抖阴社区

Part-4

6.6K 403 16
                                    

1လရှိပြီ အဖုန်းတစ်ယောက်ထိုနေ့ကကောင်မလေးအကြောင်းလဲ မတွေးမိတော့ပေ ဖင်ထဲ၀င်တော့မည့်စာမေးပွဲကြောင့် စာသာဖင်ကုန်းလုပ်နေမိသည်

"များလိုက်တဲ့စာတွေ သေတောင်သေချင်စိတ်ပေါက်တယ် ဟွန်းးး"

" ပွစိပွစိလုပ်မနေနဲ့ စာမေးပွဲမှာအဆင့်မကောင်းလို့ကတော့နော် ဟင်းးးဟင်းးး အိမ်ထဲကအိမ်ပြင်ထွက်ခွင့်ပိတ်ပလိုက်မယ်"

ချစ်ရတဲ့ မာတာမိခင်ကြီးရဲ့ကြိမ်းမောင်းမှုမှာ
ကြောက်ဖို့ကောင်းလှသည်

အိမ်မကပ်သော ရှင်ဖုန်းတစ်ယောက် ကြောက်ကြောက်နှင့် စာသာအသေလုပ်နေမိသည်

အဆင့်မကောင်းရင် အခြေအနေ မအိုကေဘူးလေ ဟိ!")

****

ဒီနေ့ပိတ်ရက်မို့ ရွှေအိမ်စံတစ်ယောက် အိပ်ကောင်းခြင်းနှင့်သာအိပ်နေမိသည်

ညဆို၂နာရီလောက်မှအိပ်တတ်သည့်အကျင့်ကြောင့် အလုပ်ဖွင့်ရက်ဆိုလျှင် ကောင်းကောင်းမအိပ်ရပါ

ဒီနေ့ပိတ်ရက်မို့ အိပ်မည်ဟုကြံထားပါသည်

ဒါပေမဲ့....အဲ့အချိန်ထမည်လာတဲ့ဖုန်းကြောင့် စိတ်ညစ်သွားရသည်

"ဟလို"
အိပ်ချင်မူတူးအသံဖြင့်သာ ဖုန်းကောက်ကိုင်လိုက်သည်

"ဟလို လမင်းမနိုးသေးဘူးလား"

"အော် ခေတ် အင်း အခုနိုးပါပြီ ပြောလေ"

"အော်အေ မနက်ဖြန် မနက်စောစော ဘုရားသွားမလို့ အဲ့တာ လိုက်မလားလို့ လှမ်းမေးတာ"

"အော်‌ အင်း လိုက်မယ်လေ"

"အင်းအင်း ပြီးရော"

"အင်း"
ဖုန်းပြန်ချလိုက်သည်

မနက်ဖြန်မှကိစ္စ မနက်အစောရီးဖုန်းဆက်ပြောစရာလိုလို့လား ခေတ်မုဒြာရယ် ဟင်းးးး

အိပ်မရတဲ့အတူတူ ထလိုက်တော့သည်

မျက်နှာသစ်ပြီး မနက်စာစားကာ အပြင်ခဏထွက်ဖို့ပြင်လိုက်တယ်

"ဘယ်သွားမလို့လဲ သမီး"

"အပြင်ခဏသွားမလို့ အမေ"

??????????(Complete)Where stories live. Discover now