抖阴社区

Lay-8 / EP-33

2.5K 168 209
                                        

(Unicode)

နေရောင်မလာခင် ကြိုကာလင်းနှင့်တဲ့ မနက်ခင်း..။ နာရီလက်တံတိုလေးက ခြောက်ဂဏန်းကို သွားချင်နေပြီ၊ အရှည်လေးက ငါးကနေမရွေ့သလိုပဲ။ ပြောရရင် မနက်ခြောက်နာရီထိုးတော့မည်။ နေ ပြန်မလာသေးပါ၊ ကျန်ခဲ့သူ မောင်ကြီးလည်း တစ်ရေးမှမအိပ်ရသေး..။ ငိုလိုက်ယိုလိုက်၊ စာစီလိုက်နဲ့တင် တစ်မိုးလင်းရသည်။ ဝုန်းဆိုဒိုင်းတတ်တဲ့ ထွဋ်ဘုဏ်းရှိန်လေး တကယ်ဒိုင်းတော့မယ် ထင်ပါရဲ့။

"နေဦး ဖျားပြီလား!! ကျစ် နှာတောင်မချေဘူး! ဖျားလိုက်ပါတော့ဟ"

ကိုယ်ပူရင် နေစိတ်ပူပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲယားကွန်းရှေ့ တစ်ညလုံးနေတာတောင် ဒေါင်ဒေါင်မြည်ကောင်က ကြံ့ကြံ့ကိုခိုင်လို့..။ သနားစရာကောင်းအောင် မနေပြတတ်တော့လည်း ခက်တယ်။

"ဒီတိုင်းမျက်နှာငယ်လေးနဲ့ ဒူးထောက်လိုက်ရမလား၊ နေက သနားပါ့မလား"

အကြံထွက်မလာတဲ့အဆုံး ဘော်ဒါကောင်ကိုပဲ လှမ်းဆက်အော်ရသည်။ နောင်နောင်ထွန်းက စိတ်ပုံမှန်ဆိုတော့ အကြံတစ်ခုခုပေးနိုင်မှာပါ။ ဆရာသမားက တစ်ခေါက်နဲ့ ဖုန်းမကိုင်။ ထွဋ်ဘုဏ်းရှိန် ငါးကြိမ်လောက်ဆက်တိုက်ခေါ်သည်။ ခြောက်ကြိမ်မြောက်မှ..

"ဟာ ဘီယာဆိုင်ပိုင်ရယ်.. ဒါ လူသေချိန်ဆိုတာ နားမလည်ဘူးလား!"

"နောင်နောင်ထွန်း ငါ ပြဿနာတက်ပြီ"

"အမ် ဘာဖြစ်လို့လဲ ငထွဋ်.."

"နေ.. အိမ်ပေါ်က ဆင်းသွားပြီ၊ ကယ်ပါဦး!!!"

"ဟ မင်းဘာသွားလုပ်လို့တုန်း"

ထွဋ်ဘုဏ်းရှိန် အစအဆုံးရှင်းပြလိုက်သည်။ အဖေ ချောက်တွန်းတာကအစ နေ အထင်လွဲသွားတာအဆုံး..။ နည်းနည်းပါးပါး အသံကျယ်မိလိုက်တာလေးလည်း ပြောပြရသေးသည်။ နေသာ ပြန်မလာဘူးဆိုရင် ထွဋ်ဘုဏ်းရှိန် ခွေးလုံးလုံးဖြစ်မှာ၊ ဒါတောင်မှ ပိုင်ရှင်မဲ့ခွေး..။

"ဟမ် ခွေးဝဲစား၊ ခံလေ နည်းတောင်နည်းသေးတယ်၊ အဲ့တာ ငါ့ကို ကျောင်းစုတ်မှာ အထီးကျန်အောင် ထားခဲ့လို့ဖြစ်တာ၊ မနေညို များများပြောပေးရမှာ"

4.???????????? / ???????????? (Completed)Where stories live. Discover now