုင်းရဲ့ အ အောင်မြင်မူအများဆုံးနဲ့ အကြီးမားဆုံး နည်းပညာ တီထွင်နိုင်စွမ်းတွေ နဲ့ လူသားအရင်းအမြစ်အတွက် အထောက်အကူပြု ခေတိမှီ ဆေးဝါးထုတ်လုပ် ရေးနဲ့ နည်းပညာ ။ စက်ကိယာ ။ များထုတ်လုပ်ရာ နေရာ။ နိုင်ငံတကာရဲ့ ဆေးပညာ လောက မှာ အသုံးပြုနေတဲ့ ခေတ်မှီ ရောဂါရှာဖွေ ရေး စက်ကြိယာတွေ နဲ့ ကုသ ရေးပိုင်းက ဆေးဝါးတွေဟာ ရှန်ဖန်း က ထုတ်လုပ်တာဖြစ်တယ် ။
- ဉက္ကဌ ရှန့်ဖန့်ယွင် ( age 76 )
- ဒရိုက်တာ ကျန်းဟောက်မင် ( 50 )
- အမူ့ဆောင် ဒရိုက်တာ..( ? )..( ? )
- ရှန့်ဖန့်ယွင့် အတွင်းရေးမှူး!
ဟွား._____ ရုံ!!
____________________________________
" အတွင်းရေးမှူး ဟွား......."
" ရှီ့..."
" ....မီးခံသေတ္တာထဲက ဟာ ယူခဲ့ပါ...."
"......"
" လိုင်( လာ ) ....ဘသူမှ မရှိတုန်းလေး...."
"......."
ခြွမ် ( ခွက်ခြင်းရိုက်သံ )
ကျန်းမာရေးမကောင်းတဲ့ ရန့်ဖန်းရဲ့ ဉက္ကဌ ကြီးဟာ အရက်သောက်လို့မရ ပါသော်လဲ အတွင်းရေးမှူးဟွား နဲ့ သာဆို သောက်လေ့ ရှ်သည်။ အတွင်းရေးမှူးဟွာူနဲ့သာဆို စိတ်တွေက ပေါ့ပါးနေတတ်ပြီး ဘာမဆို အဆင်ပြေ" ြဖစ်နေသည်မှာ အံ့ဖွယ်ပင် ။
ဒီနှစ်တွေမှာလဲ ဟွားရုံရဲ့ ရွှေဉာဏ်တော် ဆူးရောက်မူကြောင့် ကုမ္မဏီ အတွင်း အကျင့်ဖြတ်ချ စားမူတွေ ဘူးပေါ်သလို ပေါ်လာခဲ့သည်။
ရှန့်ဖန့် ရဲ့ ဉက္ကဌ ရုံခန်းထဲက အရက်ဖွက် မီးခံ သေတ္တာ password /လျှိ့ဝှက် ဆွေးနွေးခန်း code နဲ့ 7.9 ထရီလီယမ် ရှိတဲ့ Us dollar 💵
တွေ နဲ့ ရွှေတုံးပေါင်း 678 တုံး / အရေးကြီး အချက်လက် တွေ/ သန်းချီတန် အောင် အရေးပါတဲ့ စာရွက်ပေါ်က လက်မှတ်တချက် တွေကဲ့သို့ ရင်းနှီးမြှုပ်နှံ မူ စာရွက်စာတန်းတွေပါ သိမ်းဆည်းရာ မီးအန္တရယ်နဲ့ အမျိုးမျိုးသော ဖောက်ထွင်းခံရခြင်း ဒဏ်ကို မမှူ့ သော နံရံ တံခါး
အာရုံလှည့်စားထားတဲ့ 3D desine ပုံရိပ်တွေ နဲ့ ဖွဲ့စည်းထားတဲ့ ဘဏ်နာ တိုက်ကြီး ရဲ့ ရှုပ်ထွေးတဲ့
Symbol တွေ sine တွေပါဝင်တဲ့ 17 လုံးရှိတဲ့ လျှိ့ ဝှက် code ကို သိရှိထားတဲ့သူမှာ ရှန့်ဖန်းရဲ့ ဉက္ကဌ အပြင် အတွင်းရေးမှူး ဟွား နှစ်ဉီးသာလျှင် သိသည် ။ ထို့ကဲ့ သို့ပင် ဟွားရုံဟာ ရှန့်ဖန်းဇီဝ နည်းပညာ အတွက် အရေးပါသူ တစ်ဉီးဖြစ်သည်။ ဉက္ကဌ ရှန့်ဖန့်ယွင်သည် အတွင်းရေးမှူး ဟွားကို အရေးပေးလွန်းသဖြင့် မလိုလားအပ်တဲ့ မနာလို ဝန်တိုမှူတွေ လဲ ပေါ်လာခဲ့သည် ။ ထိုသူကတော့ တခြားမဟုတ် ဉက္ကဌ ကြီးရဲ့ သမက် ဒရိုက်တာ
ကျန်း..ဟောက့်...မင်...!
" ပါး......"
" အင်း.....ထိုင် .......အတွင်းရေးမှူးဟွား ...သိမ်းလိုက်တော့ .."
"......"
ကျန်းဟောက်မင် သည် ရှန့်ဖန်းကို လက်ဝါးကြီးအုပ်ချင်သူတစ်ယောက်ဖြစ်ပြီး
သူ့ယောက်က ထီးဆီ မှ အထင်သေးခံရခြင်းတွေကိုသာ ခံရသူ ဖြစ်တာကြောင့် ယောက်ကထီးရဲ့ အရေးပေးမူကို ရနေတဲ့ ဟွားရုံကို မနာလိုစိတ်ဖြစ်လာခဲ့သည် ။ ကျန်းဟောက်မင် ရောက်သည် နှင့် ဟွားရုံ သည် တာဝန် ဝတ်တရားကို သိတတ်သူပီပီ ဉက္ကဌ ကြီးနှင့် ထိုင်နေရာမှ ထကာ ခေါင်းြငိမ့် အရိုအသေပေးလိုက်သော်လဲ တဖက်လူထံမှ ခပ်စောင်း" အကြည့်တစ်ချက်သာ ရလိုက်သည် ။ ထို့နောက် ခွက် သိမ်းကာ ဉက္ကဌ ဘေးတွင်ရပ်နေလိုက် သည် ။ နှင်းလိုအသားအရည်
ဆူးရှ သော မှင်သေ"မျက်ဝန်း တွေ နဲ့ ရှည်လျားတဲ့ ခြေတံ ရှည် တွေ နဲ့ uniform ပြည့်နဲ့ ဟွားရုံဟာ ကြည့်ကောင်းသည် ဆိုတာ ထက်ကိုးပိုသည်။
"..ပါ့း...."
" အင်း...."
"....ဒီတစ်ခေါက်ရှယ်ယာရှင် အစည်းအဝေးကို ရုတ်တရက်ကြီးဖြတ်သိမ်းလိုက်တာ ရှယ်ယာရှင်တွေကြား ဆူပူမူတွေကို ဖြစ်စေခဲ့တယ် ..
အက်တာ...ပါး အနေ နဲ့ ပြန်"
" ဟောက်မင် ဒီကိစ္စ နဲ့ ပတ်သတ်ပြီးငါ့မှာ ဘားမှ ပြောစရာ မရှိဘူး.... စီးပွားရေးလောကမှာ ..ဘယ်အခြေအနေ မှ မတည်ငြိမ်ဘူး ..ချက်ချင်းပြောင်းလဲ နိုင်တယ် ..ခုကိစ္စကလဲ အကြောင်းရင်းရှိတယ် ...နော် အက်လောက်ဆို ရပီမလား..."
" ဒါပေမယ့် ..ပါး ..ခုဟာက ဘားမှန်းမသိရဘဲ
ရာထူးအပ်နှင်းပွဲ ကို ပယ်ချ လိုက်တာ ..
ဟို ..ကျွန်တော် က ရှယ်ယာရှင်တွေ အုံကြွ လာမှာ ဆိုးလို့ပါ..."
" ........................အတွင်းရေးမှူးဟွား..? "
"....ရှီ့..."
" ဟောက်မင် ကို လိုက်ပို့လိုက်ပါ..........အိုက်ယိုးးးး"
" ...ဒါရိုက်တာကြီးကျန်း......ကြွပါ..."
"........."
ရှန့်ဖန်း ရဲ့ ဉက္ကဌ ဟာ သူ့ရဲ့ သမက်ကို ဒုဉက္ကဌ ရာထူးအပ်နှင်းရန် ရှယ်ယာရှင် များအစည်းအဝေးကို လုပ်ဆောင်ခဲ့သော်လည်း
ကျန်းဟောက့်မင် ၏ ပေကျင်းက ပုန်ကန်မူတွေကို အနည်းငယ် အနံ့ ရခဲ့ သည်မို့ ရုတ်ချည်းဆိုသလ်ု ဖြတ်သိမ်းခဲ့သည် ။ ဒါကို မကျေနပ် တဲ့ ကျန်းဟောက်မင်က ဘောင်လာကွပ်လေတော့သည်။
ဟွားရုံကို လိုင်ပို့လိုက်ပါဟုပြောကာ ထ သွားတဲ့ ဉက္ကဌ ကြီးကြောင့် ကျန်းဟောက့်မင် မျက်စိ မျက်နှာ ပျက်သွားသည် ။ လျှောက်လမ်းမှာလဲ
" အတွင်းရေးမှူးဟွားက ....တော်တာပဲ...
ရှေ့ရေးကို မြင်တယ်..."
"... .."
"...ခုခေတ်မှာ ပညာအရည်အချင်း အတွင်းရေးမှူးဟွားထက် သာတဲ့ သူတွေ တောင်..... အထက်လူကြီးရဲ့ အာရုံစိုက်မူကိုတောင် ရဖို့ မအိပ်မနေ ကြိုးစားနေရတာ......အတွင်းရေးမှူးဟွား..ရဲ့ နည်းလမ်းက ....ဘာများဖြစ်မလဲ နော်..."
" ဒါရိုက်တာကြီး မြှောက်ပင့်လွန်းနေပါပီ...."
"......"
ကျန်းဟောက့်မင် ရဲ့ ခပ်ပြာ" စကားကြောင့်
ရှေ့မှ ဟွားရုံက နောက်သို့ စောင်းငဲ့ကာ
သူ့ကို ချီးကျူးတယ်လို့ပဲ မှတ်တာကြောင့် ခပ်အေး အေး အပြုံးတချက်ပေးကာ ကျေးဇူးတင်စကားဆိုလိုက်သည် ။ တနည်းအားဖြင့် မထီ မဲ့မြင်ပြု ခံ လိုက်ရတဲ့ ကျန်းဟောက်မင် ရဲ့ မျက်လုံးတွေ ထဲမှာတော့ ဒေါသ မီးတွေ တောက်လောင် နေခဲ့သည် ။
____________________________________
Next day
ဒေါက်""( တံခါးခေါက်သံ )
" ဝင်ခဲ့.."
"...."
ဉက္ကဌကြီးရုံးခန်းထဲကို တံခါူမရှိဓားမရှိ ဝင်နိုင်ပါသော်လည်း ဟွားရုံသည် အမြဲ တံခါးခေါက်ပြီးမှသာဝင်သည် ။
အထဲရောက်သောအခါ ဉက္ကဌ ရန့်ဖန့်ယွင်က ဟွာူရုံကိုထိုင်စေပြီး ပေကျင်း ဘက် ကျန်းဟောက်မင့် ရဲ့ အနံ့ဆိုးအကြောင်း ကိုမေးမြန်းသည် ။ သို့သော် ဟွားရုံ အချို့ကို ထိန်ချန်ထားဟာ မဖြစ်စလောက် ကိစ္စရပ်လေးတွေကို သာ ပြောဖစ်သည် ။
Pov ( ခြေလှန်းတစ်လှန်းချင်းစီ တိုင်းတွက် ဉီးတည်ချက်ဟာ ရှိတယ်)
" အတွင်းရေးမှူး ဟွား....."
"....."
အရက်ပုလင်းများအား မီးခံသေတ္တာထဲ ဖြည့်နေသည့် ဟွားရုံကို ဉက္ကဌ ကြီးက စကားဆိုလာခဲ့သည်။ ထို့ကြောင့် ဟွားရုံ လုပ်လက်စ အလုပ်ကို အပြီးသတ်ကာ....ဉက္ကဌ ကြီးရှေ့ဝင်ထိုင်လိုက်သည်။
" .... မနက်ဖြန် ....စီမံခန့်ခွဲရေးနဲ့ ဆီစစ် ရေးပိုင်းအတွက် လက်ထောက် အလုပ်သင်တစ်ယောက် လာလိမ့်မယ် ....... သူ့ကို company ရဲ့ သဘောတရား နည်း" နဲ့ လိုအပ်တဲ့ ကိစ္စတွေကို အတွင်းရေးမှူး ဟွားကပဲ ... ဂရုစိုက်ပေးလိုက်ပါ..
သိပ့်တော့ ...အများကြီးမလိုပါဘူး...သူလဲ လိုအပ်တဲ့ ပညာရပ်တွေကို စည်းပူးပီးသားပါ ....
ဒါပေမယ့်.....လုပ်သက် အရ ခုမှ ဆိုတော့...အတွင်းရေးမှူးဟွားကပဲ ..သေချာလေး ဂရုစိုက်ပေးပါ....."
" ...စိတ်ချပါ..."
" ( န ) ....အတွင်းရေးမှူးဟွား အလုပ်ဆင်းတော့လေ......"
"..ရှီ့..."
ဟွားရုံ ရုံးဆင်းတာနဲ့ ကွန်ဒိုကို သာ တန်းပြန်ခဲ့သည်။ လမ်းတလျှောက်လဲ ဆောင်းဉီးအစ မှာ ရုတ်တရက် နှင်းကျ လာသည်မို့ တစ်နေရာရဲ့ အနက်ရှိုင်းဆုံး က အောင့်သက်" ။
ကားပါကင်မှာ ကားထိုးနေစဉ် back မှန်မှ မြင်လိုက်ရသော ပုံရိပ်ကလေးကြောင့် ဟွားရုံ မျက်လုံးတို့ ပြူးကျယ်သွားရသည် ။ သူ့ရဲ့ ဆောင်းဉီးလေးအထင် အမြန် ကားထဲက ထွက်ကာ လိုက်ရှာ မိသော်လဲ ....ထိုနို့နှစ်ရောင် ဆွယ်တာ နှင့် လူလေးဟာ မြင်ကွင်းထဲတွင် ပေါ်မလာတော့ ။
သူပဲ အမြင်မှားသည် ဆိုသည့် အတွေး
ဆောင်းဉီးလေးကို လွမ်းနေခဲ့လို့ လား ဆိုသည့် အတွေး လေးပဲ ဖြေသိမ့်တွေးကာ... အခန်းဆီသို့....
ဟွားရုံ အခန်းပြန်ရောက်တော့ ရေမိုးချိုးကာ ဒီနေ့ အိပ်ယာ စော စော ဝင်ခဲ့သည်။ သို့သော်
စောန က ကားပါကင်က ကျောပြင်လေးကို တွေးမိကာ ဆောင်းဉီးလေး ကို မြင်ယောင်လာတော့ ချက်ချင်းဆိုသလို ...မဖိတ်ခေါ်ဘဲမျက်ရည်တွေဟာ ဝဲတက်လာရသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်က သူ့ရဲ့ လုပ်ရပ်ကို နောင်တ ရခဲ့သည်။
ဆောင်းဉီးလေးဟာ ကျောင်းပိတ်ရက်တိုင်း ဂေဟာလေးဆီ လာလည်ပြီး မုန့်တွေ အရုပ်တွေ အမြဲ ဝေလေ့ ရှိသည် ။
ဆောင်းဉီးလေးဟာ ကြယ်လေးကြိုက်တဲ့ မုန့်ချို တွေကို သီးသန့် ဝယ်ပေးဖို့လဲ မမေ့ လျော့ခဲ့ပေ။
ဒါပေမဲ့လဲ ဆောင်းဉီးလေး လာတိုင်း ကြယ်လေးဟာ အမြဲ ပုန်းနေခဲ့သည်။ တဂယ်တော့ ကြယ်လေးက ဆောင်းဉီးလေးကို စိတ်ဆိုးနေတာပါ။
အက်လိုပြောလို့ ဆောင်းဉီးက မချော့ခဲ့ဘူးလားဆိုတော့လဲ သူ ချော့ဖို့ လိုက်ရှာပါတယ် ။ သိတယ်မလား ကြယ်လေးက ကိုးသူမလိုလားရင်
ဘသူမှ မတွေ့ နိုင်အောင် ပုန်းတတ်တော့ ။
ကြယ်လေးဟာ နေ့တိုင်း ဆောင်းဉီးလေးလာမယ့် ရက်တွေကို နံရံ တွေမှာ ခြစ်ပြီး ရေတွက်ကာ စောင့်တယ် ။ ဆောင်းဉီးလေးဟာလဲ ပိတ်ရက်တွေ မှာ ပုံမှန် ဂေဟာလေးဆီလာ လည်တယ် ။
တစ်နေ့မှာ တော့ ဆောင်းဉီးလေးဟာ ရောက်မလာခဲ့ပါဘူး။ ကြယ်လေးကတော့ တစ်နေကုန် တညလုံး မျှော်နေပေမယ့် အဲ့ဒီ့နှစ်က နွေဟာ သူ့အပေါ် ရက်စက်ခဲ့တယ် ။ ကြယ်လေး ဘလောက် ပင် စောင့်" ဆောင်းဉီးလေးဟာ ထိုနှစ်မှ စ၍ သူ့စီ ပြန်မလာခဲ့ပါ ။ ကြယ်ကလေးဟာ အရွယ်ရောက်တော့ ဘဝ ကို တစ်ယောက်ထဲ လောက ကြီးရဲ့ အလည် ပါးနပ်စွာ ရုန်းကန်ခဲ့တယ် ။
သူ ပိုက်စံ ရှိချင်တယ် ။ သူ ရာထူးရှိချင်တယ်။
အသက် ၁၇ က စပြီး လူတွေရဲ့ မတူရင်မတူသလို မတန်ရင် မတန်သလို ဆက်ဆံ ခံရမူတွေ
ဘယ်နေရာမှာမဆို အရည်အချင်းထက် မိဘ နောက်ခံက ပိုအရေးကြီးနေတာတွေ
မထင်ရင် မထင်သလို လူရှေ့သူရှေ့ ဒေါက်ဖြုတ်
တတ်တဲ့ လူတွေ
သူ လောကဓံ တရားကြီးရဲ့ ရိုက်ခတ်မူတွေကို ကောင်း" ခံ ခဲ့ရလေပြီ။ ပညာရေးတစ်ခုတည်းကြိုးစားရုံသာမက စားဝတ်နေရေးပါ ရုံးကန်ရတဲ့ သူ့အတွက် ဘာသာရပ်တိုင်းအတွက် အမှတ်တွေဟာ ပြည့်ဝ နေပါသော်လည်း ငွေကြေးမတတ်နိုင်မူကြောင့် ကောင်း"မွန်"တက္က သိုလ် မတက်ခဲ့ရပေ ။
ကြယ်လေးဟာ ဒီလို ဘဝ ကို ခက်"ခဲ"ရုန်ူကန်းနေရသော်လည်း ဆောင်းဉီးလေးကို ရှာဖွေ ခဲ့ပါ သေးသည်။ သို့သော် ယနေ့ ထိ ဆောင်းဉီးလေးရဲ့ အစ အန တောင် မရခဲ့ ။
___________________
"..အားရှန့်......မားကသားအရမ်းလွမ်းနေပြီ...
မားခုလာခဲ့ကမလား....."
"....မလာပါနဲ့ မားရယ်.....ကျွန်တော် မနက်ကျ လာမှာပဲ ကို.........ဒါပဲနော် မား...ကျွန်တော် ပင်ပန်းလာလို့...နားတော့မယ်...ဘိုင့်.....ယွင်ကျဲ.."
တီ ( ဖုန်းချသံ)
** ဟူးး**
ရှန့်ရှောက်ယို တစ်ယောက် ရေခြား မြေခြားက နေ ကိုယ့် နိုင်ငံ ကို ပြန်ရောက်သည်နှင့် ကြိုစီစဉ်ထားတဲ့ ကွန်ဒိုကိုပဲ လာခဲ့သည်။ ရှန့်မာမား က အိပ်ပြန်လာဖို့ ပြောနေသော်လည်း သူမပြန်ချင်ပါ။ သူတစ်ယောက်ထဲပဲ လွတ်"လပ်"နေချင်သည်။ ထို့ကြောင့် မနက်မှ သာ စော" ထပြီး အလုပ်မသွားရင် ဝင်ချော့ရမည်။
_____________________________________
ဟွားရုံ uniform ပြည့်ဝတ်ဆင်ပြီးစီးသော်
အလုပ်သွားရင် ကားပါကင်ကို ဆင်းလာခဲ့သည်။
ထို့နောက် ....မနေ့က လူ....နောက်ကျောလေးသာ မြင်သော်လည်း မနေ့က သူဆိုတာ သူအတပ်မှတ်မိသည်။ ဘာလို့ဆို ထိုလူ့ရဲ့ လက်ကောက်ဝတ်က ပုတီးလုံး လက်ပတ်ကလေး။ ဟွား ရုံ စက်ဘီးလေးနင်းကာ ထွက် သွားသည့် သူ့နောက် ကားထုတ်ကာ အမြန်လိုက်ရတော့သည် ။ ကွန်ဒိုရဲ့ ဘေး လမ်းဘက်ကို ကွေ့သွားသောကြောင့် ဟွားရုံရဲ့ ကားလေးလဲ လိုက်ကွေ့လိုက်သည်။ ချုပ်တည်းကာ မရတော့တဲ့ စိတ်အစုံ ကြောင့် အရှိန် နှင့် မောင်းကာ ထိုလူ့ စက်ဘီးရှေ့တွင် ထိုးရပ်လိုက်သည် ။
" အ့!!....."
"........."
ရုတ်တရက်ရှေ့တွင် ကားကြီးတစ်စီးလုံးဝင်လာသည်ကြောင့် လန့်သွားသည်ထင် စက်ဘီးကလေးမှောက်သွားကာ ...ကားထဲကဟွားရုံကတော့ သူ့ရှေ့က လူကြောင့် နှစ်စက္ကန့်လောက် အံ့ဩမှင်သက်သွားရသည်။ ထို့နောက် ချက်ချင်းဆိုသလို နှလုံးသားရဲ့ တစ်နေရာက တကြော်" အော် လာခဲ့သည့် နာမည်လေးဆီ အပြေးသွားတော့သည် ။
သူ့ကို မြင်သည်နှင့် ပွန်းသွားတဲ့ ဒူးလေးကို ကိုင်ကာ ထိုင်လျက်သာ လူက
".....မင်း!!!......ကားကိုဘလို တောင်မောင်းနေတာလဲ ဟမ်!!!......."
".....( ချိုး...ချိုးချိုး)."
" ဒီမှာ" !!....လူတစ်ယောက်လုံးဒီလိုခြေနေ ဖြစ်နေတာကိုမင်းကကြည့်နေတယ်ပေါ့!!...မင်းကြောင့်ဖြစ်တာနော်.....လူကြည့်တော့ လူကြီးလူကောင်းပုံစံနဲ့!!!!!...."
"........."
ဟွားရုံ ထို့လူ့အနားရောက်သည်နှင့် ပိုလို့ ပိုလို့ ပင် အံ့ဩ ရသည် ။ သူ့ ဆောင်းဉီးလေးမှ သူ့ဆောင်းဉီးလေး အစစ်ရယ်ပါ။ ဟွားရုံရဲ့ ဉီးနောက်ထဲမှာတော့ ထိုရှေ့က လူသားကြောင့် ဘလာကျင်းဖြစ်နေကာ အရာအားလုံးကိုမေ့နေသည်မို့ ကြောင်အန်း အန်း ရပ်နေတာကို ရှောက်ယိုက တလွဲကောက်ကာ နှုတ်ခမ်းလေးထထော်" ဖြင့် မျက်ခုံးလေးတွေ ကို တွန့်ချိုးပြီး ခပ်စပ်စပ်ကလေး အော်နေတော့သည်။ ရှန့်ရှောက်ယ်ု တို့ အော် ပေးလိုက်မှ အသိစိတ်ကပ်လာပါသော ဟွားရုံက ထိုအခါမှ ရှေ့က လူသားလေးကို ထူကာ အနီးရှိ
mini market ထဲတွင် ဆေးထည့်ကာ ပလာစတာ ကပ်ပေးလိုက်သည်။ ဒါတောင် ထိုလူသားလေးက ကပ်ပေးနေတုန်းလူကသာ အငြိမ်နေပါသော်လည်း ပါးစပ်ကလေးမှာတော့ အငြိမ်မနေ
" မင်းကို ဘသူကများ ကားမောင်း လိုင်စင်ထုတ်ပေးလိုက်တာလဲ......ပရမ်းပတာနဲ့..."
"......ဆေးခန်းသွားမယ်...."
" ငါယောကျား....အဲ့လောက်ထိမလိုဘူး..ဖယ်.!!"
ရောက်ကတည်းက ဆေးခန်းချည်သွားဖို့ပြောနေတဲ့ ဟွားရုံ တစ်ယောက်ကြောင့် ရှန့်ရှောက်ယို ဒီမဖစ်စလောက်အနာလေးကို အကြီးအကျယ် လုပ်နေတဲ့ သူ့ကို ထပ်အော်လိုက်ကာ သူ့ဒူးပေါ်က လက်ကို ဖယ်လိုက်သည်။ ဟွားရုံတစ်ယောက်ကတော့ သူ့ရဲ့ ဆောင်းဉီးလေးကို ထိခိုက်မူ တစ်ခုလေးတောင် မဖြစ်စေလိုတာကြောင့် သူ့ကိုယ်သူ စိတ်လောမိတာကို အပြစ်တင်နေသည်။
ထပြန်တော့မည့်ဟန်ပြင်နေသည့် ဆောင်းဉီးလေးက ချက်ချင်း ပင်
" ခြေထောက်က ဒဏ်ရာ နဲ့ ဆိုတော့..ကျွန်တော် လိုက်ပို့ရမလား...."
" ရတယ်...."
" လာ ...ကျွန်တော် ပို့ပေးမယ်..."
" ဟင့်?!!..."
ရှောက်ယို အဖြေတောင် မပေးရသေးပါပဲ လက်ကောက်ဝတ်ကို ဆတ်ကနဲဆွဲကာ သွားသည်ကြောင့် အင့်ကတည်းပါသွားတော့သည်။
ဟွားရုံက သူ့ရဲ့ ဆောင်းဉီးလေးက သူနဲ့ တစ်မိုးအောက်ထဲမှာ ဖြစ်တာကြောင့် အရမ်းကို ဝမ်းသာနေခဲ့သည်။
" မင်း!!!...ဒါပိုလွန်းနေပီ မဟုတ်လား...ဘာလဲ ရွဲ့နေတာလားမင်း!...."
" မဟုတ်ပါဘူး...ကျွန်တော်က .ခများနာေနမှာဆိုးလို့..."
" စောန တုန်းကတော့..လူကို မသေရုံတမယ်ဆွဲလာပြီး..."
"...."
" ရပြီ" ဖယ်...ငါ့ဘာငါပြန်မယ်..."
"...ဟို"
" ဘာလဲ.."
" နာမည်?.."
" ရှန့်ရှောက်ယို....မင်းက...."
" ဟွမ...........................ဟွားရုံ......
ကျွန်တော့်နာမည် ဟွားရုံပါ.."
ကွန်ဒိုရောက်တော့ ကားစက်ရပ်ပြီး
ကားတံခါးဖွင့်ကာ ဟွားရုံက ရှန့်ရှောက်ယို က ပွေ့ရန်ပြင်တော့ အလိုမကျသည့်ဟန်ဖြင့် အော်ပြန်သည်။ ရှန့်ရှောက်ယို အော်လဲ အော်ချင်စရာပင် သူက မိန်းခလေးမဟုတ် ယောကျားလေး မဟုတ်ပါလား။ ကားပါကင်မှ စ ၍ သူ့ဘာသူ အခန်းထဲ ပြန်ခဲ့သည်။
ကျန်ခဲ့သူဟွားရုံကတော့ သူ့ရဲ့ အိုအေစစ် ကလေးကို ပြန်တွေ့ခဲ့ပြီ ။