"နောင်နောင်ထွန်း.. နောင်နောင်ထွန်း.. မင်း အတွေးလွန်နေပြီ"
"ကျောင်းပေါက်က မျက်လုံးတွေကို မင်းမမြင်လို့နော်၊ ကြောက်စရာကြီး"
"ငါမြင်ရင် ချစ်စရာကြီးဖြစ်ချင်ဖြစ်နေမှာ"
"ပြောရမလည်း လုပ်ဟေ့၊ ဒါနဲ့ မင်းရည်းစားတွေကို ဖြတ်မှာလား"
"ငါက သီပေါမင်းလား၊ မင်းတုန်းမင်းကွ"
သိက္ခာကျမှာစိုးလို့သာ နောင်နောင်ထွန်းကို အမောက်ထောင်ပြလိုက်ရတယ်၊ တကယ်တော့ ရွှေနေညို့ကို သူတွဲသမျှ ကောင်မလေးတွေထက် ကြိုက်သည်။ ထွဋ်ဘုဏ်းရှိန်က ရိုးရိုးယဉ်ယဉ်နဲ့ ဂျစ်ကန်ကန် ရောစပ်ထားတဲ့ပုံစံကို သဘောကျတယ်ထင်ပါရဲ့။ ရွှေနေညိုကို တမ်းတမ်းစွဲမိနေပြီ။
ဒေါသထွက်တိုင်း ပြောင်းလဲသွားတဲ့ ခပ်ဩဩလေသံလေးကိုလည်း ကြိုက်တယ်။ သူများတွေလို ကောက်ကြောင်းမရှိပေမဲ့ ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကိုယ်လေးကိုလည်း ကြိုက်တယ်။ မနူးမနပ်ချက်ထားတဲ့ အသားဟင်းတစ်ခွက်လို မာဆတ်ဆတ် မျက်နှာလေးကိုလည်း ကြိုက်တယ်။
"ငါတော့ မျက်ခုံးလှုပ်တယ် ဟဲ့ရောင်ရေ၊ စောက်သဲကွဲမလာပါစေနဲ့လို့ ဆုတောင်းပေးတယ်၊ သွားတော့မယ်"
"ဘယ်လဲ"
"ငါ့ကောင်မလေးဆီ"
"ဒါဆို ငါလည်းသွားတော့မယ်"
"ဘယ်လဲ"
"ငါ့ကောင်မလေးဆီလေ"
"ဘယ်တစ်ယောက်လဲ"
"ဒီခွေးကောင်"
နောင်နောင်ထွန်းကို အဝထိုင်ဆဲပြီးမှ ရှိုးထုတ်ဖို့ အင်္ကျီရွေးရသည်။ လူကြီးဆန်အောင်လို့ အဖြူရောင်ဝတ်ပြီး ဆံပင်ကိုပါ ဂျယ်လူးသည်။ အချိန်တန် အသံကြားချင်တဲ့ မမချောတွေရဲ့ ဖုန်းနံပါတ်လေးများကို အမဲစာရင်းထဲ ခေတ္တထည့်သွင်းရသည်။ ရွှေနေညို့ကို သွားမချောင်းခင် လက်ဆောင်ဘူး သွားယူရဦးမည်။ ရည်းအမျိုးသားကောင်းပီပီ ပိုးကြေးပန်းကြေးလေးတော့ပါမှ။
"အစ်မ ကျွန်တော်မှာထားတာရပြီလား"
"ရပြီ မောင်လေး၊ ပစ္စည်းတစ်ချက်လောက် စစ်ပေးပါဦး"

YOU ARE READING
4.???????????? / ???????????? (Completed)
Romance???????????? ????????????????? ????????? ???????????????????? ????????? ???????????? (10.10.2021 - 2.01.2022) ???????????? ???????????????? ????????? ???????????????????? ????????? ????????????
Kae-9 / EP-18
Start from the beginning