抖阴社区

?4?

1.5K 239 7
                                        

Unicode



"နေမကောင်းများဖြစ်သွားတာလား "

အတန်းခေါင်းဆောင်ကျောင်းမလာဘူးဆိုပြီး
တွဲဖက်အတန်းခေါင်းဆောင်ဆိုတဲ့ကောင်မလေးကပြောသည် ။ မနေ့က အအေးမိနေတာကို မိုးရေထဲသွားထားတာကိုး ။

အတန်းကမစသေးတော့ ကိုယ်တိုင်လည်း စာထိုင်လုပ်နေရုံမှတစ်ပါးမရှိ ။

" ပတ်ဆောင်းဟွန်းနော် ဒီက? "

ခုနကတွဲဖက်အတန်းခေါင်းဆောင်ကောင်မလေးကစကားလာပြောတာကြောင့် တစ်ချက်မော့ကြည့်လိုက်သည် ။

ပြီးတော့ ခေါင်းပဲအသာငြိမ့်ပြလိုက်သည်။
မလိုအပ်ရင်စကားမပြောချင်ဘူး ။

" မနေ့က ဂျယ်ယွန်းနဲ့အတူတူထွက်သွားတာမြင်လိုက်တယ် ။ တစ်ယောက်တည်းပဲနေတတ်တယ်လို့ထင်ထားတာ နောက်ဆုံးတော့လည်း သူ့လက်ကမလွတ်ပါလား "

" ဟမ် "

" ဒီအတန်းထဲမှာရှိတဲ့ သုံးပုံတစ်ပုံကလည်း
နင့်လိုပဲ ။ စာမဟုတ်ရင်ကျန်တာစိတ်မဝင်စားတဲ့လူမျိုးတွေ

တစ်နည်းအားဖြင့် Introverted တွေလို့ပြောရမလား ။

အကုန်လုံးကိုဂျယ်ယွန်းကပုံစံပြောင်းပေးထားတာ အဲ့လိုပဲပြောရမှာပေါ့ ။ မစဉ်းစားမိဘူးလား ? ဘယ်ကျောင်းက A ခန်းကျောင်းသားတွေ ဒီလောက်ဆော့လို့လည်း "

နောက်ဆုံးတစ်ခွန်းကြောင့် ခိုးရယ်လိုက်မိပါသည် ။ လူသာသေးတာ အရည်အချင်းတော့ရှိပုံပါပဲ ဂျယ်ယွန်းက ။ ပြီးတော့ ကိုယ်က Introvert နဲ့များတူနေလား ? မသိရင် ဆိုက်ကိုတစ်ပိုင်းပါပဲ တစ်ဆင့်လျော့ပြီးထင်ပေးတာတောင်ကျေးဇူးတင်ရမယ် ။
တချက် အဲ့ကောင်မလေးနာမည်ကဒ်ကိုကြည့်လိုက်မိတော့

~ 구찬영 ( Goo ChanYoung ) ~

ဂျယ်ယွန်းက အပေါင်းအသင်းပေါတဲ့ပုံပါ ။
အဲ့လိုတွေးမိပြန်တော့လည်း မနေ့က အတည်တကျအဖော်မရှိဘူးဆိုတဲ့စကားက နားထဲဝင်လာပြန်ရော

" ဒါနဲ့ ဂျယ်ယွန်းရဲ့ သူငယ်ချင်းပေါ့ "

" ဆောင်းဟွန်းနီးက သူငယ်ချင်းလို့ထင်တာလား"

STORYTIME [SUNGJAKE ] ?Where stories live. Discover now