Unicode
လေဆိပ်ထဲမှာ လူတွေတရုန်းရုန်းဖြစ်နေတဲ့ကြားကနေ လွယ်အိတ်ကအစ ဦးထုပ် mask တို့နဲ့
တစ်ကိုယ်လုံးလုံခြုံနေအောင်ဝတ်စားထားသော်လည်း လေးထောင့်မျက်မှန်ထူထူအောက်က မျက်လုံးတွေက သူဘယ်သူပါဆိုတာကိုတော့
ဖုံးကွယ်နိုင်စွမ်းမရှိ ။" စိတ်ကမပြတ် မပြတ်နဲ့ ခိုးပြီးပြန်လာတာ
သုံးကြိမ်ရှိပြီနော် နင် "ပွစိပွစိနဲ့ အပြောခံရသည့်အပြင် လည်ဂုတ်ကိုတစ်ချက်အချခံလိုက်ရသည် ။
" ကုသမှုလုပ်နေရင်ပြီးရောမလား ။ ငါမနက်ဖြန်ညပဲပြန်မှာကို ဂူချန်းရဲ့ "
" ဂျုံဆောင်းသိရင်ဆူအုံးမယ် "
" ဘယ်တတ်နိုင်မလည်း အဆူခံရုံပေါ့ "
" ရှင်းမ်ဂျယ်ယွန်းသတ္တိသိပ်ကောင်းနေတယ်
ပေါ့ "စကားတပြောပြောနဲ့ လေဆိပ်ကားပါကင်ကိုဆင်းလာတာနဲ့ နောက်ကနေ ရုတ်တရက်အသံထွက်လာလို့ ရင်ဘတ်ကိုပါဖိထားမိသည် ။
" ဟဲဟဲ ချစ်သူငယ်ချင်းလေး ဂျုံဆောင်းကလည်း "
Mask ချွတ်ပြီးသွားဖြဲပြလိုက်တော့ နားရင်းကိုမနာအောင်အုပ်ခံလိုက်ရသည် ။
" အခုဘယ်သွားမှာလည်း အိမ်လား ? တစ်ခုခုသွားစားကြမလား "
ဂူချန်းကကြားဖြတ်မေးတော့ ဂျုံဆောင်းကလည်း မင်းသဘောဆိုပြီး မေးငေါ့ပြသည်။
ဩဇီကနေခိုးပြန်လာတိုင်း အမြဲတမ်းသတိရနေရတဲ့လူဆီမဟုတ်ရင်တောင် အဲ့လူနဲ့အမှတ်တရတွေရှိခဲ့တဲ့နေရာတွေတော့ ပြန်သွားဖြစ်သည် ။" ဆောင်းဟွန်း .. ဘယ်လိုလည်း "
" ကောင်းကောင်းနေနေပါတယ် ရယ်ရယ်မောမောနဲ့ အပေါင်းအသင်းလည်းပေါနေပြီအခု "
ပြောင်းလဲဖို့အတွက်ရှစ်လဆိုတာတကယ်လုံလောက်ပါတယ်လေ ။ အဆင်ပြေနေတယ်ဆိုတဲ့စကားကြောင့် ပြုံးလိုက်မိပြန်သည် ။
ရှစ်လအတွင်းကိုရီးယားကို သုံးကြိမ်ပြန်လာပေမဲ့
သတင်းသာကြားပြီး အမှတ်တရတွေကိုယ့်ဘာသာတူးရင်း ဩဇီပြန်သွားရစမြဲ

YOU ARE READING
STORYTIME [SUNGJAKE ] ?
FanfictionI'll complete your story that filled with nightmares -Jake,Sim Start : nov 16 2020 End : march 24 2021